A Sweven Elegy from Nature - Chapter (20)

 Unicode


အခန်း (၂၀)


Quတစ်ယောက်အတော်လေးပျော်နေပေသည်။ဈေးတန်းအဆုံးထိကိုတက်တက်ကြွကြွလျှောက်လို့သွားနေပြီးရှိသမျှဆိုင်တိုင်းကိုလဲဝင်ရောက်စပ်စုသေး၏။နေသန်နောက်ကနေပြုံးကာသာကြည့်နေသည်။တစ်ချက်၊တစ်ချက်သူ့အားလှည့်ကြည့်ကာစကားတွေတပြောပြောလုပ်တတ်တဲ့Quကိုနေသန်ခေါင်းငြိမ့်ရင်းပြုံးမြဲသာပြုံးပြဖြစ်သည်။


ရင်ဝယ်ပိုက်သားတစ်ယောက်လိုလိုက်လံစောင့်ရှောက်နေသည့် နေသန် ထလင်းနော့တ်၏အပြုအမူကိုGietheoornမြို့ရှိဈေးတန်းမှဈေးသည်တွေကော၊မြို့သူမြို့သားတွေအားလုံးပါမသိမသာကောသိသိသာသာပါစောင့်ကြည့်နေကြသည်လဲတွေ့ရနိုင်၏။


Giethoornမြို့လေးသည်အထင်ကရနေရာတစ်ခုဖြစ်သည်ကြောင့်နှစ်တိုင်းဤနယ်မြေသို့လေ့လာရန်လာသူများသို့မဟုတ် အပျော်သဘောနှင့်လာသူများများပြားလှသည်။


သူတို့သည်မြို့၏Hotelအချို့တွင်တည်းခိုးခွင့်ရှိပြီး မြို့ကိုလှေဖြင့်လှည့်ပတ်ကြည့်ခွင့်ရှိသည်။ဒီလိုညများတွင်တော့သူတို့လဲပါဝင်ဆင်နွှဲခွင့်ရှိပါသည်။ထို့ကြောင့်ဈေးတန်းလေးထဲတွင်Giethoornမြို့သူမြို့သားများသာမကနိုင်ငံခြားသားများလဲအမြောက်အမြားရှိလို့နေပြီး တချို့ကမူနေသန်တို့အားစောင်းငဲ့သလိုဖြင့်ကြည့်သွားကြသည်။


နေသန်သူတို့အပေါ်ကျရောက်နေသောမျက်လုံးပေါင်းများစွာအကဲခတ်ရင်းချောင်းတစ်ချက်ဟန့်လိုက်သည်။Quကနေသန်ချောင်းဟန့်သည်ကိုကြားတော့ 'ဘာဖြစ်သလဲ' ဟုလှည့်ကာမေးမြန်း၏။


"ဘယ်သွားချင်သေးလဲ ကိုယ်တို့မြို့ကသိပ်တော့ဘာမှမရှိဘူး"


"အို ဘယ်ဟုတ်ပါဘိ ငါကြိုက်တယ် ဒါတွေကအနုပညာမြောက်လွန်းတယ်"


Quကကျောက်စရစ်ခဲအပြာဖျော့ရောင်လေးကိုကိုင်ကာဆိုလိုက်သည်။ဆိုင်ရှင်ဦးလေးကြီးကခေါင်းလေးထိုးကာနေသန်တို့အားပြုံးပြသည်။နေသန်ဆိုင်ရှင်အားတစ်ချက်ကြည့်လိုက်ပြီး Quအားကြည့်လိုက်သည်။Quကကျောက်စရစ်ခဲတွေကိုသာစိတ်ဝင်စားလို့နေသည်။နေသန်နားထင်လေးကိုတစ်ချက်ကုတ်ကာကုတ်ကာဖြင့်ဘေးပတ်လည်ကိုဝေ့ကြည့်နေမိသည်။


Quဘာတွေမလုပ်ဖူးသေးမလဲ..။


ကလေးတချို့စုပြုံကာရပ်နေသော နေရာတစ်ခုတွင်နေသန့်၏မျက်လုံးတွေရပ်ဆိုင်းသွားသည်။ထို့နောက်Quအားလက်မှဆွဲကိုင်ကာထိုနေရာသို့အပြေးကလေးဖြင့်သွားလိုက်သည်။Quကတန်းလန်းတန်းလန်းနှင့်ပါလာလေသည်။


အနီးသို့ရောက်တော့တွေ့ရသည်မှာအရုပ်ကလေးတွေရောင်းနေသည့်ဆိုင်ဖြစ်သည်ဆိုတာပင်။ကလေးတချို့ခေါင်းပေါ်တွင်ကြောင်ပုံစံ၊မြေခွေးပုံစံ၊ဆင်ပုံစံအစရှိသည့်စကုတ်လေးတွေကိုတွေ့ရပြီးတချို့ကားအာတာပူစီအချို့ကိုခိုးယူကာစားနေကြသည်။


ရောင်းနေသူမှာအဘိုးအိုတစ်ဦးဖြစ်သည်။သူသည်ပျူငှာပုံရပြီးကလေးတွေကိုလဲကိုင်တွယ်တတ်ပုံရသည်။မိဘအချို့ခပ်လှမ်းလှမ်းတွင်စုကာမောကာစကားပြောနေသည်ကိုတွေ့ရပြီးသူတို့ကလေးတွေကိုအဘိုးအိုနှင့်စိတ်ချဟန်ဖြင့်ထားခဲ့ကြသည်။


