A Sweven Elegy from Nature - Chapter (19)

 Unicode


အခန်း (၁၉)


နေသန်ကိုယ့်လက်တွေကိုယ်အနွေးပေးရင်းထွက်မလာသေးတဲ့သူ့ရဲ့ချစ်သူလေးအားမျှော်နေမိသည်။သိပ်တော့အေးနေတာကြီးမဟုတ်ပေမယ့်Giethoornရှိရာသီဥတုကဆောင်းဘက်ကိုရောက်တာများသည်။ထို့ကြောင့်ဂရုစိုက်ရသည်မဟုတ်လျှင်လွယ်လွယ်ကူကူအဖျားပိုးဝင်တတ်၏။


ချလက်။


တံခါးပွင့်လာပြီးထွက်လာတဲ့ကောင်လေးကိုနေသန်မျှော်ကာကြည့်လိုက်သည်။စင်သီယာကိုယ်တိုင်ဝယ်ပေးထားတဲ့အင်္ကျီတွေကိုဝတ်ဆင်လို့ထားကာလည်စီးအဖြူရောင်လေးကိုတော့ဖြင့်ပုခုံးထက်ဝယ်ရစ်နှောင်လို့ထားပြီးအပြာရောင်ခပ်ဖျော့ဖျော့အနွေးထည်နှင့်အဖြူရောင်ဘောင်းဘီရှည်တို့ကသူ့ကိုယ်အထက်လိုက်ဖက်စွာတည်ရှိလို့နေသည်။ဆံပင်နက်ညိုရောင်ခပ်ဖွဖွာလေးတွေကတော့ဖြင့်ကောင်လေးနဖူးထက်ဝဲကျလို့။


Quကတံခါးပိတ်ပြီးတော့နေသန့်ကိုမော့ကြည့်လိုက်သည်။နေသန် ရိုးရိုးရှင်းရှင်းတစ်ချက်ပြုံးကာပြလိုက်သည်။ထိုအခါQuကလဲပြန်ပြုံးပြလေသည်။


စက္ကန့်အတော်ကြာသည်အထိတစ်ယောက်ကိုယ်တစ်ယောက်ကြည့်နေကြပြီးမှနေသန်ကအသက်ကိုခပ်ပြင်းပြင်းရှိုက်လိုက်ရင်းQuထံသို့လက်လှမ်းလာသည်။


"လာလေ"


Quကလှမ်းလာတဲ့နေသန်၏လက်ကိုတစ်ချက်ကြည့်နေပြီးမှမျက်နှာထက်အပြုံးတစ်ခုနှင့်အတူသူ၏လက်ကိုပြန်ကာကမ်းပေးလိုက်လေသည်။နေသန်Qu၏လက်သွယ်သွယ်လေးတွေအားကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပေးလိုက်သည်။


အရပ်5'11ကျော် 6ပေနီးပါးရှိတဲ့ နေသန့်ဘေးတွင်Quယှဉ်ကာရပ်လိုက်တော့ ခေါင်းတစ်လုံးစာပုဝင်လို့နေပေသည်။ခပ်ရှည်ရှည်၊ပိန်သွယ်သွယ်ကိုယ်လုံးရှိတဲ့Quကနေသန့်နည်းတူရှည်မားလှတဲ့ အရပ်အမောင်းနှင့်အတူသန့်ပြန့်လှတဲ့ရုပ်ရည်ကြောင့်ယောက်ျားသားတို့၏ချောမောခန့်ညားမှုတို့ကတော့အထင်းသားပေါ်လွင်မြဲပေါ်လွင်နေပါ၏။


နေသန်ကတွေတွေလေးလျှောက်နေသည့်Quအားသူ့အာရုံနှင့်အတူထားကာပေးလိုက်သည်။လက်ကိုသာကျစ်ကျစ်ပါအောင်မလွှတ်တမ်းဆုပ်ကိုင်ပေးထားပြီး လှေအနီးသို့လျှောက်လှမ်းကာသွားလိုက်သည်။


နေသန်ကပထမဦးဆုံးလှေလှော်တက်ကိုမကာကိုင်လိုက်ပြီး၊ပြီးမှQuအားလှေပေါ်သို့ပင့်ကာတင်ပေးလိုက်သည်။Quကအသားကျနေသည့်ဟန်ဖြင့် နေသန်သူ့အားပင့်တင်ပေးလိုက်သည်ကို အလိုက်တင့်သာတုံ့ပြန်သည်။


လှေပေါ်ရောက်သွားကာနေရာကျသွားပြီဖြစ်တသည့်Quကိုနေသန်သေချာကြည့်ပြီးမှ သူလဲလှေပေါ်ကိုတက်ကာထိုင်လိုက်သည်။ထို့နောက်ရေပြင်ကိုအနည်းငယ်ထိန်းညှိလိုက်ပြီးတစ်ဖက်သို့ကွေ့ဝိုက်စေကာစတင်ထွက်ခွာလာခဲ့သည်။


လှေတက်ကိုလက်နှစ်ဖက်နှင့်ကျွမ်းကျင်စွာလှော်နေပေတဲ့နေသန့်အားQuကြည့်နေတာဖြစ်သည်။နီညိုရောင်လက်ရှည်ပိုးသားနှင့်အနက်ရောင်အနောက်တိုင်းဘောင်းဘီတို့ကိုလိုက်ဖက်စွာဝတ်ဆင်ထားသည်။ဂုတ်ပေါ်ထိဝဲကျနေမည့် ဆံပင်ရှည်ရှည်များကိုနောက်သို့စုကာတင်စီးထားပြီးတချို့ကမူမျက်နှာ၏တစ်ဖက်တစ်ချက်ဆီသို့ဝဲကာကျနေသည်။


