A Sweven Elegy from Nature - Chapter (21)

 Unicode


အခန်း (၂၁)


နေသန်Quအားအိပ်ရာထက်အသေအချာနေရာချထားခဲ့ပြီးမှအခန်းအပြင်သို့ထွက်လာခဲ့သည်။တံခါးကိုအသာလေးပိတ်ပေးထားခဲ့ပြီးအရင်ဆုံးစိတ်ရှင်းစေရန်ဆိုပြီး ဟိုတယ်၏ခုံတန်းလေးတစ်ခုတွင် မျက်နှာကိုလက်ဖြင့်အပ်ကာထိုင်နေမိသည်။


နေသန်သည်ပုံမာန်အားဖြင့်ဝမ်းနည်းလွယ်သူတစ်ယောက်မဟုတ်။သို့သော်Quနှင့်စတွေ့လာကကတည်းကနေသန့်မှာငိုရသည်၊ပျော်ရသည်၊ဝမ်းလဲဝမ်းနည်းရသည် ထို့နောက်မြတ်နိုးရသည်။နောက်ချစ်လဲချစ်လာမိသည်။


ချစ်တယ် ဆိုတဲ့စကားလုံးကိုအရင်က စာပေတွေထဲမှာသာမြင်ဖူးကြားဖူးခဲ့ပြီး အနက်အဓိပ္ပာယ်ကိုလဲအသေအချာမသိခဲ့ပေ။ပေါ့ပေါ့လေးသာတွေးထင်ထားခဲ့သည်လေ။သို့သော် Quကနေသန့်အားသင်ကြားပေးခဲ့သည်။အချစ်ဆိုတဲ့ခေါင်းစဉ်အောက်ဝယ်နေသန်တစ်ယောက်အခုဆိုအပြိုပြိုအလဲလဲဖြင့်နစ်ဝင်ကာနေနေပြီဖြစ်၏။


Quဆိုသောစိတ္တဇနာမ်စားလေးထဲတွင် နေသန်အမြဲခိုလုံချင်ခဲ့သည်။သူ၏ရပ်ဝန်းတချို့တွင်ပန်းမိုးတွေကြဲပေးချင်ခဲ့သည်။သူ၏ဘဝကိုအလှပဆုံးပုံဖော်ပေးချင်ခဲ့သည်။သူပျော်ပါသည်။သူ၏ပထမဆုံးအချစ်နှင့်နောက်ဆုံးသောအချစ်ဟာဒီကောင်လေးတစ်ယောက်တွင်သာအဆုံးသတ်သည်။


အချစ်ဦးနှင့်အချစ်ဆုံးဟာတစ်ထပ်တည်းဖြစ်နေခဲ့လျှင် နာကျင်ရသည်တဲ့။အဘယ်သူဆိုခဲ့သည်မသိသောငြားလည်းယခုထိုစကားအားလက်ခံရမည်လိုဖြစ်နေပြီ။သို့သော်နေသန်မခံယူပါ။သူအကောင်းဆုံးQuအတွက်လုပ်ဆောင်ပေးသွားမည်။အခုကော၊နောင်ကော၊သူ့ပြက္ခဒိန်တွေကြွေလွင့်မသွားခင်ထိကော။


ရေနံဆီမီးအိမ်မှာမီးတောက်လေးကအပြင်ကရာသီဥတုကြောင့်ခပ်မှိန်မှိန်သာတောက်လောင်လျက်ရှိသည်။ဟိုတယ်ရီစပ်ပရှင်တွင်လူတစ်ယောက်တစ်လေမှရှိမနေဘဲ အပြင်တံခါးဝတွင်သာခုနကသူတို့အားအခန်းထဲသို့လမ်းညွှန်ပေးခဲ့သော ဝန်ထမ်းကောင်လေးသာ အိပ်မောကျနေသည်ကိုတွေ့ရသည်။


နေသန်သက်ပြင်းကိုစိတ်အလိုအရမဟုတ်ပေဘဲချမိလိုက်သည်။ထို့နောက်ဘေးဘီသို့ဝေ့ကြည့်ရင်းနံရံထောင့်တွင်ရှိသော အများသုံးဖုန်းဟုစာတန်းချထားသည့် နေရာသို့ခပ်ဖြည်းဖြည်းလျှောက်သွားလိုက်သည်။


ထိုင်ချ..။


နံပါတ်တွေကိုလှည့်ကာနေပေမယ့်နေသန့်လက်တွေကအားယုတ်လို့နေပေပြီ။မျက်လုံးထဲတွင်မြင်ယောက်လာသော Qu၏ညနေကပုံရိပ်လေးကနေသန့်အားပြုံးပြကာနေသည်။ 'နိတ်..' ဟူသောအသံလွင်လွင်လေးနှင့်မိမိဘက်သို့လက်လှမ်းပြနေသောQu။အပြုံးတွေဝေဆာလျက်ရှိနေသောမျက်နှာလေးမှာတမူထူးခြားကာလှရက်လွန်းသည်။