နေသန်တို့အနီးရောက်လာတော့အဘိုးအိုကသွားတွေပေါ်တဲ့အထိပြုံးပြလာသည်။သွားများရှိတော့မရှိတော့ပေမဲ့လို့ပေါ့။အနားရောက်ရောက်ချင်းချက်ချင်းစိတ်ဝင်စားသွားသောQuကတော့နေသန့်လက်မှရုန်းထွက်သွားကာကလေးတွေနဲ့အရုပ်လဲကာဆော့နှင့်နေပြီးဖြစ်သည်။အာတာပူစီတချို့ထိုးပေးနေသောကလေးအချို့ကိုနေသန်တားလိုက်ချင်ပေမဲ့Quကလက်နဲ့တို့စားကာအရမ်းကောင်းတယ်ဟုမှတ်ချက်ပြုလိုက်သောကြောင့်ဒီအတိုင်းသာထားထားလိုက်ရသည်။


"အဟဟ အင်း..သူတို့လေးတွေ ပျော်ရင်ကိုယ်တွေစိတ်ချမ်းသာရတယ် ကိုယ့်လူရဲ့ မဟုတ်ပေဘူးလား"


အဘိုးအိုကနေသန့်အားစကားစသည်။နေသန်ခေါင်းကိုအသာအယာငြိမ့်ပြလိုက်သည်။ဘာမှတော့ပြန်မပြောဖြစ်။


"မင်းတို့ကညီအစ်ကိုတွေတော့မဟုတ်ဘူးနဲ့တူတယ်"


အဘိုးအို၏အမေးကြောင့်နေသန့်မျက်တောင်လေးတွေလှုပ်ခတ်သွားသည်။အဘိုးအိုကတော့ကလေးတွေကိုသာပြုံးကာကြည့်နေသောကြောင့်နေသန့်ကိုသေချာသတိထားကြည့်မနေဟုထင်ရသည်။နေသန်မျက်လွှာတွေကိုချလိုက်ပြီးတစ်ဖန်မျက်လွှာကိုလှန်၍ကြည့်လိုက်သည်။


အဖြူရောင်ပုံရိပ်သဏ္ဍာန်လေးကနတ်သားတစ်ပါးသဖွယ်လှပရက်လွန်းသည်။ကလေးတွေကြားတွင်ထွန်းကာထွက်နေတဲ့Qu၏အရှိန်အဝါကကြယ်ကလေးလိုမှိန်မှိန်ကလေးနှင့်တောက်ပသည်။အသံလွင်လွင်ကနေသန့်နားထဲသို့အကြိမ်ကြိမ်ပဲ့တင်ထပ်သည်။ထိုမျက်နှာပေါ်မှအပြုံးကနေသန့်ရင်ဘတ်ထဲတွင်တံဆိပ်ထုနှိပ်ပြီးသားဖြစ်သည်။


နူးညံ့မှုနဲ့မာကျောမှုဆန့်ကျင်ဘက်ဂုဏ်ရည်ပြနာမ်ပုဒ်နှစ်ခုကိုလူတစ်ဦးတည်းတွင်ပေါင်းကာရေးဆွဲပေးထားသလို။


လှသည်၊ချောသည်။

နူးညံ့သည်၊မာကျောသည်။

အားနွဲ့ပုံရသည်၊သန်မာသည်။အတိုင်းအဆမဲ့လှသည်။


နေသန်နှုတ်ခမ်းတွေကိုတွန့်ရုံမျှသာပြုံးလိုက်သည်။


"မဟုတ်ဘူး .. သူကကျွန်တော်မြတ်နိုးရတဲ့တစ်ဦးသောသူ"


အဘိုးအိုကနေသန့်အဖြေအားကလေးတွေကိုကြည့်ကာပြုံးရင်းမှခေါင်းငြိမ့်သည်။ထို့နောက်အာတာပူစီမွှေတဲ့စက်လေးထဲသို့ အမှုန့်တစ်ချို့ထည့်ကာမွှေလိုက်ပြီးနေသန့်အားကမ်းပေးလိုက်သည်။နေသန်ကအဘိုးအိုအားကြည့်သည်။အဘိုးအိုကပြုံးကာဆိုသည်။


"မင်းကောင်လေးကအာတာပူစီကြိုက်ပုံရတယ် ဒါအဘိုးလက်ဆောင်ပေးတာလို့သဘောထားလိုက်ပါကွယ်"


နေသန်သူ့အားကမ်းပေးနေသောအပန်းရောင်အာတာပူစီလုံးလုံလေးအားခပ်တွန့်တွန့်ဖြင့်ယူလိုက်သည်။ထို့နောက်အဘိုးအိုအား 'ကျေးဇူးပါ' ဟုခပ်ပြတ်ပြတ်ပြောလိုက်ပြီးQuအားပြန်ကြည့်နေလိုက်သည်။Quကကလေးတွေထဲကကြောင်ပုံစံစကုတ်လေးကိုဆွဲကာတပ်ဆင်ပြီးနေပြီးနေသန့်အားလက်လှမ်းပြသည်။


နေသန်ပြုံးကာလက်ပြန်ပြလိုက်သည်။ထိုအခါQuကသွားတွေကိုစီကာဖြင့်နှစ်ခြိုက်စွာပြန်ပြုံးပြလေသည်။


"အဟီး ဟီးဟီး အ့!"