ထိုမှတစ်ဆင့်မျက်နှာတစ်ဝိုက်သို့ဝေ့ဝဲကာကြည့်လိုက်လျှင်ခန့်ညားလှသည့်မျက်နှာပိုင်ရှင်အားမြင်တွေ့ရမည်ဖြစ်သည်။မေးရိုးထင်ထင်းနှင့်နှုတ်ခမ်းတစ်ဝိုက်ပေါက်ရောက်နေတဲ့နှုတ်ခမ်းမွေးအချို့အားငေးကြည့်ရင်းQuကြိတ်ရယ်လိုက်မိသည်။


"ဘာလဲ"


နေသန်ကလှေလှော်နေရာမှQuအားကြည့်ရင်းဆိုသည်။မျက်လုံးတွေကိုတော့လွှဲရှောင်ထားပြီးခေါင်းကိုငုံ့ကာဖြင့်မေးနေခြင်း။နေပါအုန်း။Quဒီအမူအရာကိုသိပါသည်။ဒါ..ဒါ နေသန်..။


"မဟုတ်မှလွဲရော ဖြစ်ရချေ .. ရှက်နေတာလား"


Quကရွှင်နောက်နောက်နှင့်ပေါ်ပေါ်ထင်ထင်မေးလိုက်တော့နေသန်ကတစ်ချက်သူ့ကိုယ်သူရယ်ကာခေါင်းကိုဟိုဘက်သို့လှည့်သွားသည်။Quလဲဒီတစ်ခါနေသန်နှင့်အပြိုင်ရယ်လိုက်မိတော့သည်။နေသန့်အားကြည့်လေ၊ကြည့်လေပို၍ရယ်ချင်စရာကောင်းလာသည်ဖြစ်၍Quရယ်မောပြီးရင်းရယ်နေမိသည်။


နေသန်ကပြုံးနေရင်နှင့်ပင်Quရယ်မောနေသည်ကိုကြည့်နေသည်။ရှက်တာမှန်ပေမယ့်နေသန်ကလူကြီးလူကောင်းဆန်စွာရှက်တတ်သည်ဟုဆိုရမည်လား။Quအပေါ် လူကြီးတစ်ယောက်၊အုပ်ထိန်းသူတစ်ယောက်ကဲ့သို့အမြဲတမ်းစောင့်ရှောက်ပေးတတ်သည်။


"မင်းကအဲ့လိုကြီးစိုက်ကြည့်တော့ငါကမရှက်ဘဲဘယ်လိုနေမလဲ မကြည့်နဲ့တော့ တကယ်မကြည့်နဲ့လို့ ရယ်လဲမရယ်နဲ့ဆို"


"အို ငါကြည့်ချင်တိုင်း ရယ်ချင်တိုင်းတောင်မကြည့်ရ မရယ်ရတော့ဘူးတဲ့လား"


"ငါ မနေတတ်ဘူးဆိုနေကို"


Quသူ၏လျှာလေးကိုတစ်ချက်သပ်လိုက်ရင်းပြုံးရယ်နေမိသည်။အခုကျတော့သူမဟုတ်သလို။အရင်တုန်းကဆွဲလာရမ်းလာလုပ်တဲ့နိတ်ဆိုတဲ့လူကြီးဘယ်ရောက်သွားသလဲ။Quသက်ပြင်းချကာရယ်လိုက်ရင်းနေသန့်အားငေးကြည့်နေတာကိုရပ်လိုက်ပြီးဘေးဘီသို့လှည့်ကာကြည့်လိုက်သည်။


အိမ်တချို့ဆီမှဆူညံသံယဲ့ယဲ့ကိုကြားရသည်။သို့သော်တကယ့်ယဲ့ယဲ့လေးမျှသာ။တချို့အိမ်တွေမှာတိတ်ဆိတ်လို့နေပြီး တချို့ကတော့မီးပင်ငြှိမ်းလို့သွားကြပြီ။


စောလှချည်လား။


ဒီကလူတွေကအေးချမ်းကြသူချည်းများသာ။တစ်ယောက်နှင့်တစ်ယောက်အဖော်ပြုကာနေထိုင်ကြပေမဲ့ကိုယ့်အလုပ်ကိုယ်သာအာရုံစိုက်ကြသည်။အိမ်ရှင်မအချင်းချင်းလဲရင်းနှီးကျွမ်းဝင်ကျပြီးမြို့၏ဘုရားကျောင်းတွင်တနင်္ဂနွေနေ့တိုင်းဆုံဖြစ်ကြသေးသည်။


နွားသိုးဂျယ်လီရောင်းသည့်ဆိုင်လေးကတော့မြို့လေးထဲတွင်ထင်ရှားသည်။အရသာမြိန်ရှက်ယုံသာမကတခြားတောက်တိုမယ်ရအစားအစာအချို့လဲရသေးသည်မို့တချို့စကားပြောဖို့လိုသည့်အချိန်များတွင်ထိုဆိုင်လေးသို့သွားရောက်ကြသည်။


Quတွေးနေရင်းမှသူတို့ရှေ့မှာပေါ်လာတဲ့လှေတစ်စီးဆီသို့မျက်စိရောက်လို့သွားသည်။အိမ်ရှင်မတစ်ဦးဖြစ်ပုံရပြီးအသီးအရွက်၊အသားငါးအစုံနှင့်အတူခုနကQuတွေးနေသည့်နွားသိုးဂျယ်လီဆိုင်ကစားစရာတချို့လဲပါသေးသည်။