နေသန်နောက်နံပါတ်တစ်ခုကိုမလှည့်ခင် ရုတ်တရက်ကြီးငိုချလိုက်မိသည်။ရုတ်တရက်ဟုဆိုလျှင်အနည်းငယ်မှားယွင်းနေမည်။ယခုမှလွှတ်ချမိလိုက်သည်ဆိုမှန်ပေမည်။လက်တွေကိုမျက်နှာမှာအပ်ကာအသံမထွက်အောင်ငိုလိုက်သည်မှာအကယ်၍များQuမိမိအသံကြောင့်နိုးလာမည်ဆိုး၍။နေသန့်မျက်ရည်တွေကသူ့လက်တွေကိုခဏအတွင်းရွှဲစိုလို့သွားစေပြီး ကုတ်အင်္ကျီပေါ်သို့တစ်ပေါက်ပေါက်နှင့်ကျလာလေတော့သည်။


"ငါ့အမှား ငါသာအတ္တမကြီးဘဲနဲ့ ထွက်သွားပေးနိုင်ခဲ့ရင် သူဒီလိုဖြစ်ရမှာမဟုတ်ဘူး...ငါ .. ငါကသူ့အတွက်မကောင်းတာသိသိကြီးနှင့်ငါ့အတ္တနဲ့ငါဆက်နေမိခဲ့တာ ငါမှားတာ...ငါ..ငါမှားတာ..."


အပြင်တွင်အော်ကြီးဟစ်ကျယ်ပေါက်ကွယ်မနေပေမဲ့ရင်ဘတ်ထဲတွင်အဏုမြူဗုံးတွေကလွှတ်ထွက်လို့ပြီးနေပြီ။နေသန့် ရင်တွေဆူနေသည်။နာကျင်နေသည်။ဝမ်းနည်းနေသည်။ယူကြုံးမရဖြစ်နေသည်။အဆိုးဆုံးကကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေမိသည်။ကိုယ့်ကြောင့်ကိုယ့်ချစ်ရသောသူနာကျင်ရသည်မှာအဆိုးဝါးဆုံးသောဖြစ်ရပ်တစ်ခုဖြစ်ပေ၏။


တစ်ခဏလောက်ခွဲနေရလို့လွမ်းဆွတ်လာသောမိမိ၏စိတ်ကိုမထိန်းနိုင်ဘဲလွှတ်ပေးမိလိုက်တာကိုကမှားသည်ဖြစ်သည်။စင်သီယာနဲ့နေနေသောကာလတွင်တစ်ချိန်လုံးကျန်းမာ၍ရွှင်လန်းနေသောQuကိုနေသန်အဝေးကနေလှမ်းမြင်နေရပါသည်။သို့သော် နေသန်အတ္တကြီးမိသည်ဟုဆိုရမည်လား။Quကိုသူ့အနားတွင်သာရှိစေချင်မိသည်။ချစ်ချင်သည်၊ယုယချင်သည်၊ကြင်နာချင်သည်၊ထွေးပိုက်ထားချင်မိသည်။


ဒါတောင်ဒီညနေကိုယ်ဒီလောက်ခပ်ဝေးဝေးမှာနေပေးနေရက်သားနဲ့ဖြစ်သွားသေးသည်။သူဘယ်လိုလုပ်ရတော့မည်လဲ။တကယ်ပဲသူ့ကိုဆုံးရှုံးပေးရပေတော့မည်လား။


နေသန်တရှိုက်ရှိုက်နှင့်ရှိုက်ငိုနေသည်မှာ ဝန်ထမ်းကောင်လေးအားလှုပ်နိုးသလိုဖြစ်သွားလေသည်။အသံကြောင့်ဘေးပတ်ဝန်းကျင်ကိုကျီးကန်းငေါက်တောက်လိုက်ကြည့်ပြီးနေသန့်ကိုမြင်မှအကြည့်ရပ်သွားသောကောင်လေးမှာသက်ပြင်းကိုချလိုက်ပြီးသူ၏ဝန်ထမ်းဆောင်းအုပ်ထုပ်ကို အောက်သို့ချကာနေသန်ဝမ်းနည်းသည်နှင့်ထပ်တူဝမ်းနည်းပါကြောင်းထုတ်ဖော်ပေးလိုက်သည်။


ထို့နောက်မိမိသည်လဲတခြားဘက်သို့ လှည့်ကာတစ်ဖန်ပြန်အိပ်ဖို့ကြိုးစားလိုက်သည်။နို့မဟုတ်ရင်မနက်ဖြန်မနက်စောစောထနိုင်မည်မဟုတ်လေ။


"အာာား!!!"


"Quu..."


ရုတ်တရက်အသံစူးစူးလေးတစ်ခုကြားလိုက်သောကြောင့်နားစွန့်နေမိရာမှသူတို့အခန်းနားမှလာသောအသံဖြစ်တာကိုသိလိုက်ရသည်။နေသန်မျက်ရည်တွေတောင်မသုတ်နိုင်ဘဲအလျင်စလိုပြေးသွားမိသည်။တံခါးကိုဘန်းခနဲဖွင့်ချကာကြည့်လိုက်တော့တကယ်ပဲQuဖြစ်နေပေသည်။


Quမှာအသက်ကိုပြင်းစွာရှုရှိုက်နေပြီးမောဟိုက်နေပုံရသည်။မျက်လုံးတွေကပြူးကြောင်လို့နေပြီးတစ်စုံတစ်ခုကိုအာရုံရနေဟန်။


"Quuu..."