"..."


ရုတ်တရက်တိတ်ဆိတ်သွားသည်။ထို့နောက်မှာတော့ . .


တိတ်ဆိတ်မှု..ကကြီးစိုးသွားသည်။

နောက် . .


"..ဟာ ကိုကြီး ကိုကြီး အမေ လုပ်ပါအုန်း ဘာဖြစ်သွားတာလဲ"


"Quuu...."


"...."


ကလေးတောထဲတွင်ပျော့ကာခွေကျသွားသောQuကိုကလေးတွေကပါးလေးကိုတို့ကာထိကာဖြင့်မေးနေကြသည်။တချို့ကလေးတွေကQuဘာဖြစ်သွားလဲကိုသိသည့်အရွယ်ဖြစ်တာကြောင့်ဘေးသို့လှမ်းကာအကူညီတောင်းပေးကြသည်။နေသန်မျက်လုံးတွေပြူးကျယ်ကာသွားပြီးကလေးအုပ်ထဲသို့ဝင်သွားလိုက်ကာQuအားပါးလေးပုတ်ကာလှုပ်နိုးစေလိုက်သည်။


"Qu .. Quuထပါအုန်း Quuu"


သို့သော်Quကမလှုပ်တော့။နေသန်နောက်ဆုံးကြံရာမရသောကြောင့်Quအားသူ့လက်မောင်းထက်သို့ပွေ့တင်လိုက်ပြီးဘေးဘီကိုဝေ့ကြည့်လိုက်သည်။သူဒီကနေသီယာ့အိမ်သို့ပြန်လျှင်အချိန်ကြာသွားနိုင်သည်။ထို့နောက်နေသန်တခြားဘက်ကိုလှည့်ကြည့်လိုက်သည်။ခရီးသည်တချို့ဝင်ထွက်သွားလာနေသော ဟိုတယ်ငယ်တစ်ခုကိုတွေ့ရ၏။


နေသန် ရုတ်ရုတ်သဲသဲအခြေအနေထဲမှQuအားဆွဲခေါ်ကာထုတ်သွားသည်။ကလေးမိဘတချို့နှင့်လမ်းသွားလမ်းလာများကတစ်ချက်တော့ကူညီကြပေမယ့်နေသန်အကုန်ငြင်းဆိုခဲ့သည်။ဟိုတယ်အတွင်းသို့လူတစ်ယောက်ကိုပွေ့ပိုက်ကာဝင်လာသောလူကြောင့်ဟိုတယ်ဝန်ထမ်းကောင်လေးလန့်ဖျပ်ကာသွားသည်။


"အစ်ကို အစ်ကို ဘာဖြစ်တာလဲ"


"ငါ့ကို အခန်းတစ်ခုပေးစမ်း မြန်မြန် ကျန်တာပြီးမှရှင်းမယ် အခု မြန်မြန်..!!"


နေသန်စိုးရိမ်ပူပန်မှုအပြည့်နှင့်ဟိတ်ဟောက်လိုက်သောကြောင့်ဝန်ထမ်းကောင်လေးတုန်ယင်ကာသွားပြီးမှအထဲသို့ဝင်ပြေးသွားသည်။ရီစပ်ရှင်(reception)အစ်မနှင့်စကားတချို့ပြောနေပြီးနောက်နေသန်တို့ဆီပြန်လာကာအခန်းသော့လေးကိုပြကာ သူတို့ကိုဦးဆောင်ကာအထဲခေါ်သွားသည်။


"ဒီအခန်းပါ အစ်ကို.."


နေသန်အသင့်ဖွင့်ပေးထားသောအခန်းထဲသို့Quမထိခိုက်အောင်သတိထားဝင်သွားလိုက်ပြီးQuအားအိပ်ရာထက်သို့အသာအယာချပေးလိုက်သည်။ဝန်ထမ်းကောင်လေးကချပေးလိုက်သောလူမှာကောင်လေးတစ်ယောက်ဖြစ်တာကြောင့်အနည်းငယ်တော့အံ့ဩသွားပုံရသည်။သို့သော် ဘာမှတော့မပြောပေ။ပြောလို့လဲမရပေလေ။


နေသန်ပြာပြာပြာပြာဖြင့်ရေချိုးခန်းထဲသို့ဝင်သွားလိုက်သည်။ထို့နောက်တဘက်တစ်ထည်နှင့်ပြန်ကာလာသည်။အဖျားရှိန်အရမ်းတက်နေသောQu၏နဖူးထက်သို့နေသန်တုန်တုန်ယင်ယင်ဖြင့်ရေစွပ်ပြီးသားတဘက်ကိုတင်ပေးလိုက်သည်။


နှုတ်မှလဲ . . 


"တောင်းပန်ပါတယ် တောင်းပန်ပါတယ်.."


