A Sweven Elegy from Nature - Chapter (22)

 Unicode


အခန်း (၂၂)


"..."


သုံးယောက်သားမလှုပ်မယှက်တစ်ယောက်ကိုယ်တစ်ယောက်အပြိုင်အဆိုင်ကြည့်နေကြသည်မှာမည်သူကဦးကာစကားစပြောမည်လဲဆိုတာကိုစောင့်နေကြသည့်အလား။လီယွန်ကသူ၏မည်းကာနက်မှောင်လို့နေတဲ့မျက်ဆန်များကိုပြူးကာကြည့်ရင်းအမွှေးများထောင်ကာနေရာအတိုင်းရပ်လို့နေ၏။


Quကသူ့လက်ထဲမှာပိုက်ထားတဲ့ခုနကသူတို့ထိုင်ဖို့ခင်းခဲ့သည့်အခင်းပါးကိုရုတ်တရက်ဖြည်ချလိုက်မိသည်။ဖျာအလိပ်လိုက်ကြီးအရှည်လိုက်လီယွန့်အနီးအနားအထိသို့တန်းကာရောက်သွားသည်ကိုသုံးယောက်သားမျက်လုံးအပြူးသားဖြင့်ကြည့်ရင်း။နောက်ဆုံးအခင်းပါးအလိပ် ပြယ်သွားတာရပ်လို့သွားမှလီယွန်နှင့်နေသန်ကQuအားမော့ကြည့်လာသည်။


Quသွားလေးဖြဲပြလိုက်သည်။

နေသန်ကခေါင်းခါသည်။


"ကဲ..ကောင်းသောပြန်လည်တွေ့ဆုံမှုလေးပဲ အရမ်းကောင်းတာပဲ perfect! လီယွန်မင်းနဲ့ငါနဲ့ကရှင်းစရာရှိသေးတယ် လိုက်ခဲ့ Quဒါတွေသိမ်းထား ရော့"


နေသန်ကရွဲ့ပြောရင်းပြောကာသူ့လက်ထဲမှပစ္စည်းပစ္စယတွေကိုQuလက်ထဲသို့ထိုးပေးလိုက်ရင်းလီယွန့်အားမျက်စပစ်ကာခေါ်သွားသည်။Quချက်ချင်းပင်ပြယ်နေတဲ့ ဖျာလိပ်ကိုလုံးလုံးလုံးလုံးဖြင့်ခေါက်သိမ်းလိုက်ကာနေသန်တို့သွားတဲ့ဘက်ကိုခိုးကာကြည့်လိုက်သည်။


နှစ်ယောက်သားမှာတစ်ယောက်ကိုယ်တစ်ယောက်ကြည့်နေကြပြီးမျက်မှောင်ကြီးတွေကိုကုတ်ထားကြသည်။Quအလွန်အမင်စိတ်ဝင်စားနေသည်မှာသူတို့ပြောမည့်စကားတွေကိုမဟုတ်။သူတို့နှစ်ယောက်မည်သို့မည်ပုံစကားပြောမည်ဆိုသည်ကိုပင်။Quလျှာလေးသပ်ကာဖြင့်ပစ္စည်းတွေကိုမီးဖိုခန်းထဲမှဗီရိုတစ်ခုထဲသို့အမြန်ထိုးသိပ်ကာထည့်လိုက်ပြီးနောက်ခပ်ဖွဖွအသာလေးနေသန်တို့ရှိတဲ့ဘက်ကိုခေါင်းလေးထိုးကာခိုးကြည့်ရင်းနားစွင့်လိုက်သည်။


"မင်းကဘာလို့အဲ့အောက်ကထွက်လာတာလဲ ဧကန္တအောက်မှာကြွက်ဖမ်းနေတာလို့တော့မပြောနဲ့နော်"


လီယွန်ကပြန်မဖြေ။သူကားသူ၏လက်ဖမိုးတစ်ဖက်အားထောင်ရင်းနေသန့်အားတစ်ချက်ကြည့်လိုက်ပြီးမှလျှာဖြင့်ယပ်ကာအမှုမဲ့အမှတ်မဲ့ပုံစံလုပ်ပြနေသည်။နေသန်ကလဲအထူးတည်ငြိမ်ပါသည်။လီယွန်လုပ်နေသည်ကိုဘာမှမပြောဘဲရလာမည့်အဖြေကိုသာလီယွန့်အားစေ့စေ့ကြည့်ရင်းစောင့်မြဲစောင့်နေသည်။


"..."


စက္ကန့်အတော်ကြာတော့လီယွန်ကထိန်းမထားနိုင်ဟန်သူ၏လက်ဖမိုးလေးကိုအောက်သို့တုတ်ခနဲအသံမြည်အောင်ချလိုက်ပြီး သက်ပြင်းချသည်။ထို့နောက်နေသန့်အားမျက်စောင်းထိုးကြည့်ရင်းQuဘက်သို့လှည့်ကြည့်သည်။


လှမ်းခိုးကြည့်နေသည့်Quနှင့်လီယွန်မျက်လုံးချင်းဆုံသွားတော့လီယွန်ကခေါင်းကိုခါသည်။နေသန်ကတော့သိသောကြောင့်လှည့်ပင်ကြည့်နေစရာမလို။Quအလျင်အမြန်တော့ရှောင်တိမ်းလိုက်ပါသေးသည်။သို့သော်လီယွန်ကလျင်သည်။


ဆိုတော့ပြောမှနေသန်သည်လည်းပုံမာန်ဆိုခေသည်မဟုတ်။သူနဲ့တွေ့မှအားနည်းချက်တွေရှိလာခဲ့တာပဲ။


ထိုသို့ပြောမည်ဆိုလျှင်လည်းQuသည်လည်းခေသူတစ်ယောက်မဟုတ်ပေလေ။ဘယ်သူမသိသိကိုယ့်ကိုယ်ကိုယ်သာအသိဆုံးဖြစ်သည်တဲ့။ဆိုတော့ရယ်တော့ရယ်ရပါသည်။မခေသောသူနှစ်ယောက်ဟာတစ်ယောက်နှင့်တစ်ယောက်တွေ့ကာမှတစ်ယောက်အပေါ်တစ်ယောက်ကျရှုံးကျရသည်တဲ့လား။


"Qu.."