နေသန်ဒူးထောက်ကာဝင်ချသွားလိုက်သည်။Qu၏လက်လေးတွေကိုသူ့နဖူးထက်ဆုပ်ကိုင်ထားလိုက်ပြီး 'ကျေးဇူးတင်ပါတယ်' ဟုတတွတ်တတွတ်ရေရွတ်နေမိပြန်သည်။Quကအခုထိဘာမှမတုံ့ပြန်သေး။ဒီတိုင်းငုတ်တုပ်သာ။နေသန်ခေါင်းကိုပြန်ထောင်လိုက်ပြီးQuအားမော့ကြည့်လိုက်သည်။


ထို့နောက်Qu၏မလှုပ်မသေမျက်နှာလေးအားကိုင်ကာမျက်ရည်များကျမိပြန်သည်။ဘာလို့။ဘာလို့ဒီလောက်တောင်ဖြစ်ပျက်နေရသလဲလို့မေးရင်သူ့မှာဖြေစရာတကယ်ပင်မေးခွန်းမရှိ။အရမ်းချစ်ရလို့လား၊မြတ်နိုးရလို့လား သို့မဟုတ် မသိစိတ်ကပြောနေသည့်အရာတစ်ခုကိုကြိုတင်သိနေသောကြောင့်ပေလား။


နေသန်မျက်လုံးတွေကိုမှိတ်ကာQuပေါင်ပေါ်သို့လှဲချကာငိုချလိုက်သည်။Quကအသက်မျှင်မျှင်လေးသာရှုလို့နေသည်။


တိတ်ဆိတ်မှုကအခန်းထဲဝယ်ကြီးစိုးသွားပြန်၏။


ခေတ္တအကြာတွင်နေသန့်ခေါင်းပေါ်သို့ခပ်ဖွဖွအရာလေးတစ်ခုရောက်လာပေသည်။မှန်သည်။Qu၏လက်။နေသန်ခေါင်းကိုမော့ကြည့်လိုက်တော့Quကနေသန့်အားမျက်လုံးများပိတ်သွားသည်အထိပြုံးပြပေသည်။နေသန်ဘာမှမပြောဘဲဖက်သာဖက်ထားလိုက်မိသည်။


"ငါ ထွက်သွားပေးမယ် သိလား 

မင်းနေကောင်းအောင်နေ ငါ့ကိုမေ့သွားလိုက်နော် "


ထိုစကားကိုဖက်ထားလျက်နှင့်ပြောတော့Quကခပ်ဖွဖွရယ်သည်။ထို့နောက် နေသန့်ကျောကုန်းလေးအားခပ်ဖွဖွပြန်ဖက်ပေးပြီးနေသန့်အားမျက်နှာချင်းဆိုင်လိုက်ကာဆိုသည်။


"မင်းမရှိတော့ရင်ငါကဘယ်လိုလုပ်နေကောင်းအောင်နေလို့ရမှာတုန်း နိတ်ရဲ့ အရူးလား"


"ကိုယ့်ကြောင့် ဒါတွေအားလုံးကိုယ့်ကြောင့်ဖြစ်ရတာလေ ကိုယ်ထွက်သွားရင်..."


"ငါမင်းကိုချစ်မိတာ ငါကိုယ်တိုင်ပဲမို့ 

မင်း မင်းကိုယ်မင်းအပြစ်တင်စရာမလိုဘူး နိတ်..ငါမင်းကိုချစ်တယ် ငါနာကျင်ရမယ် ဒါပေမဲ့အဆင်ပြေတယ် ငါနာကျင်လျက်နဲ့ပဲမင်းအနားမှာနေချင်တယ်"


"အဲ့လိုမပြောပါနဲ့ အချစ်ရယ် ကိုယ့်ကိုအဲ့လိုတွေမပြောပါနဲ့ ကိုယ့်ကိုအဲ့လိုတွေမပြောပါနဲ့ အချစ်ရယ်...."


ဆက်တိုက်ငိုလာသောနေသန့်ကြောင့်Quကပြုံးကာနေသန့်အားရင်ခွင်ထဲသို့ထွေးပိုက်ကာဖက်ထားမိသည်။သက်ပြင်းကိုဖြည်းညင်းစွာချလိုက်ရင်းသူနောက်လုပ်ရမည့်အရာတစ်ခုကိုဆုံးဖြတ်နေမိသည်။ဘယ်အရာတွေဖြစ်နေပါစေသူနေသန့်နားကထွက်သွားဖို့ရွေးချယ်မည်မဟုတ်။ဒါကိုသူသိသည်။


Quအိမ်မက်မဟုတ်ပေသောအိမ်မက်ကိုပြန်လည်ကာတွေးတောနေမိသည်။စိတ်ထဲကထိုနေရာကိုအာရုံခံနေပေမဲ့အရမ်းဝေးလွန်းလို့လားမသိအာရုံခံ၍မရပေ။ရင်ခွင်ထဲမှနေသန့်အားQuနှစ်သိမ့်ပေးနေပြီး ကျောပေါ်သို့ခေါင်းမှီကာတင်လိုက်သည်။ထို့နောက် . .


"နိတ် မင်းနဲ့ငါတော့မြေအောက်ခန်းတစ်ခုအကြောင်းကို လေ့လာရတော့မယ်ထင်တယ်"


"...."


‎                           𐮜 𐮜 𐮜


Volant Aera in Giethoorn

Time Unknown . .