ဟုရွတ်ဆိုလို့။ဝန်ထမ်းကောင်လေးစိုးရိမ်စွာကြည့်နေမိသည်။သူဘာများကူလုပ်ပေးရမည်လဲလို့။သို့သော်နေသန်ကQuကိုသာတမ်းတမ်းစွဲစိုက်ကြည့်နေပြီး ဘေးဘီသို့အာရုံရောက်ဟန်မတူ။ဝန်ထမ်းကောင်လေးအိပ်ယာထက်မှခပ်ဖျော့ဖျော့ကောင်လေးအားလှမ်းကြည့်လိုက်သည်။ဒီအစ်ကို့အတွက်ဒီကောင်လေးဟာအလွန်အရေးပါသည်ထင်၏။မဟုတ်လျှင် ဒီလောက်ဖြစ်နေမည်မဟုတ်။


ဝန်ထမ်းကောင်လေးသက်ပြင်းချကာအဆင်ပြေရန်သာဆုတောင်းပေးလိုက်သည်။ထို့နောက်တံခါးကိုညင်ညင်သာသာပိတ်ကာပေးလိုက်သည်။မပိတ်မီအိပ်ရာထက်မှချောမောသေသပ်ကာထူးထူးခြားခြားလှပလှသောဧည့်သည်အစ်ကိုအားစိုးရိမ်စွာကြည့်လိုက်သေးသည်။


နောက်တံခါးကိုပိတ်လိုက်လေသည်။


နေသန် 'တောင်းပန်ပါတယ်' ဆိုတာကိုပဲရွတ်နေသည်။မျက်ဝန်းထဲမှမျက်ရည်များက နေသန့်လက်ဖမိုးပေါ်မှတစ်ဆင့်ဆုပ်ကိုင်ထားခံရသောQu၏လက်ပေါ်သို့ကျရောက်ကာတစ်စက်တစ်စက်ဖြင့်ရွှဲစိုလို့သွားသည်။


Quဟာတော့အိပ်ရာထက်ဝယ်နှစ်ခြိုက်စွာအိပ်မောကျလို့နေ၏။


‎                          𐮜 𐮜 𐮜


P•E•T•R•I•C•H•O•R

a pleasant smell that frequently accompanies the first rain after a long period of warm, dry weather.


အဖြူရောင်ဒရယ်။

အဖြူရောင်ဒရယ်ကြီးတစ်ကောင်။

လှပကာကျော့မော့ရှင်းသန့်နေသောအဖြူရောင်ဒရယ်ကြီးတစ်ကောင်။ခန့်ညားသည်။ကြံ့ခိုင်သည်။စွမ်းအင်တချို့ကိုပေးစွမ်းသည်။


Quကိုကြည့်နေသောအဖြူရောင်ဒရယ်ကြီးတစ်ကောင်ရှိလေသည်။ထိုသတ္တဝါကားQuနားသို့ဖြည်းဖြည်းချင်းတိုးကပ်လို့လာပြီးQuအားအရှင်တစ်ပါးလိုဦးညွတ်သည်။


မိုးရွာပြီး၍သင်းနေသောမြေသင်းရနံ့တစ်ချို့ကိုရသည်။သူ့ကိုစွမ်းအင်ဖြည့်ပေးနေသောစွမ်းအင်တချို့ကိုလဲရသည်။ဦးညွတ်ပြီးနောက်Quနားသို့အတင်းတိုးဝင်လာသောဒရယ်ကြီး၏နှာထိပ်ဖျားကိုလက်နှင့်ညင်သာစွာQuထိပေးလိုက်တော့ဒရယ်ကြီးကခေါင်းကိုမော့ကာQuအားနူးညံ့စွာဆိုလာသည်။


"မင်း .. ငါ့ဆီလာဖို့အချိန်ကျပြီ Qu.."


အနာဂတ် နေသန်ထလင်းနော့တ်ဆီမှ . .


'Ok!1..2..3..START'


'Ahh what was the question again..'


'....(staffs whispers)'


'Ahhh the first met .. sorry my ears .. I cry for years and years so my ears nerves burn down (chuckles)ahh the first met haha well just wanna say one word..'


'what is it?'


'WE LOOK AT EACH OTHER A LITTLE TO LONG TO BE JUST FRIENDS(smiles at the camera)'


'And sir ahhh madam Cynthia is she ahh..is she al..'


'Ahh yes she's fine she's with leon living peacefully .. I visit her sometimes and talk about the old times we'd have together huuuu time .. Huh!guess pretty tough actually (chuckles)and QU I TOLD THE STARS ABOUT YOU EVERY NIGHT (Stops and stares)(And continues)and your family's house is safe with me I'll take care of it for the rest of my life you .. you just need to rest well my love (stops and stares at the camera and whispers)I LOVE YOU..'


END.





Zawgyi


အခန္း (၂၀)


Quတစ္ေယာက္အေတာ္ေလးေပ်ာ္ေနေပသည္။ေဈးတန္းအဆုံးထိကိုတက္တက္ႂကြႂကြေလွ်ာက္လို႔သြားေနၿပီးရွိသမွ်ဆိုင္တိုင္းကိုလဲဝင္ေရာက္စပ္စုေသး၏။ေနသန္ေနာက္ကေနၿပဳံးကာသာၾကည့္ေနသည္။တစ္ခ်က္၊တစ္ခ်က္သူ႔အားလွည့္ၾကည့္ကာစကားေတြတေျပာေျပာလုပ္တတ္တဲ့Quကိုေနသန္ေခါင္းၿငိမ့္ရင္းၿပဳံးၿမဲသာၿပဳံးျပျဖစ္သည္။


ရင္ဝယ္ပိုက္သားတစ္ေယာက္လိုလိုက္လံေစာင့္ေရွာက္ေနသည့္ ေနသန္ ထလင္းေနာ့တ္၏အျပဳအမူကိုGietheoornၿမိဳ႕ရွိေဈးတန္းမွေဈးသည္ေတြေကာ၊ၿမိဳ႕သူၿမိဳ႕သားေတြအားလုံးပါမသိမသာေကာသိသိသာသာပါေစာင့္ၾကည့္ေနၾကသည္လဲေတြ႕ရႏိုင္၏။