"..."


"ဒီတလော အဆင်မပြေဘူး"


နံရံကိုကပ်ကာကျောခိုင်းထားသော်လည်း ရှင်းလင်းပြတ်သားစွာကြားနေရသည့်နေသန့်၏ဩဇာအပြည့်နှင့်အသံဟာယခုတော့ညှိုးငယ်လို့နေသည်။လီယွန်ယခု ဘာပုံစံဖြစ်နေမည်ကိုQuမမြင်ရသော်လည်းဘယ်လိုဖြစ်သွားမည်ကိုတော့မျက်လုံးထဲပေါ်ပါသည်။သူ့အတွက်ချည်းစိတ်ပူနေရတဲ့နှစ်ယောက်ကိုQuအားနာသလိုစိတ်မကောင်းလဲဖြစ်မိသည်။


မိမိလက်နှစ်ဖက်ကိုမိမိဖြန့်ကာငါဒီလောက်ထိတောင်မကျန်းမာနိုင်ဘူးလားလို့မေးမိရင်သူတို့စိတ်ဆိုးမည်လား။ဒါမှမဟုတ်စိတ်မကောင်းသာဖြစ်မည်လား။ဘာလို့ဆိုအမှန်တရားပေမလို့လေ။


"Quကမြေအောက်ခန်းထဲဆင်းကြည့်ချင်တယ်တဲ့"


"..."


"ဟင်း .. လီယွန် တချို့သိသင့်တဲ့ဟာတွေကကြိုတင်သိထားရင်ကြိုတင်ပြင်ဆင်ချိန်ရတယ် ငါတို့ဘာကိုမှကြိုတင်မတွက်ချက်နိုင်ဘူး ငါတို့ကဗေဒင်ဆရာတွေမဟုတ်သလို အနာဂတ်ဟောကြားသူတွေလဲမဟုတ်ဘူး"


"..."


"ဒါပေမဲ့.."


Quမျက်လွှာတွေကိုအောက်သို့စိုက်ထားသည်။နေသန်၏စကားသံတွေဟာသူ၏နားထဲပျံ့လွှင့်နေရင်းQuကိုယ့်ခြေတန်ဖြူဖြူနှစ်ဖက်အားစိုက်ကြည့်ကာလုပ်သင့်သည့်အရာတစ်ခုကိုလုပ်ရမည်ကိုစဉ်းစားမိသော်လည်းတွန့်ဆုတ်နေမိသည်။


သို့သော်နောက်ဆုံးQuဆုံးဖြတ်ချက်ချလိုက်သည်။ခေါင်းကိုငြိမ့်အသက်ကိုခပ်ပြင်းပြင်းရှုကာခြေသံဖွဖွနှင့်ဦးတည်လိုက်သည်။မြေအောက်ခန်းတံခါးဆီသို့။


တံခါးကိုအသာဖွင့်တော့တံခါးဟာသူ၏လိုရာအတိုင်းမည်သည့်အသံမှမထွက်စေဘဲအသာသာပွင့်လာသည်။Quမြေအောက်ခန်းထဲသို့ဆင်းရာလှေကားတွေကိုကြည့်ရင်းနှုတ်ခမ်းတွေကိုကိုက်ထားမိပြန်သည်။


"ငါလုပ်သင့်ရဲ့လား .. "


သူ့ကိုယ်သူပြန်မေးမိသည်။


နောက်ဆုံးတော့သူ့ဆုံးဖြတ်ချက်ဟာမြေအောက်ခန်းတံခါးကိုပိတ်စေခဲ့သည်။လူကတော့အထဲသို့ရောက်သွားနှင့်ပြီးဖြစ်၏။Quလင်းထိန်နေသည့်မြေအောက်ခန်းကိုကြည့်ရင်းအံ့ဩနေမိသည်။သူတို့ယခင်ဆင်းကြည့်ခဲ့စဉ်ခါထက်သန့်ရှင်းလို့နေပြီးနွယ်ပင်အသစ်တချို့ကိုလဲတွေ့ရသည်။မိသားစုဓာတ်ပုံဟာလဲသန့်ပြောင်လို့နေပြီးဆိုဖာပေါ်မှဖုန်များလဲပြောင်ရှင်းလို့နေသည်။


Quသူ၏မျက်လုံးများကိုနွယ်ပင်တွေအခြေပြုရာနေရာသို့စုကြည့်လိုက်တော့ ထင်ထားသည်ကော၊မထင်မှတ်ထားသည့်နေရာမှာပဲဖြစ်နေသည်။အသေပိတ်ထားသော သံတံခါးချက်လက်ကိုင်တချို့တွင်ပန်းပင်နှင့်မြက်ပင်တချို့ပေါက်ရောက်နေ၏။နှစ်ပေါင်းမည်မျှကြာသွားသည်မသိသည့်တိုင်အောင်သံချေးမတက်သေးသည့်တံခါးကိုQuလက်နှင့်ကိုင်ကြည့်လိုက်မိသည်။