Quတို့ကိုတွေ့တော့ထိုအိမ်ရှင်မကပြုံးပြလေသည်။နေသန့်ကိုတော့ 'နိတ်' ဟုအသိမှတ်ပြုခေါ်လိုက်ပြီးQuကိုတော့ဖော်ရွေတဲ့အပြုံးတစ်ခုနှင့်ကြိုဆိုသွားသည်။Quခေါင်းလေးကိုပြန်ကာငြိမ့်ပြလိုက်မိသည်။နေသန်ကလှေဟိုးနောက်ထဲရောက်သည်ထိဆက်ကာကြည့်နေသည့်Quအားကြည့်ရင်းမျက်လွှာချဖြစ်သည်။


ထိုအခါQuကဒီဘက်သို့လှည့်လာသည်။


"နိတ် ငါတို့အခုဘယ်သွားနေတာလဲ"


"ဈေးတန်းထဲ .. ဒီညပွဲရှိတယ်လေ လူတိုင်းနီးပါးလာကြမှာ အဲ့တာကြောင့်အိမ်ရှင်မတစ်ချို့ကြိုဈေးဝယ်ထွက်နေကြတာ တချို့လူတွေကတော့သွားဖို့ပြင်နေကြပြီလေ"


"ဪ..ဒါကြောင့်ကိုး ငါကဟိုအိမ်တွေဘာလို့မီးတွေမှိတ်နေလဲ စဉ်းစားနေတာ"


"အဲ့တာလား အဲ့တာကမစ္စဂရမ်းဒေ့လင်မယားတို့အိမ်လေ သူတို့ကလင်မယားနှစ်ယောက်ဘဲရှိတာ ပြီးတော့အသက်လဲကြီးပြီဆိုတော့ စောစောအနားယူတတ်ကြတယ် တခြားအိမ်တွေကတော့တစ်အိမ်လုံးဈေးထဲသွားတာမို့ အိမ်အမှောင်ချခဲ့တာဖြစ်မှာပေါ့ ကိုယ်လဲမသိဘူး.."


"အာ..."


Quခေါင်းလေးတငြိမ့်ငြိမ့်နှင့်မှတ်သားနေသည်။Churchကျောင်းရှေ့ရောက်တော့QuကJesusရုပ်ထုအားခေါင်းမော့ကာဖြင့်ကြည့်လေသည်။ဘုရားကျောင်းမှ ခေါင်းလောင်းထိုးသံနှင့်အတူတံခါးပိတ်သွားသည့်အဝင်တံခါးတွေကိုကြည့်ရင်းQuကနေသန့်အားဤသို့စကားဆိုလာသည်။


"ငါ အမြဲတမ်း ဘုရားကျောင်းတစ်ခုထဲရောက်ဖူးချင်တာ"


"မရောက်ဖူးဘူးလား"


"ဟင့်အင် နိုးပ်(Nope) ငါကဘာသာမဲ့ဆိုတော့ပိုဆိုးတယ် ဒီကမ္ဘာမှာထွန်းကားတဲ့ခရစ်ယာန်၊အစ္စလမ်၊ဗုဒ္ဓဘာသာစတဲ့ဟာတွေတစ်ခုမှ မကြားနာဖူးဘူး ဒါပေမဲ့ငါအမြဲတမ်း ခံစားရတယ် ငါက.."


"..."


"..."


"ငါက..ဘာလဲ"


"ငါကအဲ့တာတွေမလိုအပ်ဖူးလို့လေ"


နေသန်ကQuပြောသည်ကိုကြားသော်လည်း မကြားသည့်ပုံစံဟန်ဆောင်ကာရေပြင်ကိုကြည့်လိုက်သည်။Quကတော့စတင်ကာဝေးကွာလာပြီဖြစ်သည့်ဘုရားကျောင်းအားသမင်လည်ပြန်ကြည့်ကာနေသည်။


လေအေးတချို့သူတို့ကြားဖြတ်တိုက်သွားသည်။အနားသို့ကပ်ကာဖြတ်တိုက်သွားတာကြောင့်Qu၏ဆံပင်အချို့လွင့်ကာသွားသည်။Churchမှခေါင်းလောင်းသံဟာတော့တဒေါင်ဒေါင်မြည်ဟည်းလို့။


Quနောက်ဆုံးတော့နေသန့်ဘက်ပြန်ကာလှည့်လာပြီဖြစ်သည်။နေသန်ကQuအားမျက်လုံးရွှင်ရွှင်များဖြင့်စိုက်ကြည့်သည်။ပန်းချီကားတစ်ချပ်အားအလှကြည့်ရှုနေသလိုQu၏အစိတ်အပိုင်းအားလုံးကိုဝေ့ဝဲကာကြည့်သည်။Quကတော့သူ့အတွေးနှင့်သူမို့ မမြင်။နေသန်ကြည့်နေရင်းမှရုတ်တရက်ကောင်းကင်သို့မော့ကာအသက်ပြင်းပြင်းတစ်ချက်ရှုသွင်းလိုက်သည်။


Quကနေသန့်အားကြည့်လာသည်။


"ဘာဖြစ်တာလဲ"


"ဟင်..??ဘာမှမဟုတ်ပါဘူး ဒီအတိုင်းတစ်ခုခုကိုထိန်းချုပ်မရတော့သလိုခံစားရလို့"


နေသန်ကခက်ဟဟရယ်ကာဆိုသည်။Quကနားမလည်သော်လည်းခေါင်းငြိမ့်ကာပြလိုက်သည်။လှေလေးကဈေးတန်းအနီးသို့နီးကပ်ကာလာပြီ။မီးရောင်တစ်ချို့၊ဆူညံသံတစ်ချို့နှင့်အတူကမ်းကပ်ထားသောလှေပေါင်းများစွာတို့ကိုလဲတွေ့ရပြီဖြစ်သည်။နေသန်လှော်တက်ကိုအပေါ်သို့မတင်လိုက်ကာလှေအားသူ့အရှိန်အတိုင်းသာရွေ့လျားစေလိုက်တော့သည်။


Quခေါင်းလေးမျှော်ကာကြည့်သည်။နေသန်ကQuကိုကြည့်ရင်းရယ်သည်။ထို့နောက်ကမ်းကပ်ရမည့်လှေကိုနေသန်စီမံလိုက်ရင်းQuအားလက်ကမ်းပေးလိုက်သည်။Quကနေသန့်အားရွှင်မြူးစွာကြည့်ရင်းနေသန့်လက်ကိုဆွဲကာကိုင်လိုက်လေသည်။


"ဝါး......"