Giethoornၿမိဳ႕ေလးသည္အထင္ကရေနရာတစ္ခုျဖစ္သည္ေၾကာင့္ႏွစ္တိုင္းဤနယ္ေျမသို႔ေလ့လာရန္လာသူမ်ားသို႔မဟုတ္ အေပ်ာ္သေဘာႏွင့္လာသူမ်ားမ်ားျပားလွသည္။


သူတို႔သည္ၿမိဳ႕၏Hotelအခ်ိဳ႕တြင္တည္းခိုးခြင့္ရွိၿပီး ၿမိဳ႕ကိုေလွျဖင့္လွည့္ပတ္ၾကည့္ခြင့္ရွိသည္။ဒီလိုညမ်ားတြင္ေတာ့သူတို႔လဲပါဝင္ဆင္ႏႊဲခြင့္ရွိပါသည္။ထို႔ေၾကာင့္ေဈးတန္းေလးထဲတြင္Giethoornၿမိဳ႕သူၿမိဳ႕သားမ်ားသာမကႏိုင္ငံျခားသားမ်ားလဲအေျမာက္အျမားရွိလို႔ေနၿပီး တခ်ိဳ႕ကမူေနသန္တို႔အားေစာင္းငဲ့သလိုျဖင့္ၾကည့္သြားၾကသည္။


ေနသန္သူတို႔အေပၚက်ေရာက္ေနေသာမ်က္လုံးေပါင္းမ်ားစြာအကဲခတ္ရင္းေခ်ာင္းတစ္ခ်က္ဟန႔္လိုက္သည္။Quကေနသန္ေခ်ာင္းဟန႔္သည္ကိုၾကားေတာ့ 'ဘာျဖစ္သလဲ' ဟုလွည့္ကာေမးျမန္း၏။


"ဘယ္သြားခ်င္ေသးလဲ ကိုယ္တို႔ၿမိဳ႕ကသိပ္ေတာ့ဘာမွမရွိဘူး"


"အို ဘယ္ဟုတ္ပါဘိ ငါႀကိဳက္တယ္ ဒါေတြကအႏုပညာေျမာက္လြန္းတယ္"


Quကေက်ာက္စရစ္ခဲအျပာေဖ်ာ့ေရာင္ေလးကိုကိုင္ကာဆိုလိုက္သည္။ဆိုင္ရွင္ဦးေလးႀကီးကေခါင္းေလးထိုးကာေနသန္တို႔အားၿပဳံးျပသည္။ေနသန္ဆိုင္ရွင္အားတစ္ခ်က္ၾကည့္လိုက္ၿပီး Quအားၾကည့္လိုက္သည္။Quကေက်ာက္စရစ္ခဲေတြကိုသာစိတ္ဝင္စားလို႔ေနသည္။ေနသန္နားထင္ေလးကိုတစ္ခ်က္ကုတ္ကာကုတ္ကာျဖင့္ေဘးပတ္လည္ကိုေဝ့ၾကည့္ေနမိသည္။


Quဘာေတြမလုပ္ဖူးေသးမလဲ..။


ကေလးတခ်ိဳ႕စုၿပဳံကာရပ္ေနေသာ ေနရာတစ္ခုတြင္ေနသန႔္၏မ်က္လုံးေတြရပ္ဆိုင္းသြားသည္။ထို႔ေနာက္Quအားလက္မွဆြဲကိုင္ကာထိုေနရာသို႔အေျပးကေလးျဖင့္သြားလိုက္သည္။Quကတန္းလန္းတန္းလန္းႏွင့္ပါလာေလသည္။


အနီးသို႔ေရာက္ေတာ့ေတြ႕ရသည္မွာအ႐ုပ္ကေလးေတြေရာင္းေနသည့္ဆိုင္ျဖစ္သည္ဆိုတာပင္။ကေလးတခ်ိဳ႕ေခါင္းေပၚတြင္ေၾကာင္ပုံစံ၊ေျမေခြးပုံစံ၊ဆင္ပုံစံအစရွိသည့္စကုတ္ေလးေတြကိုေတြ႕ရၿပီးတခ်ိဳ႕ကားအာတာပူစီအခ်ိဳ႕ကိုခိုးယူကာစားေနၾကသည္။


ေရာင္းေနသူမွာအဘိုးအိုတစ္ဦးျဖစ္သည္။သူသည္ပ်ဴငွာပုံရၿပီးကေလးေတြကိုလဲကိုင္တြယ္တတ္ပုံရသည္။မိဘအခ်ိဳ႕ခပ္လွမ္းလွမ္းတြင္စုကာေမာကာစကားေျပာေနသည္ကိုေတြ႕ရၿပီးသူတို႔ကေလးေတြကိုအဘိုးအိုႏွင့္စိတ္ခ်ဟန္ျဖင့္ထားခဲ့ၾကသည္။