ထိမိလိုက်ချင်းကိုပင်တစ်ကိုယ်လုံးကျဉ်တက်ကာရရှိလာတဲ့ခံစားချက်ကနေသန်နှင့်ပထမဆုံးစတွေ့တုန်းကဖြစ်သည့်ခံစားချက်နှင့်ဆန့်ကျင်ဘက်။Quတံခါးလှည့်ကိုလက်နှင့်အသာအယာလှည့်လိုက်သည်။ချက်ချင်းတောက်ခနဲမြည်ကာအလွယ်တကူပွင့်သွားသည်ကမကြာသေးခင်ကဖွင့်ထားသည့်လူရှိသည်ဟုသတ်မှတ်လို့ရသည်။


Quတံခါးကိုဆွဲကာဖွင့်ကြည့်လိုက်သည်။အောက်ခြေကိုစတင်မြင်ရတဲ့အခါကြည့်မိလိုက်တော့သဘာဝအလျောက်ဖြစ်ပျက်နေတဲ့မြေကြီးနှင့်မြက်ပင်တချို့။ထိုမှတစ်လျှောက်မျက်စိကအပေါ်သို့မော့ကြည့်ရာ..။


"..(amazed)"


လှပသောအဆုံးမဲ့သစ်တောကြီး။

ကျေးငှက်တကာတို့လေပေါ်တွင်ပျံဝဲလို့နေပြီးကောင်းကင်ယံတစ်ခုလုံးကပြာကာတိမ်တွေသည်လည်းကင်းစင်လို့။နေရာတိုင်းတွင်အဖြူရောင်လုံးလုံးသဏ္ဍာန်လေးတွေကိုတွေ့မြင်ရပြီးတချို့ရေကန်များတွင်အဖြူရောင်သဏ္ဍာန်ဗျိုင်းဖြူတစ်ချို့ကိုတွေ့ရသည်။


Quသစ်တောထဲသို့စတင်ကာခြေတစ်လှမ်း လှမ်းလိုက်သည်။ထိုအခါခြေဖျားမှတဆင့် ဆင့်တက်လာတဲ့စွမ်းအားတွေကQuအားတစ်ကိုယ်လုံးအင်အားအပြည့်ပေးလိုက်သည်။အသက်ကိုဝဝရှုလိုက်သကဲ့သို့ဖြစ်သွားရာခေါင်းကိုမော့ကာကြည့်လိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်းဟာတကယ်ကိုပင်အံ့ဖွယ်အတိ။


လှပသည်။သာယာသည်။ကြည်နူးဖွယ်အပြည့်ရှိသည်။Quတစ်လှမ်းချင်းဆီ သစ်တောအတွင်းသို့ခြေလှမ်းနေမိသည်။လှမ်းလိုက်တိုင်းရရှိလာတဲ့ခံစားချက်တွေဟာအလွန်အင်မတန်မှကောင်းမွန်လွန်းနေသဖြင့်လှမ်းပြီးတိုင်းသာလှမ်းချင်နေမိသည်။Quအိမ်မက်ထဲမှပုံရိပ်တချို့နှင့်ထပ်တူညီသည့်နေရာများကိုတိုက်ကြည့်လိုက်သည်။လက်စသတ်တော့တစ်ချိန်လုံး ဒီနေရာမှာပဲရှိနေတာကို။


Quတစ်ချက်ခပ်ဟဟရယ်လိုက်ရင်းရှေ့သို့ဆက်လျှောက်သွားမိသည်။အိမ်မက်ထဲကအတိုင်းအဖြူရောင်ကောင်လေးတချို့ကQuအားလှမ်းကာကြည့်ပါသည်။သို့သော်ဘာမှမပြု။သူတို့အနွယ်ဝင်တစ်ယောက်လိုသတ်မှတ်ပုံရပြီးတချို့ဆိုပြုံးသလိုပုံစံတောင်လုပ်ပြသွားသေးသည်။


Quသူ့ကိုပြုံးပြသည့်သေးသေးအကောင်လေးတချို့ကိုပြန်ကာပြုံးပြလိုက်သည်။ထို့နောက်ခန္ဓာကိုယ်ကိုတစ်ပတ်လှည့်ကာဤအဆုံးမဲ့သစ်တောကြီး၏အလှကိုခံစားနေလိုက်သည်။


"Quuu..."


"..."


ရုတ်တရက်မိမိကိုလှမ်းခေါ်လိုက်သည့်အသံကြောင့်Quလှည့်ကာကြည့်မိလိုက်သည်။ရင်းရင်းနှီးနှီးကိုကြားဖူးနေသည့်အသံဖြစ်တာကြောင့်Quမျက်မှောင်ကုတ်ကာဝှေ့ယမ်းရှာမိလိုက်သည်။သို့သော်ဘာမှမတွေ့။ဒီတစ်ခါတော့Quမိမိအကြားအာရုံကိုမိမိယုံသည်။တကယ်ကိုကြားလိုက်ရသည်။ဒါကြောင့်မတွေ့မချင်းလှည့်ကာရှာမိနေသည်။


နောက်မှခေါင်းထဲပေါ်လာတဲ့လွန်ခဲ့တဲ့အပတ်ကအိမ်မက်တချို့ကိုအမှတ်ရလိုက်သည်။Quမျက်လုံးတွေကိုမှိတ်လိုက်သည်။နောက်စိတ်ကိုတည်ငြိမ်အားထားလိုက်ပြီးနောက်ပါးစပ်မှစကားတစ်ခွန်းကိုရေရွတ်လိုက်သည်။


"Take me(ခေါ်သွားပေးပါ)"