Quတို့အခုအိမ်ကိုပြန်ရောက်နေကြပြီ။

တစ်ပတ်လောက်တော့ရှိပေမဲ့လာရင်းရည်ရွယ်ချက်ကိုတော့အချိန်ဆွဲထားသေးသည်။ပုံမာန်အတိုင်းစားကာ၊သောက်ကာနေပြီးQuနေမကောင်းတဲ့အချိန်တွေကိုပိုတိုးကာဂရုစိုက်ပေးသည်။ထိုနေ့ညကစင်သီယာ့ဆီသို့နေသန်တို့ပြန်မသွားဖြစ်ကြ။စင်သီယာကလဲနားလည်ပေးပါသည်။ထို့ကြောင့်နေသန်တို့နှစ်ယောက်ဘာမှသိပ်မပြောခဲ့။


အိမ်လေးထဲသို့ပြန်ရောက်ချိန်နေသန်တို့လီယွန့်ကိုမတွေ့ရပါ။ရက်ပိုင်းလောက်ထိရှာကြသေးပေမယ့်ရှာမတွေ့တာကြောင့်လက်လျော့လိုက်ရသည်။ဒီနေ့တော့ Quတို့ ပျားရည်ထောပတ်သုတ်လုပ်စားကြသည်။ထင်မထားဘဲနေသန်ကတကယ့်ပင်စာဖိုးမှူးတစ်ယောက်နှယ်ကျွမ်းကျင်လှသည်။အခုမှလုပ်ဖူးတာဟုဆိုပေမယ့် Quမယုံဘူးဟုဇွတ်ငြင်းနေသေးသည်။


တကယ်လက်ရာကQuထက်အဆပေါင်းများစွာသာသည်။နေသန်တို့အပြင်မှာအချိန်ကုန်ကာနေပြီးမှအိမ်ထဲသို့ပစ္စည်းများသိမ်းကာပြန်ရောက်လာတဲ့အချိန်တွင်မြေအောက်ခန်းတံခါးပွင့်ဟနေသည်ကိုတွေ့လိုက်ရသည်။


တိုင်ပင်မထားပေဘဲနှစ်ယောက်သားတစ်ယောက်ကိုယ်တစ်ယောက်ကြည့်မိလိုက်သည်။ထိုအချိန်မြေအောက်ခန်းတံခါးမှ အရိပ်တစ်ရိပ်ပေါ်ထွက်လို့လာသည်။ထိုအရိပ်လေးသည်ဖြည်းဖြည်းချင်းအပေါ်သို့တက်လို့လာနေပြီးအပေါ်သို့ရောက်သော် တံခါးလေးကိုသူ၏ခြေလေးနှင့်လှမ်းကာပိတ်လိုက်သည်။


Quနှင့်နေသန်ထိုအရာလေးကိုမျက်လုံးပြူးကာကြည့်နေသည်။ထိုအရာလေးက အေးအေးဆေးဆေးဒီဘက်အလှည့်Quတို့ကိုမြင်တွေ့သွားချိန်တစ်ချက်တုန်ကာသူ့ရှိအမွှေးများပင်ထောင်သွား၏။နေသန်တို့ဘက်မှစ၍တုံ့ပြန်လိုက်သည်။


"လီယွန် .. မင်းအဲ့အောက်မှာဘာလုပ်နေတာလဲ???"


"..."


အနာဂတ် နေသန်ထလင်းနော့တ်ဆီမှ . .


'Ahh start?ok start Ok ahh .. this is leon.leon this is ahh 4th wall break staffs..you can talk freely'


'Dude..I know .. tf are you think I'm sitting right here .. move'


'....(staffs*)'


'....(Nathan*)'


'..okok'


'ok leon so have you been well?'


'....(Nathan*)'


'....(staffs*)'


'no!'


'...(Nathan*)'


'I used have nothing .. No friend,no food,nothing..and then .. Qu found me .. I was in the middle of the forest he was smiling at me gently .. pull me up and said it will be alright .. At first I  try to scratch him actually .. but his eyes I found a home in his eyes .. (chuckles)from that moment I knew I found my master .. (smiles)I knew he will cherish me,love me,feed me,pat me I was scared all alone in the forest (chuckles)'


'...(Nathan*)'


'and then one day I found something .. a voice a spiritual animal talking to me to come looking for him .. Well guess what ?? I found him.And .. I heard a tragic story afterwards.Afterwards I tried to stop Qu to stop loving him.but it was too late.I was so folly.I just wanted him to have a friend but instead I push him to death.till this day I blame myself .. but Nate my man (smiles at nathan)he told me it was okay .. we help each other heal our own wounds (chuckles) and for that .. thank you Nate (smiles)thank you Thia (looking at the camera)and thank you Qu I know .. (sobbes)you will never be reborn again I know you are gone forever but thank you .. thank you for saving my life that day .. thank you(cries)'


END.




Zawgyi


အခန္း (၂၁)


ေနသန္Quအားအိပ္ရာထက္အေသအခ်ာေနရာခ်ထားခဲ့ၿပီးမွအခန္းအျပင္သို႔ထြက္လာခဲ့သည္။တံခါးကိုအသာေလးပိတ္ေပးထားခဲ့ၿပီးအရင္ဆုံးစိတ္ရွင္းေစရန္ဆိုၿပီး ဟိုတယ္၏ခုံတန္းေလးတစ္ခုတြင္ မ်က္ႏွာကိုလက္ျဖင့္အပ္ကာထိုင္ေနမိသည္။


ေနသန္သည္ပုံမာန္အားျဖင့္ဝမ္းနည္းလြယ္သူတစ္ေယာက္မဟုတ္။သို႔ေသာ္Quႏွင့္စေတြ႕လာကကတည္းကေနသန႔္မွာငိုရသည္၊ေပ်ာ္ရသည္၊ဝမ္းလဲဝမ္းနည္းရသည္ ထို႔ေနာက္ျမတ္ႏိုးရသည္။ေနာက္ခ်စ္လဲခ်စ္လာမိသည္။


