ဂျာမနီ အင်ဂျင်နီယာ

 ဂျာမနီ အင်ဂျင်နီယာ


ရွှေတိဂုံဘုရားလမ်း ကျားကူးကွက်သစ်တွင် “ပူတူတူး ရောင်စုံပုံနှိပ်စက်” ဟူ၍ ချောက်ချောက် ချက်ချက် ရိုက်နှိပ်သော အလုပ်ကလေးဖြင့် ထမင်း၀သော်လည်း ဟင်းမကောင်း တကောင်း စားနေရသော သာဓု၊ သင်္ကြန်ကျတိုင်း “အိမ်မိုးရတော့မည်” ဖြစ်၍ ဓနိဖိုးအတွက် စိတ်မောခဲ့ရသော သာဓု၊ နေထွက်သည်မှ ည သန်းခေါင်တိုင် ချွေးတပြိုက်ပြိုက်ဖြင့် စက်ရိုက်နေရသော သာဓုမှာ မြင်းပျံဦးတင့် ကောင်းမှုကြောင့် ကျားကူးကွက်သစ်ထက် အဆင်ပြေသော၊ ဣေန္ဒြရသော ရေကျာ်ဘက်သို့ ‌ရောက်ခဲ့ရ၏။

မြင်းပျံမတင့်ဆေးပေါ့လိပ်ခုံ ပိုင်ရှင် မြင်းပျံဦးတင့်မှာ အင်္ဂလိပ် ခေတ်က ကုန်ဈေးတန်းရှိ မူလ ရှန်ဟဲ ဖဲတိုက်တွင် မန်နေဂျာ အဖြစ် အလုပ်လုပ်နေစဉ် သာဓု ကလေးဘ၀ က တည်းက မုန့်ဖိုးပေးနေသူ၊ သာဓုကို ချစ်သူ သနားသူဖြစ် သည့်အတိုင်း . . .

“ဟေ့ ကောင်လေး၊ ဒီရပ်ကွက်မှာ မနေနဲ့တော့၊ တဲတွေ ပြွတ်သိပ်ပြီး မီးဆိုရင် မင့်ပုံနှိပ်စက်ကလေးပါ မီး ဝါးသွားလိမ့်မယ်၊ ၄၇ လမ်းမှာ ငါ့အိမ်ရှိတယ်၊ အဲဒီကိုပြောင်းလာ၊ ငါ လခမယူဘူး”

သို့နှင့် သာဓုလည်း ၄၇ လမ်းသို့ စိုင်ကော်သကဲ့သို့ ရောက်လာခဲ့ရ၏။ ရေခံမြေခံ ဆိုသည်ကို ထိုအခါကျမှ သာဓု ယုံကြည်လာသည်။ ကျားကူးတွင် အလုပ်လုပ်ခဲ့စဉ်က မ၀တ၀ နှင့် မလှမပ၊ ၄၇ လမ်းအိမ်သို့ ရောက်ပြီးနောက် မကြာမီပင် လုပ်ငန်း အခြေအနေ တိုးတက်လာသည်။ ပုံနှိပ်စက်ကြီး တစ်လုံး မှ နှစ်လုံး ဖြစ်လာရုံမက မိတ်ဆွေ တစ်ဦးကပင် လုပ်ငန်းပြောင်းသဖြင့် သူ့ပုံနှိပ်စက်ကြီး တစ်လုံး လာအပ် ထားသောကြောင့် ထိုစက်ကိုပါ အခမဲ့ သုံးခွင့်ရလိုက်သေးသည်။

ထို့နောက် မကြာမီတွင်လည်း “တပ်ထဲက မြတ်ကိုကို” ဝတ္ထု စာပေဗိမာန်ဆု ရလိုက်ပြန်သောကြောင့် စာအုပ် ထပ်ရိုက်ရ သည်။ ငွေကလေး ရွှင်လာသည်။ မြင်းပျံ ဦးလေးတင့်ကလည်း မစချင်စိတ် ပေါ်လာလေသလော မသိ၊ “သာဓု ေငွကုန်လေ မည်စိုး၍” ဟု ဆိုကာ “အိမ်ရောမြေပါ ယူလိုက်တော့” ဟု ဈေးပေါပေါနှင့်ပေးသည်။ ပေအစိတ်၊ ပေခြောက်ဆယ် ၄၀၀၀ ကျပ်သာ ယူ၏။ အဆောက်အအုံလည်း ပါသေးသည်။ ဆက်တိုက် ဆိုသကဲ့သို့ပင် “တပ်ထဲက မြတ်ကိုကို” ေကျာင်းသုံး ဖြစ်သွားပြန်၍ ေရာင်းမလောက် တွင်ကျယ်ခဲ့သည်နှင့်အမျှ တဲအိမ်ကြီးမှသည် နှစ်ထပ်တိုက် ဖြစ်လာသည်။ လုပ်ငန်းသည်လည်း တိုးသည်ထက် တိုးတက်လာသောကြောင့် ပုံနှိပ်စက်များလည်း နောက်ထပ် လိုလာပြန်သည်။ သို့နှင့်သာဓုလည်း အနောက်နိုင်ငံ အသီးသီးသို့ စာရေးစုံစမ်းကာ ေအာ်တိုမက်တစ် ပုံနှိပ် စက်တစ်လုံး မှာလိုက်၏။