ပထမတော့ဘာမှမဖြစ်လာ။


သို့သော်စက္ကန့်ပိုင်းအကြာတွင်Quအားအဖြူရောင်အလင်းတန်းခပ်ဖျော့ဖျော့တချို့ကလေပေါ်သို့မြှင့်တင်ပေးလိုက်ပြီး Quလေပေါ်သို့ဆန်တက်လို့သွားသည်။Quမျက်လုံးတွေကိုဖွင့်ကာကြည့်လိုက်သည်။အိမ်မက်ထဲကလိုပင်သူ့အားထိုညောင်ပင်ကြီးဆီသို့ခေါ်ဆောင်လာသည်ဖြစ်သည်။ရှေ့နားမှလှမ်းမြင်နေရပြီဖြစ်တဲ့ညောင်ပင်ကြီးကိုQuကြည့်လိုက်တော့အိမ်မက်ထဲကထက်ပင်ပို၍လှပသည်ကိုမြင်ရ၏။


အလင်းတန်းတချို့ဟာQuကိုညောင်ပင်အမို့ပေါ်ရောက်တာနှင့်အားဖြင့်ပစ်ချလိုက်သည်။


ဘုန်းခနဲ။


"အစ်!"


မြေကြီးပေါ်သို့ဖင်ထောင်ရက်ကျသွားသောQuအားဘေးနားကနေအကောင်လေးတွေကကြိတ်ကာရယ်သည်။ပိစိ ပိစိ ကွိစိ ကွိစိ ဖြင့်အသံတွေထွက်ကာရယ်လို့။မိမိအားရယ်နေသောအကောင်သေးလေးတွေကြောင့်Quဆတ်ခနဲပြန်ထရင်းထိုကောင်တွေကိုမျက်စောင်းဒိန်းခနဲထိုးကာပြလိုက်သည်။


ထို့နောက်..။


"ဝါး....!!!"


ဤအာမေဍိတ်ကိုတရသည်ကိုQuစွဲလန်းနေမိပြီလား ဒါမှမဟုတ် ဒီအာမေဍိတ်နှင့်သက်ဆိုင်သည့်ဖြစ်ရပ်ကိုမြင်ရလို့လားQuမသိ။Quသိသည်ကရှေ့ကအလှအပညောင်ပင်ကြီး။အလှအပဆိုသည်ကားဤညောင်ပင်ကြီးပါပေလားဟုQuစာဖွဲ့မည်။ကမ္ဘာပေါ်မှာရှိသမျှအပင်တွေထဲကမှအလှဆုံးတွေလို့ပြောတတ်တဲ့ထဲသို့ဒီအပင်ကြီးအားတိုးကာမှတ်စုပြုထားမည်။ဘယ်လောက်ထိလှသလဲလို့မေးလျှင်ဤစကြာဝဋ္ဌာအလားအနှိုင်းမဲ့သည်ဟုQuဖြေရလိမ့်မည်။


Quညောင်ပင်ကြီး၏ပင်စည်ကြီးအားအိမ်မက်ထဲကအတိုင်းထိကြည့်မိသည်။ရှိန်းခနဲပင် ပင်မသွေးကြောထဲသို့ဝင်ရောက်လာသည့်စွမ်းအင်တချို့ကိုQuအပြည့်အဝခံစားလိုက်ရသည်။မြေကြီးပေါ်သို့လက်မအနည်းငယ်ကြွတက်သွားသည်ကိုခံစားလိုက်ရပြီးစက္ကန့်ပိုင်းအကြာမှာပင်ပြန်ကာကျလာလေသည်။


ဒီတစ်ခါတော့ညှင်သာစွာ။


ညောင်ပင်ကြီး၏ဘေး၌သူ့အားခုနလေးတင်ကခေါ်ဆောင်လာပေးသည့်အလင်းတန်းတချို့နှင့်တူသည့်အလင်းတန်းငယ်သေးသေးလေးများလည်းရှိနေသည်။လိပ်ပြာဖြူတစ်ချို့ကိုလည်းတွေ့ရပြန်၏။


Quဘေးပတ်ပတ်လည်ကိုဝေ့ဝိုက်ကာကြည့်မိလိုက်သည်။ဤညောင်ပင်ကြီးကဤအဆုံးမဲ့တောအုပ်ထဲတွင်အချက်ချာကျသောနေရာဖြစ်သည်။ထို့ကြောင့်ဤမှနေဆိုလျှင်တောအုပ်တစ်ခုလုံးကိုချုံငုံကာမြင်ရသည်။


Quထပ်ကာတမိပြန်သည်။


"ဝါး...လှလိုက်တာ"


ဒီတစ်ခါQuရင်ထဲကစကားတွေကိုပါထည့်သွင်းလိုက်သည်။ထိုအခါQuနောက်မှ အရာတစ်ခုကQuအားခပ်ဖျော့ဖျော့ရယ်ရင်းဆိုပါသည်။


"မင်းလောက်မလှပါပေဘူး..ကွယ်"





Zawgyi

အခန္း (၂၂)

"..."

သုံးေယာက္သားမလႈပ္မယွက္တစ္ေယာက္ကိုယ္တစ္ေယာက္အၿပိဳင္အဆိုင္ၾကည့္ေနၾကသည္မွာမည္သူကဦးကာစကားစေျပာမည္လဲဆိုတာကိုေစာင့္ေနၾကသည့္အလား။လီယြန္ကသူ၏မည္းကာနက္ေမွာင္လို႔ေနတဲ့မ်က္ဆန္မ်ားကိုျပဴးကာၾကည့္ရင္းအေမႊးမ်ားေထာင္ကာေနရာအတိုင္းရပ္လို႔ေန၏။