ခ်စ္တယ္ ဆိုတဲ့စကားလုံးကိုအရင္က စာေပေတြထဲမွာသာျမင္ဖူးၾကားဖူးခဲ့ၿပီး အနက္အဓိပၸာယ္ကိုလဲအေသအခ်ာမသိခဲ့ေပ။ေပါ့ေပါ့ေလးသာေတြးထင္ထားခဲ့သည္ေလ။သို႔ေသာ္ Quကေနသန႔္အားသင္ၾကားေပးခဲ့သည္။အခ်စ္ဆိုတဲ့ေခါင္းစဥ္ေအာက္ဝယ္ေနသန္တစ္ေယာက္အခုဆိုအၿပိဳၿပိဳအလဲလဲျဖင့္နစ္ဝင္ကာေနေနၿပီျဖစ္၏။


Quဆိုေသာစိတၱဇနာမ္စားေလးထဲတြင္ ေနသန္အၿမဲခိုလုံခ်င္ခဲ့သည္။သူ၏ရပ္ဝန္းတခ်ိဳ႕တြင္ပန္းမိုးေတြႀကဲေပးခ်င္ခဲ့သည္။သူ၏ဘဝကိုအလွပဆုံးပုံေဖာ္ေပးခ်င္ခဲ့သည္။သူေပ်ာ္ပါသည္။သူ၏ပထမဆုံးအခ်စ္ႏွင့္ေနာက္ဆုံးေသာအခ်စ္ဟာဒီေကာင္ေလးတစ္ေယာက္တြင္သာအဆုံးသတ္သည္။


အခ်စ္ဦးႏွင့္အခ်စ္ဆုံးဟာတစ္ထပ္တည္းျဖစ္ေနခဲ့လွ်င္ နာက်င္ရသည္တဲ့။အဘယ္သူဆိုခဲ့သည္မသိေသာျငားလည္းယခုထိုစကားအားလက္ခံရမည္လိုျဖစ္ေနၿပီ။သို႔ေသာ္ေနသန္မခံယူပါ။သူအေကာင္းဆုံးQuအတြက္လုပ္ေဆာင္ေပးသြားမည္။အခုေကာ၊ေနာင္ေကာ၊သူ႔ျပကၡဒိန္ေတြေႂကြလြင့္မသြားခင္ထိေကာ။


ေရနံဆီမီးအိမ္မွာမီးေတာက္ေလးကအျပင္ကရာသီဥတုေၾကာင့္ခပ္မွိန္မွိန္သာေတာက္ေလာင္လ်က္ရွိသည္။ဟိုတယ္ရီစပ္ပရွင္တြင္လူတစ္ေယာက္တစ္ေလမွရွိမေနဘဲ အျပင္တံခါးဝတြင္သာခုနကသူတို႔အားအခန္းထဲသို႔လမ္းၫႊန္ေပးခဲ့ေသာ ဝန္ထမ္းေကာင္ေလးသာ အိပ္ေမာက်ေနသည္ကိုေတြ႕ရသည္။


ေနသန္သက္ျပင္းကိုစိတ္အလိုအရမဟုတ္ေပဘဲခ်မိလိုက္သည္။ထို႔ေနာက္ေဘးဘီသို႔ေဝ့ၾကည့္ရင္းနံရံေထာင့္တြင္ရွိေသာ အမ်ားသုံးဖုန္းဟုစာတန္းခ်ထားသည့္ ေနရာသို႔ခပ္ျဖည္းျဖည္းေလွ်ာက္သြားလိုက္သည္။


ထိုင္ခ်..။


နံပါတ္ေတြကိုလွည့္ကာေနေပမယ့္ေနသန႔္လက္ေတြကအားယုတ္လို႔ေနေပၿပီ။မ်က္လုံးထဲတြင္ျမင္ေယာက္လာေသာ Qu၏ညေနကပုံရိပ္ေလးကေနသန႔္အားၿပဳံးျပကာေနသည္။ 'နိတ္..' ဟူေသာအသံလြင္လြင္ေလးႏွင့္မိမိဘက္သို႔လက္လွမ္းျပေနေသာQu။အၿပဳံးေတြေဝဆာလ်က္ရွိေနေသာမ်က္ႏွာေလးမွာတမူထူးျခားကာလွရက္လြန္းသည္။


ေနသန္ေနာက္နံပါတ္တစ္ခုကိုမလွည့္ခင္ ႐ုတ္တရက္ႀကီးငိုခ်လိုက္မိသည္။႐ုတ္တရက္ဟုဆိုလွ်င္အနည္းငယ္မွားယြင္းေနမည္။ယခုမွလႊတ္ခ်မိလိုက္သည္ဆိုမွန္ေပမည္။လက္ေတြကိုမ်က္ႏွာမွာအပ္ကာအသံမထြက္ေအာင္ငိုလိုက္သည္မွာအကယ္၍မ်ားQuမိမိအသံေၾကာင့္ႏိုးလာမည္ဆိုး၍။ေနသန႔္မ်က္ရည္ေတြကသူ႔လက္ေတြကိုခဏအတြင္း႐ႊဲစိုလို႔သြားေစၿပီး ကုတ္အက်ႌေပၚသို႔တစ္ေပါက္ေပါက္ႏွင့္က်လာေလေတာ့သည္။


"ငါ့အမွား ငါသာအတၱမႀကီးဘဲနဲ႔ ထြက္သြားေပးႏိုင္ခဲ့ရင္ သူဒီလိုျဖစ္ရမွာမဟုတ္ဘူး...ငါ .. ငါကသူ႔အတြက္မေကာင္းတာသိသိႀကီးႏွင့္ငါ့အတၱနဲ႔ငါဆက္ေနမိခဲ့တာ ငါမွားတာ...ငါ..ငါမွားတာ..."