Quထိုအာမေဍိတ်အားဈေးတန်းသို့စဝင်ကတည်းကရေရွတ်နေတာဖြစ်သည်။တစ်ခုကိုကြည့်လိုက်၊ရေရွတ်လိုက် တစ်ခုကိုကြည့်လိုက် 'ဝါး' လိုက်နှင့်။နေသန်ကုတ်အင်္ကျီထဲသို့လက်ထည့်ကာQuအားလွှတ်ထားပေးသည်။ကလေးအချို့ကအရုပ်တချို့နှင့်ဆော့ရင်းဒီဘက်သို့ပြေးလာသည်ကိုမြင်တော့နေသန်Quအားဒီဘက်သို့ဆွဲလိုက်သည်။ရင်ခွင်ထဲသို့တန်းကာပါလာသော Quအားနေသန်ခေါင်းငုံ့ကာကြည့်လိုက်သည်။သူ့ကိုမော့ကြည့်နေသည်မဟုတ်၍ ဆံပင်ဖွာဖွာလေးတွေကိုသာ နေသန်မြင်ရသည်။


Quကနေသန်ဆွဲသည်ကိုဘာမှပင်မပြော။ဒီအတိုင်းအလိုက်သင့်အဆွဲခံသည်။သူသည်ဒီကာလအတွင်းကိုနေသန်နှင့်အတော့်အတော်ပင်နေသားကျနေသည်။နေသန်ကသူ့ကောင်းကျိုးအတွက်ပဲလုပ်ပေးမည်ကိုမသိစိတ်ကော၊သိစိတ်ကပါလက်ခံထား၍သူ့ခန္ဓာကိုယ်ကလဲနေသန်သူ့အပေါ်ပြုမူသည်ကိုဘာမှမပြော။


Quဖန်ဗူးထဲသိူ့ထည့်ထားသောကျောက်စရစ်ခဲလှလှလေးတွေကိုဂရုတစိုက်ကြည့်နေမိသည်။နေသန်ကနောက်ကနေရပ်ကာကြည့်နေပေးနေသည်ကိုသိတော့Quကဘာမဆိုညာမဆိုနှင့်နေသန်ရှိရာကိုမှန်းပြီးလက်နှင့်ရိုက်လိုက်ကာဆိုသည်။


"နိတ် နိတ် လှတယ်နော် ဝါး အရမ်းလှတာပဲ ဦးလေး ဒါတွေကဘယ်ကလဲ ဘာတွေလဲဟင်?"


ဆိုင်ရှင်ဦးလေးကြီးကစိတ်ဝင်တစားမေးနေသည့်Quအားပြုံးကာကြည့်လိုက်သည်။ထို့နောက်နောက်မှနေသန့်အားကြည့်လိုက်သည်။နေသန်ထလင်းနော့တ်။သူ့ကို သူသိပါသည်။ဟိုတစ်ခါသူ့အားကျောက်စရစ်ခဲတွေကူကာသယ်ပေးထားသောကောင်လေးပင်။


သူများတွေဘာပြောပြောသူကတော့ဒီကောင်လေးကိုသဘောကျသည်။သူ့အတွင်းစိတ်ကလှပသည်လေ။


ဆိုင်ရှင်ဦးလေးကြီးပြုံးကာကြည့်လိုက်သည်။ထို့နောက်Quအားပြန်ကြည့်လိုက်ကာဆိုရင်း . . 


"ဒါက..."


အနာဂတ် နေသန်ထလင်းနော့တ်ဆီမှ . .


He saved me in every way that a person can be saved.

I thought we'd have more time.

Fairytales don't have a happy ending do they,Qu.I'll wait .. I'll wait for you till end of my life.even though I never told this to you directly I hope you know it in your heart.


I LOVE YOU,QU.AS ALWAYS AND F o r e v e r.




Zawgyi

အခန္း (၁၉)

ေနသန္ကိုယ့္လက္ေတြကိုယ္အေႏြးေပးရင္းထြက္မလာေသးတဲ့သူ႔ရဲ႕ခ်စ္သူေလးအားေမွ်ာ္ေနမိသည္။သိပ္ေတာ့ေအးေနတာႀကီးမဟုတ္ေပမယ့္Giethoornရွိရာသီဥတုကေဆာင္းဘက္ကိုေရာက္တာမ်ားသည္။ထို႔ေၾကာင့္ဂ႐ုစိုက္ရသည္မဟုတ္လွ်င္လြယ္လြယ္ကူကူအဖ်ားပိုးဝင္တတ္၏။