Quကသူ႔လက္ထဲမွာပိုက္ထားတဲ့ခုနကသူတို႔ထိုင္ဖို႔ခင္းခဲ့သည့္အခင္းပါးကို႐ုတ္တရက္ျဖည္ခ်လိုက္မိသည္။ဖ်ာအလိပ္လိုက္ႀကီးအရွည္လိုက္လီယြန႔္အနီးအနားအထိသို႔တန္းကာေရာက္သြားသည္ကိုသုံးေယာက္သားမ်က္လုံးအျပဴးသားျဖင့္ၾကည့္ရင္း။ေနာက္ဆုံးအခင္းပါးအလိပ္ ျပယ္သြားတာရပ္လို႔သြားမွလီယြန္ႏွင့္ေနသန္ကQuအားေမာ့ၾကည့္လာသည္။

Quသြားေလးၿဖဲျပလိုက္သည္။
ေနသန္ကေခါင္းခါသည္။

"ကဲ..ေကာင္းေသာျပန္လည္ေတြ႕ဆုံမႈေလးပဲ အရမ္းေကာင္းတာပဲ perfect! လီယြန္မင္းနဲ႔ငါနဲ႔ကရွင္းစရာရွိေသးတယ္ လိုက္ခဲ့ Quဒါေတြသိမ္းထား ေရာ့"

ေနသန္က႐ြဲ႕ေျပာရင္းေျပာကာသူ႔လက္ထဲမွပစၥည္းပစၥယေတြကိုQuလက္ထဲသို႔ထိုးေပးလိုက္ရင္းလီယြန႔္အားမ်က္စပစ္ကာေခၚသြားသည္။Quခ်က္ခ်င္းပင္ျပယ္ေနတဲ့ ဖ်ာလိပ္ကိုလုံးလုံးလုံးလုံးျဖင့္ေခါက္သိမ္းလိုက္ကာေနသန္တို႔သြားတဲ့ဘက္ကိုခိုးကာၾကည့္လိုက္သည္။

ႏွစ္ေယာက္သားမွာတစ္ေယာက္ကိုယ္တစ္ေယာက္ၾကည့္ေနၾကၿပီးမ်က္ေမွာင္ႀကီးေတြကိုကုတ္ထားၾကသည္။Quအလြန္အမင္စိတ္ဝင္စားေနသည္မွာသူတို႔ေျပာမည့္စကားေတြကိုမဟုတ္။သူတို႔ႏွစ္ေယာက္မည္သို႔မည္ပုံစကားေျပာမည္ဆိုသည္ကိုပင္။Quလွ်ာေလးသပ္ကာျဖင့္ပစၥည္းေတြကိုမီးဖိုခန္းထဲမွဗီ႐ိုတစ္ခုထဲသို႔အျမန္ထိုးသိပ္ကာထည့္လိုက္ၿပီးေနာက္ခပ္ဖြဖြအသာေလးေနသန္တို႔ရွိတဲ့ဘက္ကိုေခါင္းေလးထိုးကာခိုးၾကည့္ရင္းနားစြင့္လိုက္သည္။

"မင္းကဘာလို႔အဲ့ေအာက္ကထြက္လာတာလဲ ဧကႏၲေအာက္မွာႂကြက္ဖမ္းေနတာလို႔ေတာ့မေျပာနဲ႔ေနာ္"

လီယြန္ကျပန္မေျဖ။သူကားသူ၏လက္ဖမိုးတစ္ဖက္အားေထာင္ရင္းေနသန႔္အားတစ္ခ်က္ၾကည့္လိုက္ၿပီးမွလွ်ာျဖင့္ယပ္ကာအမႈမဲ့အမွတ္မဲ့ပုံစံလုပ္ျပေနသည္။ေနသန္ကလဲအထူးတည္ၿငိမ္ပါသည္။လီယြန္လုပ္ေနသည္ကိုဘာမွမေျပာဘဲရလာမည့္အေျဖကိုသာလီယြန႔္အားေစ့ေစ့ၾကည့္ရင္းေစာင့္ၿမဲေစာင့္ေနသည္။

"..."

စကၠန႔္အေတာ္ၾကာေတာ့လီယြန္ကထိန္းမထားႏိုင္ဟန္သူ၏လက္ဖမိုးေလးကိုေအာက္သို႔တုတ္ခနဲအသံျမည္ေအာင္ခ်လိုက္ၿပီး သက္ျပင္းခ်သည္။ထို႔ေနာက္ေနသန႔္အားမ်က္ေစာင္းထိုးၾကည့္ရင္းQuဘက္သို႔လွည့္ၾကည့္သည္။

လွမ္းခိုးၾကည့္ေနသည့္Quႏွင့္လီယြန္မ်က္လုံးခ်င္းဆုံသြားေတာ့လီယြန္ကေခါင္းကိုခါသည္။ေနသန္ကေတာ့သိေသာေၾကာင့္လွည့္ပင္ၾကည့္ေနစရာမလို။Quအလ်င္အျမန္ေတာ့ေရွာင္တိမ္းလိုက္ပါေသးသည္။သို႔ေသာ္လီယြန္ကလ်င္သည္။

ဆိုေတာ့ေျပာမွေနသန္သည္လည္းပုံမာန္ဆိုေခသည္မဟုတ္။သူနဲ႔ေတြ႕မွအားနည္းခ်က္ေတြရွိလာခဲ့တာပဲ။

ထိုသို႔ေျပာမည္ဆိုလွ်င္လည္းQuသည္လည္းေခသူတစ္ေယာက္မဟုတ္ေပေလ။ဘယ္သူမသိသိကိုယ့္ကိုယ္ကိုယ္သာအသိဆုံးျဖစ္သည္တဲ့။ဆိုေတာ့ရယ္ေတာ့ရယ္ရပါသည္။မေခေသာသူႏွစ္ေယာက္ဟာတစ္ေယာက္ႏွင့္တစ္ေယာက္ေတြ႕ကာမွတစ္ေယာက္အေပၚတစ္ေယာက္က်ရႈံးက်ရသည္တဲ့လား။

"Qu.."

"..."