ေနသန္တို႔အနီးေရာက္လာေတာ့အဘိုးအိုကသြားေတြေပၚတဲ့အထိၿပဳံးျပလာသည္။သြားမ်ားရွိေတာ့မရွိေတာ့ေပမဲ့လို႔ေပါ့။အနားေရာက္ေရာက္ခ်င္းခ်က္ခ်င္းစိတ္ဝင္စားသြားေသာQuကေတာ့ေနသန႔္လက္မွ႐ုန္းထြက္သြားကာကေလးေတြနဲ႔အ႐ုပ္လဲကာေဆာ့ႏွင့္ေနၿပီးျဖစ္သည္။အာတာပူစီတခ်ိဳ႕ထိုးေပးေနေသာကေလးအခ်ိဳ႕ကိုေနသန္တားလိုက္ခ်င္ေပမဲ့Quကလက္နဲ႔တို႔စားကာအရမ္းေကာင္းတယ္ဟုမွတ္ခ်က္ျပဳလိုက္ေသာေၾကာင့္ဒီအတိုင္းသာထားထားလိုက္ရသည္။


"အဟဟ အင္း..သူတို႔ေလးေတြ ေပ်ာ္ရင္ကိုယ္ေတြစိတ္ခ်မ္းသာရတယ္ ကိုယ့္လူရဲ႕ မဟုတ္ေပဘူးလား"


အဘိုးအိုကေနသန႔္အားစကားစသည္။ေနသန္ေခါင္းကိုအသာအယာၿငိမ့္ျပလိုက္သည္။ဘာမွေတာ့ျပန္မေျပာျဖစ္။


"မင္းတို႔ကညီအစ္ကိုေတြေတာ့မဟုတ္ဘူးနဲ႔တူတယ္"


အဘိုးအို၏အေမးေၾကာင့္ေနသန႔္မ်က္ေတာင္ေလးေတြလႈပ္ခတ္သြားသည္။အဘိုးအိုကေတာ့ကေလးေတြကိုသာၿပဳံးကာၾကည့္ေနေသာေၾကာင့္ေနသန႔္ကိုေသခ်ာသတိထားၾကည့္မေနဟုထင္ရသည္။ေနသန္မ်က္လႊာေတြကိုခ်လိုက္ၿပီးတစ္ဖန္မ်က္လႊာကိုလွန္၍ၾကည့္လိုက္သည္။


အျဖဴေရာင္ပုံရိပ္သ႑ာန္ေလးကနတ္သားတစ္ပါးသဖြယ္လွပရက္လြန္းသည္။ကေလးေတြၾကားတြင္ထြန္းကာထြက္ေနတဲ့Qu၏အရွိန္အဝါကၾကယ္ကေလးလိုမွိန္မွိန္ကေလးႏွင့္ေတာက္ပသည္။အသံလြင္လြင္ကေနသန႔္နားထဲသို႔အႀကိမ္ႀကိမ္ပဲ့တင္ထပ္သည္။ထိုမ်က္ႏွာေပၚမွအၿပဳံးကေနသန႔္ရင္ဘတ္ထဲတြင္တံဆိပ္ထုႏွိပ္ၿပီးသားျဖစ္သည္။


ႏူးညံ့မႈနဲ႔မာေက်ာမႈဆန႔္က်င္ဘက္ဂုဏ္ရည္ျပနာမ္ပုဒ္ႏွစ္ခုကိုလူတစ္ဦးတည္းတြင္ေပါင္းကာေရးဆြဲေပးထားသလို။


လွသည္၊ေခ်ာသည္။

ႏူးညံ့သည္၊မာေက်ာသည္။

အားႏြဲ႕ပုံရသည္၊သန္မာသည္။အတိုင္းအဆမဲ့လွသည္။


ေနသန္ႏႈတ္ခမ္းေတြကိုတြန႔္႐ုံမွ်သာၿပဳံးလိုက္သည္။


"မဟုတ္ဘူး .. သူကကြၽန္ေတာ္ျမတ္ႏိုးရတဲ့တစ္ဦးေသာသူ"


အဘိုးအိုကေနသန႔္အေျဖအားကေလးေတြကိုၾကည့္ကာၿပဳံးရင္းမွေခါင္းၿငိမ့္သည္။ထို႔ေနာက္အာတာပူစီေမႊတဲ့စက္ေလးထဲသို႔ အမႈန႔္တစ္ခ်ိဳ႕ထည့္ကာေမႊလိုက္ၿပီးေနသန႔္အားကမ္းေပးလိုက္သည္။ေနသန္ကအဘိုးအိုအားၾကည့္သည္။အဘိုးအိုကၿပဳံးကာဆိုသည္။


"မင္းေကာင္ေလးကအာတာပူစီႀကိဳက္ပုံရတယ္ ဒါအဘိုးလက္ေဆာင္ေပးတာလို႔သေဘာထားလိုက္ပါကြယ္"


ေနသန္သူ႔အားကမ္းေပးေနေသာအပန္းေရာင္အာတာပူစီလုံးလုံေလးအားခပ္တြန႔္တြန႔္ျဖင့္ယူလိုက္သည္။ထို႔ေနာက္အဘိုးအိုအား 'ေက်းဇူးပါ' ဟုခပ္ျပတ္ျပတ္ေျပာလိုက္ၿပီးQuအားျပန္ၾကည့္ေနလိုက္သည္။Quကကေလးေတြထဲကေၾကာင္ပုံစံစကုတ္ေလးကိုဆြဲကာတပ္ဆင္ၿပီးေနၿပီးေနသန႔္အားလက္လွမ္းျပသည္။


ေနသန္ၿပဳံးကာလက္ျပန္ျပလိုက္သည္။ထိုအခါQuကသြားေတြကိုစီကာျဖင့္ႏွစ္ၿခိဳက္စြာျပန္ၿပဳံးျပေလသည္။


"အဟီး ဟီးဟီး အ့!"