ခ်လက္။

တံခါးပြင့္လာၿပီးထြက္လာတဲ့ေကာင္ေလးကိုေနသန္ေမွ်ာ္ကာၾကည့္လိုက္သည္။စင္သီယာကိုယ္တိုင္ဝယ္ေပးထားတဲ့အက်ႌေတြကိုဝတ္ဆင္လို႔ထားကာလည္စီးအျဖဴေရာင္ေလးကိုေတာ့ျဖင့္ပုခုံးထက္ဝယ္ရစ္ေႏွာင္လို႔ထားၿပီးအျပာေရာင္ခပ္ေဖ်ာ့ေဖ်ာ့အေႏြးထည္ႏွင့္အျဖဴေရာင္ေဘာင္းဘီရွည္တို႔ကသူ႔ကိုယ္အထက္လိုက္ဖက္စြာတည္ရွိလို႔ေနသည္။ဆံပင္နက္ညိဳေရာင္ခပ္ဖြဖြာေလးေတြကေတာ့ျဖင့္ေကာင္ေလးနဖူးထက္ဝဲက်လို႔။

Quကတံခါးပိတ္ၿပီးေတာ့ေနသန႔္ကိုေမာ့ၾကည့္လိုက္သည္။ေနသန္ ႐ိုး႐ိုးရွင္းရွင္းတစ္ခ်က္ၿပဳံးကာျပလိုက္သည္။ထိုအခါQuကလဲျပန္ၿပဳံးျပေလသည္။

စကၠန႔္အေတာ္ၾကာသည္အထိတစ္ေယာက္ကိုယ္တစ္ေယာက္ၾကည့္ေနၾကၿပီးမွေနသန္ကအသက္ကိုခပ္ျပင္းျပင္းရႈိက္လိုက္ရင္းQuထံသို႔လက္လွမ္းလာသည္။

"လာေလ"

Quကလွမ္းလာတဲ့ေနသန္၏လက္ကိုတစ္ခ်က္ၾကည့္ေနၿပီးမွမ်က္ႏွာထက္အၿပဳံးတစ္ခုႏွင့္အတူသူ၏လက္ကိုျပန္ကာကမ္းေပးလိုက္ေလသည္။ေနသန္Qu၏လက္သြယ္သြယ္ေလးေတြအားက်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားေပးလိုက္သည္။

အရပ္5'11ေက်ာ္ 6ေပနီးပါးရွိတဲ့ ေနသန႔္ေဘးတြင္Quယွဥ္ကာရပ္လိုက္ေတာ့ ေခါင္းတစ္လုံးစာပုဝင္လို႔ေနေပသည္။ခပ္ရွည္ရွည္၊ပိန္သြယ္သြယ္ကိုယ္လုံးရွိတဲ့Quကေနသန႔္နည္းတူရွည္မားလွတဲ့ အရပ္အေမာင္းႏွင့္အတူသန႔္ျပန႔္လွတဲ့႐ုပ္ရည္ေၾကာင့္ေယာက္်ားသားတို႔၏ေခ်ာေမာခန႔္ညားမႈတို႔ကေတာ့အထင္းသားေပၚလြင္ၿမဲေပၚလြင္ေနပါ၏။

ေနသန္ကေတြေတြေလးေလွ်ာက္ေနသည့္Quအားသူ႔အာ႐ုံႏွင့္အတူထားကာေပးလိုက္သည္။လက္ကိုသာက်စ္က်စ္ပါေအာင္မလႊတ္တမ္းဆုပ္ကိုင္ေပးထားၿပီး ေလွအနီးသို႔ေလွ်ာက္လွမ္းကာသြားလိုက္သည္။

ေနသန္ကပထမဦးဆုံးေလွေလွာ္တက္ကိုမကာကိုင္လိုက္ၿပီး၊ၿပီးမွQuအားေလွေပၚသို႔ပင့္ကာတင္ေပးလိုက္သည္။Quကအသားက်ေနသည့္ဟန္ျဖင့္ ေနသန္သူ႔အားပင့္တင္ေပးလိုက္သည္ကို အလိုက္တင့္သာတုံ႔ျပန္သည္။

ေလွေပၚေရာက္သြားကာေနရာက်သြားၿပီျဖစ္တသည့္Quကိုေနသန္ေသခ်ာၾကည့္ၿပီးမွ သူလဲေလွေပၚကိုတက္ကာထိုင္လိုက္သည္။ထို႔ေနာက္ေရျပင္ကိုအနည္းငယ္ထိန္းညႇိလိုက္ၿပီးတစ္ဖက္သို႔ေကြ႕ဝိုက္ေစကာစတင္ထြက္ခြာလာခဲ့သည္။

ေလွတက္ကိုလက္ႏွစ္ဖက္ႏွင့္ကြၽမ္းက်င္စြာေလွာ္ေနေပတဲ့ေနသန႔္အားQuၾကည့္ေနတာျဖစ္သည္။နီညိဳေရာင္လက္ရွည္ပိုးသားႏွင့္အနက္ေရာင္အေနာက္တိုင္းေဘာင္းဘီတို႔ကိုလိုက္ဖက္စြာဝတ္ဆင္ထားသည္။ဂုတ္ေပၚထိဝဲက်ေနမည့္ ဆံပင္ရွည္ရွည္မ်ားကိုေနာက္သို႔စုကာတင္စီးထားၿပီးတခ်ိဳ႕ကမူမ်က္ႏွာ၏တစ္ဖက္တစ္ခ်က္ဆီသို႔ဝဲကာက်ေနသည္။

ထိုမွတစ္ဆင့္မ်က္ႏွာတစ္ဝိုက္သို႔ေဝ့ဝဲကာၾကည့္လိုက္လွ်င္ခန႔္ညားလွသည့္မ်က္ႏွာပိုင္ရွင္အားျမင္ေတြ႕ရမည္ျဖစ္သည္။ေမး႐ိုးထင္ထင္းႏွင့္ႏႈတ္ခမ္းတစ္ဝိုက္ေပါက္ေရာက္ေနတဲ့ႏႈတ္ခမ္းေမြးအခ်ိဳ႕အားေငးၾကည့္ရင္းQuႀကိတ္ရယ္လိုက္မိသည္။