"ဒီတေလာ အဆင္မေျပဘူး"

နံရံကိုကပ္ကာေက်ာခိုင္းထားေသာ္လည္း ရွင္းလင္းျပတ္သားစြာၾကားေနရသည့္ေနသန႔္၏ဩဇာအျပည့္ႏွင့္အသံဟာယခုေတာ့ညႇိဳးငယ္လို႔ေနသည္။လီယြန္ယခု ဘာပုံစံျဖစ္ေနမည္ကိုQuမျမင္ရေသာ္လည္းဘယ္လိုျဖစ္သြားမည္ကိုေတာ့မ်က္လုံးထဲေပၚပါသည္။သူ႔အတြက္ခ်ည္းစိတ္ပူေနရတဲ့ႏွစ္ေယာက္ကိုQuအားနာသလိုစိတ္မေကာင္းလဲျဖစ္မိသည္။

မိမိလက္ႏွစ္ဖက္ကိုမိမိျဖန႔္ကာငါဒီေလာက္ထိေတာင္မက်န္းမာႏိုင္ဘူးလားလို႔ေမးမိရင္သူတို႔စိတ္ဆိုးမည္လား။ဒါမွမဟုတ္စိတ္မေကာင္းသာျဖစ္မည္လား။ဘာလို႔ဆိုအမွန္တရားေပမလို႔ေလ။

"Quကေျမေအာက္ခန္းထဲဆင္းၾကည့္ခ်င္တယ္တဲ့"

"..."

"ဟင္း .. လီယြန္ တခ်ိဳ႕သိသင့္တဲ့ဟာေတြကႀကိဳတင္သိထားရင္ႀကိဳတင္ျပင္ဆင္ခ်ိန္ရတယ္ ငါတို႔ဘာကိုမွႀကိဳတင္မတြက္ခ်က္ႏိုင္ဘူး ငါတို႔ကေဗဒင္ဆရာေတြမဟုတ္သလို အနာဂတ္ေဟာၾကားသူေတြလဲမဟုတ္ဘူး"

"..."

"ဒါေပမဲ့.."

Quမ်က္လႊာေတြကိုေအာက္သို႔စိုက္ထားသည္။ေနသန္၏စကားသံေတြဟာသူ၏နားထဲပ်ံ႕လႊင့္ေနရင္းQuကိုယ့္ေျခတန္ျဖဴျဖဴႏွစ္ဖက္အားစိုက္ၾကည့္ကာလုပ္သင့္သည့္အရာတစ္ခုကိုလုပ္ရမည္ကိုစဥ္းစားမိေသာ္လည္းတြန႔္ဆုတ္ေနမိသည္။

သို႔ေသာ္ေနာက္ဆုံးQuဆုံးျဖတ္ခ်က္ခ်လိုက္သည္။ေခါင္းကိုၿငိမ့္အသက္ကိုခပ္ျပင္းျပင္းရႈကာေျခသံဖြဖြႏွင့္ဦးတည္လိုက္သည္။ေျမေအာက္ခန္းတံခါးဆီသို႔။

တံခါးကိုအသာဖြင့္ေတာ့တံခါးဟာသူ၏လိုရာအတိုင္းမည္သည့္အသံမွမထြက္ေစဘဲအသာသာပြင့္လာသည္။Quေျမေအာက္ခန္းထဲသို႔ဆင္းရာေလွကားေတြကိုၾကည့္ရင္းႏႈတ္ခမ္းေတြကိုကိုက္ထားမိျပန္သည္။

"ငါလုပ္သင့္ရဲ႕လား .. "

သူ႔ကိုယ္သူျပန္ေမးမိသည္။

ေနာက္ဆုံးေတာ့သူ႔ဆုံးျဖတ္ခ်က္ဟာေျမေအာက္ခန္းတံခါးကိုပိတ္ေစခဲ့သည္။လူကေတာ့အထဲသို႔ေရာက္သြားႏွင့္ၿပီးျဖစ္၏။Quလင္းထိန္ေနသည့္ေျမေအာက္ခန္းကိုၾကည့္ရင္းအံ့ဩေနမိသည္။သူတို႔ယခင္ဆင္းၾကည့္ခဲ့စဥ္ခါထက္သန႔္ရွင္းလို႔ေနၿပီးႏြယ္ပင္အသစ္တခ်ိဳ႕ကိုလဲေတြ႕ရသည္။မိသားစုဓာတ္ပုံဟာလဲသန႔္ေျပာင္လို႔ေနၿပီးဆိုဖာေပၚမွဖုန္မ်ားလဲေျပာင္ရွင္းလို႔ေနသည္။

Quသူ၏မ်က္လုံးမ်ားကိုႏြယ္ပင္ေတြအေျချပဳရာေနရာသို႔စုၾကည့္လိုက္ေတာ့ ထင္ထားသည္ေကာ၊မထင္မွတ္ထားသည့္ေနရာမွာပဲျဖစ္ေနသည္။အေသပိတ္ထားေသာ သံတံခါးခ်က္လက္ကိုင္တခ်ိဳ႕တြင္ပန္းပင္ႏွင့္ျမက္ပင္တခ်ိဳ႕ေပါက္ေရာက္ေန၏။ႏွစ္ေပါင္းမည္မွ်ၾကာသြားသည္မသိသည့္တိုင္ေအာင္သံေခ်းမတက္ေသးသည့္တံခါးကိုQuလက္ႏွင့္ကိုင္ၾကည့္လိုက္မိသည္။