အျပင္တြင္ေအာ္ႀကီးဟစ္က်ယ္ေပါက္ကြယ္မေနေပမဲ့ရင္ဘတ္ထဲတြင္အဏုျမဴဗုံးေတြကလႊတ္ထြက္လို႔ၿပီးေနၿပီ။ေနသန႔္ ရင္ေတြဆူေနသည္။နာက်င္ေနသည္။ဝမ္းနည္းေနသည္။ယူႀကဳံးမရျဖစ္ေနသည္။အဆိုးဆုံးကကိုယ့္ကိုယ္ကိုယ္အျပစ္တင္ေနမိသည္။ကိုယ့္ေၾကာင့္ကိုယ့္ခ်စ္ရေသာသူနာက်င္ရသည္မွာအဆိုးဝါးဆုံးေသာျဖစ္ရပ္တစ္ခုျဖစ္ေပ၏။


တစ္ခဏေလာက္ခြဲေနရလို႔လြမ္းဆြတ္လာေသာမိမိ၏စိတ္ကိုမထိန္းႏိုင္ဘဲလႊတ္ေပးမိလိုက္တာကိုကမွားသည္ျဖစ္သည္။စင္သီယာနဲ႔ေနေနေသာကာလတြင္တစ္ခ်ိန္လုံးက်န္းမာ၍႐ႊင္လန္းေနေသာQuကိုေနသန္အေဝးကေနလွမ္းျမင္ေနရပါသည္။သို႔ေသာ္ ေနသန္အတၱႀကီးမိသည္ဟုဆိုရမည္လား။Quကိုသူ႔အနားတြင္သာရွိေစခ်င္မိသည္။ခ်စ္ခ်င္သည္၊ယုယခ်င္သည္၊ၾကင္နာခ်င္သည္၊ေထြးပိုက္ထားခ်င္မိသည္။


ဒါေတာင္ဒီညေနကိုယ္ဒီေလာက္ခပ္ေဝးေဝးမွာေနေပးေနရက္သားနဲ႔ျဖစ္သြားေသးသည္။သူဘယ္လိုလုပ္ရေတာ့မည္လဲ။တကယ္ပဲသူ႔ကိုဆုံးရႈံးေပးရေပေတာ့မည္လား။


ေနသန္တရႈိက္ရႈိက္ႏွင့္ရႈိက္ငိုေနသည္မွာ ဝန္ထမ္းေကာင္ေလးအားလႈပ္ႏိုးသလိုျဖစ္သြားေလသည္။အသံေၾကာင့္ေဘးပတ္ဝန္းက်င္ကိုက်ီးကန္းေငါက္ေတာက္လိုက္ၾကည့္ၿပီးေနသန႔္ကိုျမင္မွအၾကည့္ရပ္သြားေသာေကာင္ေလးမွာသက္ျပင္းကိုခ်လိုက္ၿပီးသူ၏ဝန္ထမ္းေဆာင္းအုပ္ထုပ္ကို ေအာက္သို႔ခ်ကာေနသန္ဝမ္းနည္းသည္ႏွင့္ထပ္တူဝမ္းနည္းပါေၾကာင္းထုတ္ေဖာ္ေပးလိုက္သည္။


ထို႔ေနာက္မိမိသည္လဲတျခားဘက္သို႔ လွည့္ကာတစ္ဖန္ျပန္အိပ္ဖို႔ႀကိဳးစားလိုက္သည္။ႏို႔မဟုတ္ရင္မနက္ျဖန္မနက္ေစာေစာထႏိုင္မည္မဟုတ္ေလ။


"အာာား!!!"


"Quu..."


႐ုတ္တရက္အသံစူးစူးေလးတစ္ခုၾကားလိုက္ေသာေၾကာင့္နားစြန႔္ေနမိရာမွသူတို႔အခန္းနားမွလာေသာအသံျဖစ္တာကိုသိလိုက္ရသည္။ေနသန္မ်က္ရည္ေတြေတာင္မသုတ္ႏိုင္ဘဲအလ်င္စလိုေျပးသြားမိသည္။တံခါးကိုဘန္းခနဲဖြင့္ခ်ကာၾကည့္လိုက္ေတာ့တကယ္ပဲQuျဖစ္ေနေပသည္။


Quမွာအသက္ကိုျပင္းစြာရႈရႈိက္ေနၿပီးေမာဟိုက္ေနပုံရသည္။မ်က္လုံးေတြကျပဴးေၾကာင္လို႔ေနၿပီးတစ္စုံတစ္ခုကိုအာ႐ုံရေနဟန္။


"Quuu..."