"ဘာလဲ"

ေနသန္ကေလွေလွာ္ေနရာမွQuအားၾကည့္ရင္းဆိုသည္။မ်က္လုံးေတြကိုေတာ့လႊဲေရွာင္ထားၿပီးေခါင္းကိုငုံ႔ကာျဖင့္ေမးေနျခင္း။ေနပါအုန္း။Quဒီအမူအရာကိုသိပါသည္။ဒါ..ဒါ ေနသန္..။

"မဟုတ္မွလြဲေရာ ျဖစ္ရေခ် .. ရွက္ေနတာလား"

Quက႐ႊင္ေနာက္ေနာက္ႏွင့္ေပၚေပၚထင္ထင္ေမးလိုက္ေတာ့ေနသန္ကတစ္ခ်က္သူ႔ကိုယ္သူရယ္ကာေခါင္းကိုဟိုဘက္သို႔လွည့္သြားသည္။Quလဲဒီတစ္ခါေနသန္ႏွင့္အၿပိဳင္ရယ္လိုက္မိေတာ့သည္။ေနသန႔္အားၾကည့္ေလ၊ၾကည့္ေလပို၍ရယ္ခ်င္စရာေကာင္းလာသည္ျဖစ္၍Quရယ္ေမာၿပီးရင္းရယ္ေနမိသည္။

ေနသန္ကၿပဳံးေနရင္ႏွင့္ပင္Quရယ္ေမာေနသည္ကိုၾကည့္ေနသည္။ရွက္တာမွန္ေပမယ့္ေနသန္ကလူႀကီးလူေကာင္းဆန္စြာရွက္တတ္သည္ဟုဆိုရမည္လား။Quအေပၚ လူႀကီးတစ္ေယာက္၊အုပ္ထိန္းသူတစ္ေယာက္ကဲ့သို႔အၿမဲတမ္းေစာင့္ေရွာက္ေပးတတ္သည္။

"မင္းကအဲ့လိုႀကီးစိုက္ၾကည့္ေတာ့ငါကမရွက္ဘဲဘယ္လိုေနမလဲ မၾကည့္နဲ႔ေတာ့ တကယ္မၾကည့္နဲ႔လို႔ ရယ္လဲမရယ္နဲ႔ဆို"

"အို ငါၾကည့္ခ်င္တိုင္း ရယ္ခ်င္တိုင္းေတာင္မၾကည့္ရ မရယ္ရေတာ့ဘူးတဲ့လား"

"ငါ မေနတတ္ဘူးဆိုေနကို"

Quသူ၏လွ်ာေလးကိုတစ္ခ်က္သပ္လိုက္ရင္းၿပဳံးရယ္ေနမိသည္။အခုက်ေတာ့သူမဟုတ္သလို။အရင္တုန္းကဆြဲလာရမ္းလာလုပ္တဲ့နိတ္ဆိုတဲ့လူႀကီးဘယ္ေရာက္သြားသလဲ။Quသက္ျပင္းခ်ကာရယ္လိုက္ရင္းေနသန႔္အားေငးၾကည့္ေနတာကိုရပ္လိုက္ၿပီးေဘးဘီသို႔လွည့္ကာၾကည့္လိုက္သည္။

အိမ္တခ်ိဳ႕ဆီမွဆူညံသံယဲ့ယဲ့ကိုၾကားရသည္။သို႔ေသာ္တကယ့္ယဲ့ယဲ့ေလးမွ်သာ။တခ်ိဳ႕အိမ္ေတြမွာတိတ္ဆိတ္လို႔ေနၿပီး တခ်ိဳ႕ကေတာ့မီးပင္ျငႇိမ္းလို႔သြားၾကၿပီ။

ေစာလွခ်ည္လား။

ဒီကလူေတြကေအးခ်မ္းၾကသူခ်ည္းမ်ားသာ။တစ္ေယာက္ႏွင့္တစ္ေယာက္အေဖာ္ျပဳကာေနထိုင္ၾကေပမဲ့ကိုယ့္အလုပ္ကိုယ္သာအာ႐ုံစိုက္ၾကသည္။အိမ္ရွင္မအခ်င္းခ်င္းလဲရင္းႏွီးကြၽမ္းဝင္က်ၿပီးၿမိဳ႕၏ဘုရားေက်ာင္းတြင္တနဂၤေႏြေန႔တိုင္းဆုံျဖစ္ၾကေသးသည္။

ႏြားသိုးဂ်ယ္လီေရာင္းသည့္ဆိုင္ေလးကေတာ့ၿမိဳ႕ေလးထဲတြင္ထင္ရွားသည္။အရသာၿမိန္ရွက္ယုံသာမကတျခားေတာက္တိုမယ္ရအစားအစာအခ်ိဳ႕လဲရေသးသည္မို႔တခ်ိဳ႕စကားေျပာဖို႔လိုသည့္အခ်ိန္မ်ားတြင္ထိုဆိုင္ေလးသို႔သြားေရာက္ၾကသည္။

Quေတြးေနရင္းမွသူတို႔ေရွ႕မွာေပၚလာတဲ့ေလွတစ္စီးဆီသို႔မ်က္စိေရာက္လို႔သြားသည္။အိမ္ရွင္မတစ္ဦးျဖစ္ပုံရၿပီးအသီးအ႐ြက္၊အသားငါးအစုံႏွင့္အတူခုနကQuေတြးေနသည့္ႏြားသိုးဂ်ယ္လီဆိုင္ကစားစရာတခ်ိဳ႕လဲပါေသးသည္။