ထိမိလိုက္ခ်င္းကိုပင္တစ္ကိုယ္လုံးက်ဥ္တက္ကာရရွိလာတဲ့ခံစားခ်က္ကေနသန္ႏွင့္ပထမဆုံးစေတြ႕တုန္းကျဖစ္သည့္ခံစားခ်က္ႏွင့္ဆန႔္က်င္ဘက္။Quတံခါးလွည့္ကိုလက္ႏွင့္အသာအယာလွည့္လိုက္သည္။ခ်က္ခ်င္းေတာက္ခနဲျမည္ကာအလြယ္တကူပြင့္သြားသည္ကမၾကာေသးခင္ကဖြင့္ထားသည့္လူရွိသည္ဟုသတ္မွတ္လို႔ရသည္။

Quတံခါးကိုဆြဲကာဖြင့္ၾကည့္လိုက္သည္။ေအာက္ေျခကိုစတင္ျမင္ရတဲ့အခါၾကည့္မိလိုက္ေတာ့သဘာဝအေလ်ာက္ျဖစ္ပ်က္ေနတဲ့ေျမႀကီးႏွင့္ျမက္ပင္တခ်ိဳ႕။ထိုမွတစ္ေလွ်ာက္မ်က္စိကအေပၚသို႔ေမာ့ၾကည့္ရာ..။

"..(amazed)"

လွပေသာအဆုံးမဲ့သစ္ေတာႀကီး။
ေက်းငွက္တကာတို႔ေလေပၚတြင္ပ်ံဝဲလို႔ေနၿပီးေကာင္းကင္ယံတစ္ခုလုံးကျပာကာတိမ္ေတြသည္လည္းကင္းစင္လို႔။ေနရာတိုင္းတြင္အျဖဴေရာင္လုံးလုံးသ႑ာန္ေလးေတြကိုေတြ႕ျမင္ရၿပီးတခ်ိဳ႕ေရကန္မ်ားတြင္အျဖဴေရာင္သ႑ာန္ဗ်ိဳင္းျဖဴတစ္ခ်ိဳ႕ကိုေတြ႕ရသည္။

Quသစ္ေတာထဲသို႔စတင္ကာေျခတစ္လွမ္း လွမ္းလိုက္သည္။ထိုအခါေျခဖ်ားမွတဆင့္ ဆင့္တက္လာတဲ့စြမ္းအားေတြကQuအားတစ္ကိုယ္လုံးအင္အားအျပည့္ေပးလိုက္သည္။အသက္ကိုဝဝရႈလိုက္သကဲ့သို႔ျဖစ္သြားရာေခါင္းကိုေမာ့ကာၾကည့္လိုက္ေတာ့ျမင္လိုက္ရတဲ့ျမင္ကြင္းဟာတကယ္ကိုပင္အံ့ဖြယ္အတိ။

လွပသည္။သာယာသည္။ၾကည္ႏူးဖြယ္အျပည့္ရွိသည္။Quတစ္လွမ္းခ်င္းဆီ သစ္ေတာအတြင္းသို႔ေျခလွမ္းေနမိသည္။လွမ္းလိုက္တိုင္းရရွိလာတဲ့ခံစားခ်က္ေတြဟာအလြန္အင္မတန္မွေကာင္းမြန္လြန္းေနသျဖင့္လွမ္းၿပီးတိုင္းသာလွမ္းခ်င္ေနမိသည္။Quအိမ္မက္ထဲမွပုံရိပ္တခ်ိဳ႕ႏွင့္ထပ္တူညီသည့္ေနရာမ်ားကိုတိုက္ၾကည့္လိုက္သည္။လက္စသတ္ေတာ့တစ္ခ်ိန္လုံး ဒီေနရာမွာပဲရွိေနတာကို။

Quတစ္ခ်က္ခပ္ဟဟရယ္လိုက္ရင္းေရွ႕သို႔ဆက္ေလွ်ာက္သြားမိသည္။အိမ္မက္ထဲကအတိုင္းအျဖဴေရာင္ေကာင္ေလးတခ်ိဳ႕ကQuအားလွမ္းကာၾကည့္ပါသည္။သို႔ေသာ္ဘာမွမျပဳ။သူတို႔အႏြယ္ဝင္တစ္ေယာက္လိုသတ္မွတ္ပုံရၿပီးတခ်ိဳ႕ဆိုၿပဳံးသလိုပုံစံေတာင္လုပ္ျပသြားေသးသည္။

Quသူ႔ကိုၿပဳံးျပသည့္ေသးေသးအေကာင္ေလးတခ်ိဳ႕ကိုျပန္ကာၿပဳံးျပလိုက္သည္။ထို႔ေနာက္ခႏၶာကိုယ္ကိုတစ္ပတ္လွည့္ကာဤအဆုံးမဲ့သစ္ေတာႀကီး၏အလွကိုခံစားေနလိုက္သည္။

"Quuu..."

"..."

႐ုတ္တရက္မိမိကိုလွမ္းေခၚလိုက္သည့္အသံေၾကာင့္Quလွည့္ကာၾကည့္မိလိုက္သည္။ရင္းရင္းႏွီးႏွီးကိုၾကားဖူးေနသည့္အသံျဖစ္တာေၾကာင့္Quမ်က္ေမွာင္ကုတ္ကာေဝွ႔ယမ္းရွာမိလိုက္သည္။သို႔ေသာ္ဘာမွမေတြ႕။ဒီတစ္ခါေတာ့Quမိမိအၾကားအာ႐ုံကိုမိမိယုံသည္။တကယ္ကိုၾကားလိုက္ရသည္။ဒါေၾကာင့္မေတြ႕မခ်င္းလွည့္ကာရွာမိေနသည္။

ေနာက္မွေခါင္းထဲေပၚလာတဲ့လြန္ခဲ့တဲ့အပတ္ကအိမ္မက္တခ်ိဳ႕ကိုအမွတ္ရလိုက္သည္။Quမ်က္လုံးေတြကိုမွိတ္လိုက္သည္။ေနာက္စိတ္ကိုတည္ၿငိမ္အားထားလိုက္ၿပီးေနာက္ပါးစပ္မွစကားတစ္ခြန္းကိုေရ႐ြတ္လိုက္သည္။