"..."


႐ုတ္တရက္တိတ္ဆိတ္သြားသည္။ထို႔ေနာက္မွာေတာ့ . .


တိတ္ဆိတ္မႈ..ကႀကီးစိုးသြားသည္။

ေနာက္ . .


"..ဟာ ကိုႀကီး ကိုႀကီး အေမ လုပ္ပါအုန္း ဘာျဖစ္သြားတာလဲ"


"Quuu...."


"...."


ကေလးေတာထဲတြင္ေပ်ာ့ကာေခြက်သြားေသာQuကိုကေလးေတြကပါးေလးကိုတို႔ကာထိကာျဖင့္ေမးေနၾကသည္။တခ်ိဳ႕ကေလးေတြကQuဘာျဖစ္သြားလဲကိုသိသည့္အ႐ြယ္ျဖစ္တာေၾကာင့္ေဘးသို႔လွမ္းကာအကူညီေတာင္းေပးၾကသည္။ေနသန္မ်က္လုံးေတြျပဴးက်ယ္ကာသြားၿပီးကေလးအုပ္ထဲသို႔ဝင္သြားလိုက္ကာQuအားပါးေလးပုတ္ကာလႈပ္ႏိုးေစလိုက္သည္။


"Qu .. Quuထပါအုန္း Quuu"


သို႔ေသာ္Quကမလႈပ္ေတာ့။ေနသန္ေနာက္ဆုံးႀကံရာမရေသာေၾကာင့္Quအားသူ႔လက္ေမာင္းထက္သို႔ေပြ႕တင္လိုက္ၿပီးေဘးဘီကိုေဝ့ၾကည့္လိုက္သည္။သူဒီကေနသီယာ့အိမ္သို႔ျပန္လွ်င္အခ်ိန္ၾကာသြားႏိုင္သည္။ထို႔ေနာက္ေနသန္တျခားဘက္ကိုလွည့္ၾကည့္လိုက္သည္။ခရီးသည္တခ်ိဳ႕ဝင္ထြက္သြားလာေနေသာ ဟိုတယ္ငယ္တစ္ခုကိုေတြ႕ရ၏။


ေနသန္ ႐ုတ္႐ုတ္သဲသဲအေျခအေနထဲမွQuအားဆြဲေခၚကာထုတ္သြားသည္။ကေလးမိဘတခ်ိဳ႕ႏွင့္လမ္းသြားလမ္းလာမ်ားကတစ္ခ်က္ေတာ့ကူညီၾကေပမယ့္ေနသန္အကုန္ျငင္းဆိုခဲ့သည္။ဟိုတယ္အတြင္းသို႔လူတစ္ေယာက္ကိုေပြ႕ပိုက္ကာဝင္လာေသာလူေၾကာင့္ဟိုတယ္ဝန္ထမ္းေကာင္ေလးလန႔္ဖ်ပ္ကာသြားသည္။


"အစ္ကို အစ္ကို ဘာျဖစ္တာလဲ"


"ငါ့ကို အခန္းတစ္ခုေပးစမ္း ျမန္ျမန္ က်န္တာၿပီးမွရွင္းမယ္ အခု ျမန္ျမန္..!!"


ေနသန္စိုးရိမ္ပူပန္မႈအျပည့္ႏွင့္ဟိတ္ေဟာက္လိုက္ေသာေၾကာင့္ဝန္ထမ္းေကာင္ေလးတုန္ယင္ကာသြားၿပီးမွအထဲသို႔ဝင္ေျပးသြားသည္။ရီစပ္ရွင္(reception)အစ္မႏွင့္စကားတခ်ိဳ႕ေျပာေနၿပီးေနာက္ေနသန္တို႔ဆီျပန္လာကာအခန္းေသာ့ေလးကိုျပကာ သူတို႔ကိုဦးေဆာင္ကာအထဲေခၚသြားသည္။


"ဒီအခန္းပါ အစ္ကို.."


ေနသန္အသင့္ဖြင့္ေပးထားေသာအခန္းထဲသို႔Quမထိခိုက္ေအာင္သတိထားဝင္သြားလိုက္ၿပီးQuအားအိပ္ရာထက္သို႔အသာအယာခ်ေပးလိုက္သည္။ဝန္ထမ္းေကာင္ေလးကခ်ေပးလိုက္ေသာလူမွာေကာင္ေလးတစ္ေယာက္ျဖစ္တာေၾကာင့္အနည္းငယ္ေတာ့အံ့ဩသြားပုံရသည္။သို႔ေသာ္ ဘာမွေတာ့မေျပာေပ။ေျပာလို႔လဲမရေပေလ။


ေနသန္ျပာျပာျပာျပာျဖင့္ေရခ်ိဳးခန္းထဲသို႔ဝင္သြားလိုက္သည္။ထို႔ေနာက္တဘက္တစ္ထည္ႏွင့္ျပန္ကာလာသည္။အဖ်ားရွိန္အရမ္းတက္ေနေသာQu၏နဖူးထက္သို႔ေနသန္တုန္တုန္ယင္ယင္ျဖင့္ေရစြပ္ၿပီးသားတဘက္ကိုတင္ေပးလိုက္သည္။


ႏႈတ္မွလဲ . . 