Quတို႔ကိုေတြ႕ေတာ့ထိုအိမ္ရွင္မကၿပဳံးျပေလသည္။ေနသန႔္ကိုေတာ့ 'နိတ္' ဟုအသိမွတ္ျပဳေခၚလိုက္ၿပီးQuကိုေတာ့ေဖာ္ေ႐ြတဲ့အၿပဳံးတစ္ခုႏွင့္ႀကိဳဆိုသြားသည္။Quေခါင္းေလးကိုျပန္ကာၿငိမ့္ျပလိုက္မိသည္။ေနသန္ကေလွဟိုးေနာက္ထဲေရာက္သည္ထိဆက္ကာၾကည့္ေနသည့္Quအားၾကည့္ရင္းမ်က္လႊာခ်ျဖစ္သည္။

ထိုအခါQuကဒီဘက္သို႔လွည့္လာသည္။

"နိတ္ ငါတို႔အခုဘယ္သြားေနတာလဲ"

"ေဈးတန္းထဲ .. ဒီညပြဲရွိတယ္ေလ လူတိုင္းနီးပါးလာၾကမွာ အဲ့တာေၾကာင့္အိမ္ရွင္မတစ္ခ်ိဳ႕ႀကိဳေဈးဝယ္ထြက္ေနၾကတာ တခ်ိဳ႕လူေတြကေတာ့သြားဖို႔ျပင္ေနၾကၿပီေလ"

"ဪ..ဒါေၾကာင့္ကိုး ငါကဟိုအိမ္ေတြဘာလို႔မီးေတြမွိတ္ေနလဲ စဥ္းစားေနတာ"

"အဲ့တာလား အဲ့တာကမစၥဂရမ္းေဒ့လင္မယားတို႔အိမ္ေလ သူတို႔ကလင္မယားႏွစ္ေယာက္ဘဲရွိတာ ၿပီးေတာ့အသက္လဲႀကီးၿပီဆိုေတာ့ ေစာေစာအနားယူတတ္ၾကတယ္ တျခားအိမ္ေတြကေတာ့တစ္အိမ္လုံးေဈးထဲသြားတာမို႔ အိမ္အေမွာင္ခ်ခဲ့တာျဖစ္မွာေပါ့ ကိုယ္လဲမသိဘူး.."

"အာ..."

Quေခါင္းေလးတၿငိမ့္ၿငိမ့္ႏွင့္မွတ္သားေနသည္။Churchေက်ာင္းေရွ႕ေရာက္ေတာ့QuကJesus႐ုပ္ထုအားေခါင္းေမာ့ကာျဖင့္ၾကည့္ေလသည္။ဘုရားေက်ာင္းမွ ေခါင္းေလာင္းထိုးသံႏွင့္အတူတံခါးပိတ္သြားသည့္အဝင္တံခါးေတြကိုၾကည့္ရင္းQuကေနသန႔္အားဤသို႔စကားဆိုလာသည္။

"ငါ အၿမဲတမ္း ဘုရားေက်ာင္းတစ္ခုထဲေရာက္ဖူးခ်င္တာ"

"မေရာက္ဖူးဘူးလား"

"ဟင့္အင္ ႏိုးပ္(Nope) ငါကဘာသာမဲ့ဆိုေတာ့ပိုဆိုးတယ္ ဒီကမာၻမွာထြန္းကားတဲ့ခရစ္ယာန္၊အစၥလမ္၊ဗုဒၶဘာသာစတဲ့ဟာေတြတစ္ခုမွ မၾကားနာဖူးဘူး ဒါေပမဲ့ငါအၿမဲတမ္း ခံစားရတယ္ ငါက.."

"..."

"..."

"ငါက..ဘာလဲ"

"ငါကအဲ့တာေတြမလိုအပ္ဖူးလို႔ေလ"

ေနသန္ကQuေျပာသည္ကိုၾကားေသာ္လည္း မၾကားသည့္ပုံစံဟန္ေဆာင္ကာေရျပင္ကိုၾကည့္လိုက္သည္။Quကေတာ့စတင္ကာေဝးကြာလာၿပီျဖစ္သည့္ဘုရားေက်ာင္းအားသမင္လည္ျပန္ၾကည့္ကာေနသည္။

ေလေအးတခ်ိဳ႕သူတို႔ၾကားျဖတ္တိုက္သြားသည္။အနားသို႔ကပ္ကာျဖတ္တိုက္သြားတာေၾကာင့္Qu၏ဆံပင္အခ်ိဳ႕လြင့္ကာသြားသည္။Churchမွေခါင္းေလာင္းသံဟာေတာ့တေဒါင္ေဒါင္ျမည္ဟည္းလို႔။

Quေနာက္ဆုံးေတာ့ေနသန႔္ဘက္ျပန္ကာလွည့္လာၿပီျဖစ္သည္။ေနသန္ကQuအားမ်က္လုံး႐ႊင္႐ႊင္မ်ားျဖင့္စိုက္ၾကည့္သည္။ပန္းခ်ီကားတစ္ခ်ပ္အားအလွၾကည့္ရႈေနသလိုQu၏အစိတ္အပိုင္းအားလုံးကိုေဝ့ဝဲကာၾကည့္သည္။Quကေတာ့သူ႔အေတြးႏွင့္သူမို႔ မျမင္။ေနသန္ၾကည့္ေနရင္းမွ႐ုတ္တရက္ေကာင္းကင္သို႔ေမာ့ကာအသက္ျပင္းျပင္းတစ္ခ်က္ရႈသြင္းလိုက္သည္။

Quကေနသန႔္အားၾကည့္လာသည္။

"ဘာျဖစ္တာလဲ"

"ဟင္..??ဘာမွမဟုတ္ပါဘူး ဒီအတိုင္းတစ္ခုခုကိုထိန္းခ်ဳပ္မရေတာ့သလိုခံစားရလို႔"