"Take me(ေခၚသြားေပးပါ)"

ပထမေတာ့ဘာမွမျဖစ္လာ။

သို႔ေသာ္စကၠန႔္ပိုင္းအၾကာတြင္Quအားအျဖဴေရာင္အလင္းတန္းခပ္ေဖ်ာ့ေဖ်ာ့တခ်ိဳ႕ကေလေပၚသို႔ျမႇင့္တင္ေပးလိုက္ၿပီး Quေလေပၚသို႔ဆန္တက္လို႔သြားသည္။Quမ်က္လုံးေတြကိုဖြင့္ကာၾကည့္လိုက္သည္။အိမ္မက္ထဲကလိုပင္သူ႔အားထိုေညာင္ပင္ႀကီးဆီသို႔ေခၚေဆာင္လာသည္ျဖစ္သည္။ေရွ႕နားမွလွမ္းျမင္ေနရၿပီျဖစ္တဲ့ေညာင္ပင္ႀကီးကိုQuၾကည့္လိုက္ေတာ့အိမ္မက္ထဲကထက္ပင္ပို၍လွပသည္ကိုျမင္ရ၏။

အလင္းတန္းတခ်ိဳ႕ဟာQuကိုေညာင္ပင္အမို႔ေပၚေရာက္တာႏွင့္အားျဖင့္ပစ္ခ်လိုက္သည္။

ဘုန္းခနဲ။

"အစ္!"

ေျမႀကီးေပၚသို႔ဖင္ေထာင္ရက္က်သြားေသာQuအားေဘးနားကေနအေကာင္ေလးေတြကႀကိတ္ကာရယ္သည္။ပိစိ ပိစိ ကြိစိ ကြိစိ ျဖင့္အသံေတြထြက္ကာရယ္လို႔။မိမိအားရယ္ေနေသာအေကာင္ေသးေလးေတြေၾကာင့္Quဆတ္ခနဲျပန္ထရင္းထိုေကာင္ေတြကိုမ်က္ေစာင္းဒိန္းခနဲထိုးကာျပလိုက္သည္။

ထို႔ေနာက္..။

"ဝါး....!!!"

ဤအာေမဍိတ္ကိုတရသည္ကိုQuစြဲလန္းေနမိၿပီလား ဒါမွမဟုတ္ ဒီအာေမဍိတ္ႏွင့္သက္ဆိုင္သည့္ျဖစ္ရပ္ကိုျမင္ရလို႔လားQuမသိ။Quသိသည္ကေရွ႕ကအလွအပေညာင္ပင္ႀကီး။အလွအပဆိုသည္ကားဤေညာင္ပင္ႀကီးပါေပလားဟုQuစာဖြဲ႕မည္။ကမာၻေပၚမွာရွိသမွ်အပင္ေတြထဲကမွအလွဆုံးေတြလို႔ေျပာတတ္တဲ့ထဲသို႔ဒီအပင္ႀကီးအားတိုးကာမွတ္စုျပဳထားမည္။ဘယ္ေလာက္ထိလွသလဲလို႔ေမးလွ်င္ဤစၾကာဝ႒ာအလားအႏႈိင္းမဲ့သည္ဟုQuေျဖရလိမ့္မည္။

Quေညာင္ပင္ႀကီး၏ပင္စည္ႀကီးအားအိမ္မက္ထဲကအတိုင္းထိၾကည့္မိသည္။ရွိန္းခနဲပင္ ပင္မေသြးေၾကာထဲသို႔ဝင္ေရာက္လာသည့္စြမ္းအင္တခ်ိဳ႕ကိုQuအျပည့္အဝခံစားလိုက္ရသည္။ေျမႀကီးေပၚသို႔လက္မအနည္းငယ္ႂကြတက္သြားသည္ကိုခံစားလိုက္ရၿပီးစကၠန႔္ပိုင္းအၾကာမွာပင္ျပန္ကာက်လာေလသည္။

ဒီတစ္ခါေတာ့ညႇင္သာစြာ။

ေညာင္ပင္ႀကီး၏ေဘး၌သူ႔အားခုနေလးတင္ကေခၚေဆာင္လာေပးသည့္အလင္းတန္းတခ်ိဳ႕ႏွင့္တူသည့္အလင္းတန္းငယ္ေသးေသးေလးမ်ားလည္းရွိေနသည္။လိပ္ျပာျဖဴတစ္ခ်ိဳ႕ကိုလည္းေတြ႕ရျပန္၏။

Quေဘးပတ္ပတ္လည္ကိုေဝ့ဝိုက္ကာၾကည့္မိလိုက္သည္။ဤေညာင္ပင္ႀကီးကဤအဆုံးမဲ့ေတာအုပ္ထဲတြင္အခ်က္ခ်ာက်ေသာေနရာျဖစ္သည္။ထို႔ေၾကာင့္ဤမွေနဆိုလွ်င္ေတာအုပ္တစ္ခုလုံးကိုခ်ဳံငုံကာျမင္ရသည္။

Quထပ္ကာတမိျပန္သည္။

"ဝါး...လွလိုက္တာ"

ဒီတစ္ခါQuရင္ထဲကစကားေတြကိုပါထည့္သြင္းလိုက္သည္။ထိုအခါQuေနာက္မွ အရာတစ္ခုကQuအားခပ္ေဖ်ာ့ေဖ်ာ့ရယ္ရင္းဆိုပါသည္။

"မင္းေလာက္မလွပါေပဘူး..ကြယ္"

Comments

Post a Comment