ေနသန္ဒူးေထာက္ကာဝင္ခ်သြားလိုက္သည္။Qu၏လက္ေလးေတြကိုသူ႔နဖူးထက္ဆုပ္ကိုင္ထားလိုက္ၿပီး 'ေက်းဇူးတင္ပါတယ္' ဟုတတြတ္တတြတ္ေရ႐ြတ္ေနမိျပန္သည္။Quကအခုထိဘာမွမတုံ႔ျပန္ေသး။ဒီတိုင္းငုတ္တုပ္သာ။ေနသန္ေခါင္းကိုျပန္ေထာင္လိုက္ၿပီးQuအားေမာ့ၾကည့္လိုက္သည္။


ထို႔ေနာက္Qu၏မလႈပ္မေသမ်က္ႏွာေလးအားကိုင္ကာမ်က္ရည္မ်ားက်မိျပန္သည္။ဘာလို႔။ဘာလို႔ဒီေလာက္ေတာင္ျဖစ္ပ်က္ေနရသလဲလို႔ေမးရင္သူ႔မွာေျဖစရာတကယ္ပင္ေမးခြန္းမရွိ။အရမ္းခ်စ္ရလို႔လား၊ျမတ္ႏိုးရလို႔လား သို႔မဟုတ္ မသိစိတ္ကေျပာေနသည့္အရာတစ္ခုကိုႀကိဳတင္သိေနေသာေၾကာင့္ေပလား။


ေနသန္မ်က္လုံးေတြကိုမွိတ္ကာQuေပါင္ေပၚသို႔လွဲခ်ကာငိုခ်လိုက္သည္။Quကအသက္မွ်င္မွ်င္ေလးသာရႈလို႔ေနသည္။


တိတ္ဆိတ္မႈကအခန္းထဲဝယ္ႀကီးစိုးသြားျပန္၏။


ေခတၱအၾကာတြင္ေနသန႔္ေခါင္းေပၚသို႔ခပ္ဖြဖြအရာေလးတစ္ခုေရာက္လာေပသည္။မွန္သည္။Qu၏လက္။ေနသန္ေခါင္းကိုေမာ့ၾကည့္လိုက္ေတာ့Quကေနသန႔္အားမ်က္လုံးမ်ားပိတ္သြားသည္အထိၿပဳံးျပေပသည္။ေနသန္ဘာမွမေျပာဘဲဖက္သာဖက္ထားလိုက္မိသည္။


"ငါ ထြက္သြားေပးမယ္ သိလား 

မင္းေနေကာင္းေအာင္ေန ငါ့ကိုေမ့သြားလိုက္ေနာ္ "


ထိုစကားကိုဖက္ထားလ်က္ႏွင့္ေျပာေတာ့Quကခပ္ဖြဖြရယ္သည္။ထို႔ေနာက္ ေနသန႔္ေက်ာကုန္းေလးအားခပ္ဖြဖြျပန္ဖက္ေပးၿပီးေနသန႔္အားမ်က္ႏွာခ်င္းဆိုင္လိုက္ကာဆိုသည္။


"မင္းမရွိေတာ့ရင္ငါကဘယ္လိုလုပ္ေနေကာင္းေအာင္ေနလို႔ရမွာတုန္း နိတ္ရဲ႕ အ႐ူးလား"


"ကိုယ့္ေၾကာင့္ ဒါေတြအားလုံးကိုယ့္ေၾကာင့္ျဖစ္ရတာေလ ကိုယ္ထြက္သြားရင္..."


"ငါမင္းကိုခ်စ္မိတာ ငါကိုယ္တိုင္ပဲမို႔ 

မင္း မင္းကိုယ္မင္းအျပစ္တင္စရာမလိုဘူး နိတ္..ငါမင္းကိုခ်စ္တယ္ ငါနာက်င္ရမယ္ ဒါေပမဲ့အဆင္ေျပတယ္ ငါနာက်င္လ်က္နဲ႔ပဲမင္းအနားမွာေနခ်င္တယ္"


"အဲ့လိုမေျပာပါနဲ႔ အခ်စ္ရယ္ ကိုယ့္ကိုအဲ့လိုေတြမေျပာပါနဲ႔ ကိုယ့္ကိုအဲ့လိုေတြမေျပာပါနဲ႔ အခ်စ္ရယ္...."


ဆက္တိုက္ငိုလာေသာေနသန႔္ေၾကာင့္Quကၿပဳံးကာေနသန႔္အားရင္ခြင္ထဲသို႔ေထြးပိုက္ကာဖက္ထားမိသည္။သက္ျပင္းကိုျဖည္းညင္းစြာခ်လိုက္ရင္းသူေနာက္လုပ္ရမည့္အရာတစ္ခုကိုဆုံးျဖတ္ေနမိသည္။ဘယ္အရာေတြျဖစ္ေနပါေစသူေနသန႔္နားကထြက္သြားဖို႔ေ႐ြးခ်ယ္မည္မဟုတ္။ဒါကိုသူသိသည္။


Quအိမ္မက္မဟုတ္ေပေသာအိမ္မက္ကိုျပန္လည္ကာေတြးေတာေနမိသည္။စိတ္ထဲကထိုေနရာကိုအာ႐ုံခံေနေပမဲ့အရမ္းေဝးလြန္းလို႔လားမသိအာ႐ုံခံ၍မရေပ။ရင္ခြင္ထဲမွေနသန႔္အားQuႏွစ္သိမ့္ေပးေနၿပီး ေက်ာေပၚသို႔ေခါင္းမွီကာတင္လိုက္သည္။ထို႔ေနာက္ . .


"နိတ္ မင္းနဲ႔ငါေတာ့ေျမေအာက္ခန္းတစ္ခုအေၾကာင္းကို ေလ့လာရေတာ့မယ္ထင္တယ္"


"...."