ေနသန္ကခက္ဟဟရယ္ကာဆိုသည္။Quကနားမလည္ေသာ္လည္းေခါင္းၿငိမ့္ကာျပလိုက္သည္။ေလွေလးကေဈးတန္းအနီးသို႔နီးကပ္ကာလာၿပီ။မီးေရာင္တစ္ခ်ိဳ႕၊ဆူညံသံတစ္ခ်ိဳ႕ႏွင့္အတူကမ္းကပ္ထားေသာေလွေပါင္းမ်ားစြာတို႔ကိုလဲေတြ႕ရၿပီျဖစ္သည္။ေနသန္ေလွာ္တက္ကိုအေပၚသို႔မတင္လိုက္ကာေလွအားသူ႔အရွိန္အတိုင္းသာေ႐ြ႕လ်ားေစလိုက္ေတာ့သည္။

Quေခါင္းေလးေမွ်ာ္ကာၾကည့္သည္။ေနသန္ကQuကိုၾကည့္ရင္းရယ္သည္။ထို႔ေနာက္ကမ္းကပ္ရမည့္ေလွကိုေနသန္စီမံလိုက္ရင္းQuအားလက္ကမ္းေပးလိုက္သည္။Quကေနသန႔္အား႐ႊင္ျမဴးစြာၾကည့္ရင္းေနသန႔္လက္ကိုဆြဲကာကိုင္လိုက္ေလသည္။

"ဝါး......"

Quထိုအာေမဍိတ္အားေဈးတန္းသို႔စဝင္ကတည္းကေရ႐ြတ္ေနတာျဖစ္သည္။တစ္ခုကိုၾကည့္လိုက္၊ေရ႐ြတ္လိုက္ တစ္ခုကိုၾကည့္လိုက္ 'ဝါး' လိုက္ႏွင့္။ေနသန္ကုတ္အက်ႌထဲသို႔လက္ထည့္ကာQuအားလႊတ္ထားေပးသည္။ကေလးအခ်ိဳ႕ကအ႐ုပ္တခ်ိဳ႕ႏွင့္ေဆာ့ရင္းဒီဘက္သို႔ေျပးလာသည္ကိုျမင္ေတာ့ေနသန္Quအားဒီဘက္သို႔ဆြဲလိုက္သည္။ရင္ခြင္ထဲသို႔တန္းကာပါလာေသာ Quအားေနသန္ေခါင္းငုံ႔ကာၾကည့္လိုက္သည္။သူ႔ကိုေမာ့ၾကည့္ေနသည္မဟုတ္၍ ဆံပင္ဖြာဖြာေလးေတြကိုသာ ေနသန္ျမင္ရသည္။

Quကေနသန္ဆြဲသည္ကိုဘာမွပင္မေျပာ။ဒီအတိုင္းအလိုက္သင့္အဆြဲခံသည္။သူသည္ဒီကာလအတြင္းကိုေနသန္ႏွင့္အေတာ့္အေတာ္ပင္ေနသားက်ေနသည္။ေနသန္ကသူ႔ေကာင္းက်ိဳးအတြက္ပဲလုပ္ေပးမည္ကိုမသိစိတ္ေကာ၊သိစိတ္ကပါလက္ခံထား၍သူ႔ခႏၶာကိုယ္ကလဲေနသန္သူ႔အေပၚျပဳမူသည္ကိုဘာမွမေျပာ။

Quဖန္ဗူးထဲသိူ႔ထည့္ထားေသာေက်ာက္စရစ္ခဲလွလွေလးေတြကိုဂ႐ုတစိုက္ၾကည့္ေနမိသည္။ေနသန္ကေနာက္ကေနရပ္ကာၾကည့္ေနေပးေနသည္ကိုသိေတာ့Quကဘာမဆိုညာမဆိုႏွင့္ေနသန္ရွိရာကိုမွန္းၿပီးလက္ႏွင့္႐ိုက္လိုက္ကာဆိုသည္။

"နိတ္ နိတ္ လွတယ္ေနာ္ ဝါး အရမ္းလွတာပဲ ဦးေလး ဒါေတြကဘယ္ကလဲ ဘာေတြလဲဟင္?"

ဆိုင္ရွင္ဦးေလးႀကီးကစိတ္ဝင္တစားေမးေနသည့္Quအားၿပဳံးကာၾကည့္လိုက္သည္။ထို႔ေနာက္ေနာက္မွေနသန႔္အားၾကည့္လိုက္သည္။ေနသန္ထလင္းေနာ့တ္။သူ႔ကို သူသိပါသည္။ဟိုတစ္ခါသူ႔အားေက်ာက္စရစ္ခဲေတြကူကာသယ္ေပးထားေသာေကာင္ေလးပင္။

သူမ်ားေတြဘာေျပာေျပာသူကေတာ့ဒီေကာင္ေလးကိုသေဘာက်သည္။သူ႔အတြင္းစိတ္ကလွပသည္ေလ။

ဆိုင္ရွင္ဦးေလးႀကီးၿပဳံးကာၾကည့္လိုက္သည္။ထို႔ေနာက္Quအားျပန္ၾကည့္လိုက္ကာဆိုရင္း . . 

"ဒါက..."

အနာဂတ္ ေနသန္ထလင္းေနာ့တ္ဆီမွ . .

He saved me in every way that a person can be saved.
I thought we'd have more time.
Fairytales don't have a happy ending do they,Qu.I'll wait .. I'll wait for you till end of my life.even though I never told this to you directly I hope you know it in your heart.

I LOVE YOU,QU.AS ALWAYS AND F o r e v e r.

Comments

Post a Comment