"ေတာင္းပန္ပါတယ္ ေတာင္းပန္ပါတယ္.."


ဟု႐ြတ္ဆိုလို႔။ဝန္ထမ္းေကာင္ေလးစိုးရိမ္စြာၾကည့္ေနမိသည္။သူဘာမ်ားကူလုပ္ေပးရမည္လဲလို႔။သို႔ေသာ္ေနသန္ကQuကိုသာတမ္းတမ္းစြဲစိုက္ၾကည့္ေနၿပီး ေဘးဘီသို႔အာ႐ုံေရာက္ဟန္မတူ။ဝန္ထမ္းေကာင္ေလးအိပ္ယာထက္မွခပ္ေဖ်ာ့ေဖ်ာ့ေကာင္ေလးအားလွမ္းၾကည့္လိုက္သည္။ဒီအစ္ကို႔အတြက္ဒီေကာင္ေလးဟာအလြန္အေရးပါသည္ထင္၏။မဟုတ္လွ်င္ ဒီေလာက္ျဖစ္ေနမည္မဟုတ္။


ဝန္ထမ္းေကာင္ေလးသက္ျပင္းခ်ကာအဆင္ေျပရန္သာဆုေတာင္းေပးလိုက္သည္။ထို႔ေနာက္တံခါးကိုညင္ညင္သာသာပိတ္ကာေပးလိုက္သည္။မပိတ္မီအိပ္ရာထက္မွေခ်ာေမာေသသပ္ကာထူးထူးျခားျခားလွပလွေသာဧည့္သည္အစ္ကိုအားစိုးရိမ္စြာၾကည့္လိုက္ေသးသည္။


ေနာက္တံခါးကိုပိတ္လိုက္ေလသည္။


ေနသန္ 'ေတာင္းပန္ပါတယ္' ဆိုတာကိုပဲ႐ြတ္ေနသည္။မ်က္ဝန္းထဲမွမ်က္ရည္မ်ားက ေနသန႔္လက္ဖမိုးေပၚမွတစ္ဆင့္ဆုပ္ကိုင္ထားခံရေသာQu၏လက္ေပၚသို႔က်ေရာက္ကာတစ္စက္တစ္စက္ျဖင့္႐ႊဲစိုလို႔သြားသည္။


Quဟာေတာ့အိပ္ရာထက္ဝယ္ႏွစ္ၿခိဳက္စြာအိပ္ေမာက်လို႔ေန၏။


‎                          𐮜 𐮜 𐮜


P•E•T•R•I•C•H•O•R

a pleasant smell that frequently accompanies the first rain after a long period of warm, dry weather.


အျဖဴေရာင္ဒရယ္။

အျဖဴေရာင္ဒရယ္ႀကီးတစ္ေကာင္။

လွပကာေက်ာ့ေမာ့ရွင္းသန႔္ေနေသာအျဖဴေရာင္ဒရယ္ႀကီးတစ္ေကာင္။ခန႔္ညားသည္။ႀကံ့ခိုင္သည္။စြမ္းအင္တခ်ိဳ႕ကိုေပးစြမ္းသည္။


Quကိုၾကည့္ေနေသာအျဖဴေရာင္ဒရယ္ႀကီးတစ္ေကာင္ရွိေလသည္။ထိုသတၱဝါကားQuနားသို႔ျဖည္းျဖည္းခ်င္းတိုးကပ္လို႔လာၿပီးQuအားအရွင္တစ္ပါးလိုဦးၫြတ္သည္။


မိုး႐ြာၿပီး၍သင္းေနေသာေျမသင္းရနံ႔တစ္ခ်ိဳ႕ကိုရသည္။သူ႔ကိုစြမ္းအင္ျဖည့္ေပးေနေသာစြမ္းအင္တခ်ိဳ႕ကိုလဲရသည္။ဦးၫြတ္ၿပီးေနာက္Quနားသို႔အတင္းတိုးဝင္လာေသာဒရယ္ႀကီး၏ႏွာထိပ္ဖ်ားကိုလက္ႏွင့္ညင္သာစြာQuထိေပးလိုက္ေတာ့ဒရယ္ႀကီးကေခါင္းကိုေမာ့ကာQuအားႏူးညံ့စြာဆိုလာသည္။


"မင္း .. ငါ့ဆီလာဖို႔အခ်ိန္က်ၿပီ Qu.."


အနာဂတ္ ေနသန္ထလင္းေနာ့တ္ဆီမွ . .


'Ok!1..2..3..START'


'Ahh what was the question again..'


'....(staffs whispers)'


'Ahhh the first met .. sorry my ears .. I cry for years and years so my ears nerves burn down (chuckles)ahh the first met haha well just wanna say one word..'


'what is it?'


'WE LOOK AT EACH OTHER A LITTLE TO LONG TO BE JUST FRIENDS(smiles at the camera)'


'And sir ahhh madam Cynthia is she ahh..is she al..'


'Ahh yes she's fine she's with leon living peacefully .. I visit her sometimes and talk about the old times we'd have together huuuu time .. Huh!guess pretty tough actually (chuckles)and QU I TOLD THE STARS ABOUT YOU EVERY NIGHT (Stops and stares)(And continues)and your family's house is safe with me I'll take care of it for the rest of my life you .. you just need to rest well my love (stops and stares at the camera and whispers)I LOVE YOU..'


END.

Comments

Post a Comment