‎                           𐮜 𐮜 𐮜


Volant Aera in Giethoorn

Time Unknown . .


Quတို႔အခုအိမ္ကိုျပန္ေရာက္ေနၾကၿပီ။

တစ္ပတ္ေလာက္ေတာ့ရွိေပမဲ့လာရင္းရည္႐ြယ္ခ်က္ကိုေတာ့အခ်ိန္ဆြဲထားေသးသည္။ပုံမာန္အတိုင္းစားကာ၊ေသာက္ကာေနၿပီးQuေနမေကာင္းတဲ့အခ်ိန္ေတြကိုပိုတိုးကာဂ႐ုစိုက္ေပးသည္။ထိုေန႔ညကစင္သီယာ့ဆီသို႔ေနသန္တို႔ျပန္မသြားျဖစ္ၾက။စင္သီယာကလဲနားလည္ေပးပါသည္။ထို႔ေၾကာင့္ေနသန္တို႔ႏွစ္ေယာက္ဘာမွသိပ္မေျပာခဲ့။


အိမ္ေလးထဲသို႔ျပန္ေရာက္ခ်ိန္ေနသန္တို႔လီယြန႔္ကိုမေတြ႕ရပါ။ရက္ပိုင္းေလာက္ထိရွာၾကေသးေပမယ့္ရွာမေတြ႕တာေၾကာင့္လက္ေလ်ာ့လိုက္ရသည္။ဒီေန႔ေတာ့ Quတို႔ ပ်ားရည္ေထာပတ္သုတ္လုပ္စားၾကသည္။ထင္မထားဘဲေနသန္ကတကယ့္ပင္စာဖိုးမႉးတစ္ေယာက္ႏွယ္ကြၽမ္းက်င္လွသည္။အခုမွလုပ္ဖူးတာဟုဆိုေပမယ့္ Quမယုံဘူးဟုဇြတ္ျငင္းေနေသးသည္။


တကယ္လက္ရာကQuထက္အဆေပါင္းမ်ားစြာသာသည္။ေနသန္တို႔အျပင္မွာအခ်ိန္ကုန္ကာေနၿပီးမွအိမ္ထဲသို႔ပစၥည္းမ်ားသိမ္းကာျပန္ေရာက္လာတဲ့အခ်ိန္တြင္ေျမေအာက္ခန္းတံခါးပြင့္ဟေနသည္ကိုေတြ႕လိုက္ရသည္။


တိုင္ပင္မထားေပဘဲႏွစ္ေယာက္သားတစ္ေယာက္ကိုယ္တစ္ေယာက္ၾကည့္မိလိုက္သည္။ထိုအခ်ိန္ေျမေအာက္ခန္းတံခါးမွ အရိပ္တစ္ရိပ္ေပၚထြက္လို႔လာသည္။ထိုအရိပ္ေလးသည္ျဖည္းျဖည္းခ်င္းအေပၚသို႔တက္လို႔လာေနၿပီးအေပၚသို႔ေရာက္ေသာ္ တံခါးေလးကိုသူ၏ေျခေလးႏွင့္လွမ္းကာပိတ္လိုက္သည္။


Quႏွင့္ေနသန္ထိုအရာေလးကိုမ်က္လုံးျပဴးကာၾကည့္ေနသည္။ထိုအရာေလးက ေအးေအးေဆးေဆးဒီဘက္အလွည့္Quတို႔ကိုျမင္ေတြ႕သြားခ်ိန္တစ္ခ်က္တုန္ကာသူ႔ရွိအေမႊးမ်ားပင္ေထာင္သြား၏။ေနသန္တို႔ဘက္မွစ၍တုံ႔ျပန္လိုက္သည္။


"လီယြန္ .. မင္းအဲ့ေအာက္မွာဘာလုပ္ေနတာလဲ???"


"..."


အနာဂတ္ ေနသန္ထလင္းေနာ့တ္ဆီမွ . .


'Ahh start?ok start Ok ahh .. this is leon.leon this is ahh 4th wall break staffs..you can talk freely'


'Dude..I know .. tf are you think I'm sitting right here .. move'


'....(staffs*)'


'....(Nathan*)'


'..okok'


'ok leon so have you been well?'


'....(Nathan*)'


'....(staffs*)'


'no!'


'...(Nathan*)'


'I used have nothing .. No friend,no food,nothing..and then .. Qu found me .. I was in the middle of the forest he was smiling at me gently .. pull me up and said it will be alright .. At first I  try to scratch him actually .. but his eyes I found a home in his eyes .. (chuckles)from that moment I knew I found my master .. (smiles)I knew he will cherish me,love me,feed me,pat me I was scared all alone in the forest (chuckles)'


'...(Nathan*)'


'and then one day I found something .. a voice a spiritual animal talking to me to come looking for him .. Well guess what ?? I found him.And .. I heard a tragic story afterwards.Afterwards I tried to stop Qu to stop loving him.but it was too late.I was so folly.I just wanted him to have a friend but instead I push him to death.till this day I blame myself .. but Nate my man (smiles at nathan)he told me it was okay .. we help each other heal our own wounds (chuckles) and for that .. thank you Nate (smiles)thank you Thia (looking at the camera)and thank you Qu I know .. (sobbes)you will never be reborn again I know you are gone forever but thank you .. thank you for saving my life that day .. thank you(cries)'


END.

Comments

Post a Comment