လောလောဆယ် သာဓုတို့သုံးနေသော စက်မှာ ရှေးပေ၀သဏီခေတ်က ခြေနှင့်နင်း၍ ရိုက်ရသော “ချန်ဒလာ” စက်များ ဖြစ်လျက် ရိုးရိုး တစ်ရောင်တည်း ရိုက်သည်ပင် မရပ်မနား ချွေးဒီးဒီးကျ ကြိုးစားပါမှ တစ်နေ့ ရွက်ရေ ငါးထောင်လောက် အနိုင်နိုင်ပြီးသည်။ ရောင်စုံ အရောင်တင်ရိုက်သော် သုံးထောင်ထက် ပို၍ မရိုက်နိုင်။ ထိုစက်များမှာ ရိုက်လိုသော စက္ကူကို လက်နှင့်ကောက်၊ စက်ထဲ ထည့်ပြီးရိုက်၊ နောက် လက်နှင့်ပြန်ယူ စသည်ဖြင့် ခြေရောလက်ရော မျက်စိရော အနားမနေရသည်ကို မြင်ဖူးသူတိုင်း သိကြပြီးဖြစ်၏။

ယခု သာဓုမှာလိုက်သော စက်မှာ ကတ်တလောက် နမူနာ စာဆိုအရ အံ့ဘွယ့် ပုံနှိပ်စက်ဖြစ်၏။ ခလုတ်ကို နှိပ်လိုက်ရုံြဖင့် စက်လည်သည်။ စက်ပေါ်ရှိ စင်ကလေးပေါ်သို့ ရိုက်လိုသော စက္ကူတင်ပေးထားပြီး အခြား စက်ခလုတ် နှိပ်လိုက်လျှင် စက်ကပင် စက္ကူကူကို အလိုအလျောက် ဆွဲပြီး စက်ထဲထည့်ပေး သည်။ သူဘာသာ ရိုက်ပြီး သူ့အလိုအလျောက် စက်ထဲမှ ရိုက်ပြီးသား စက္ကူကူကို ညှပ်ယူဆွဲထုတ်ကာ စက်ပေါ်ရှိ စင်ပေါ် တင်ပေးသည်၊ တင်ပေးရုံသာမက တညီတည်းဖြစ်အောင် ညှိ၍ စီပေးသေးသည်။ သာဓု တို့အနေဖြင့် အံ့စရာ ေကာင်းနေသည်ကား ယခင်စက်များ တစ်နေကုန်ရိုက်ပါမှ လေးထောင်ခန့်ပြီး ရန် အနိုင်နိုင် ရှိခဲ့သော်လည်း ယခုစက်မှာမူ တစ်နာရီငါးထောင် ချောင်ချောင် ကလေး ရိုက်ပေးနိုင်သည် ဆိုသဖြင့် ထိုစက်ကို ကြည့်ချင် ရိုက်ချင်လိုက်သည်မှာ တစ်ပိုင်းမက သေချင်စော်နံ နေသည်။

သုံးလခန့်ကြာသော် ထိုအော်တိုမက်တစ် “အလိုအလျောက်” စက် ရောက်လာချေပြီ။ ယင်းစက်ကို တင်လာသည့် သင်္ဘောဂျာမနီမှ ထွက်လာ၍ လမ်းတစ်၀က် မရောက်သေးမီမှာပင် သာဓုထံသို့ ကုမ္ပဏီမှ စာတစ်စောင်ဖြင့် အကြောင်းကြားသည်။

“လူကြီးမင်းမှာကြားသော ပုံနှိပ်စက် ပို့လိုက်ပါပြီ၊ ထိုစက် ကိုင်တွယ်ပုံ ရိုက်နှိပ်ပုံ ချွတ်ယွင်းက ပြုပြင်ပုံ နည်းလမ်းဟူသ၍ အသေးစိတ် ပြသပေးရန် အတွက် ကျွန်တော်များ၏ ဂျာမနီ အင်ဂျင်နီယာများက ထိုစက်နှင့် ရှေ့ဆင့်နောက်ဆင့် ရောက်လာပါလိမ့်မည်”

စက်သေတ္တာကား ကြီးမားလွန်းသောကြောင့် သာဓု၏ အိမ်ရှေ့တံခါးကို သုံးဆခန့် ပြန်ဖျက်ပြီး သွင်းရ၏။ ချက်ချင်း ဖွင့်ကြည့်သည်။ စက်ကို စိတ်၀င်စားလွန်းနေသဖြင့် ထမင်းစား လာခေါ်သည်ကိုပင် အော်လွှတ် မိသည်။ ယခုခေတ် ဟီးနိုးကား တစ်စီးစာခန့် လေးသောစက်ကို ထည့်ပေးလိုက်သည့် သေတ္တာ ကို ဖွင့်ရသည်မှာ အမောတကော ရှိလှသည်။ တပည့်ကျော် မောင်မောင်လှ (ယခု ကာလာမောင်မောင်လှ) သည် အကြိုးစားဆုံးနှင့် အပင်ပန်းဆုံး သေတ္တာဖွင့်သူဖြစ်၏။ ရိုက်ထား သည့် သံများ ခိုင်ခန့်လှသည်တွင် ဘိုတူများနှင့်ပါ အိမ်ဆောက်သကဲ့သို့ စုပ်၍ တုပ်ထားလိုက်သေး၏။ ေသချာ သပ်ရပ်လှသော အနောက်နိုင်ငံသားများပါပေတကား။

နံနက် ၁၁ နာရီမှ စတင်ဖွင့်ခဲ့သော စက်မှာ ညနေ ၄ နာရီ တွင် ေမာမောနှင့် ေချာချော ပွင့်သွားသော်လည်း ငုတ်တုတ်သာ ကြည့်နေကြရသည်။ ဘာမျှမလုပ်တတ်။ ထိုညက အိပ်၍ပင်မပျော်၊ လှဲနေရာမှထ စက်ကြီးကို သွားကြည့်လိုက်၊ ပြန်လှဲလိုက်ဖြင့် အားမလိုအားမရ ဖြစ်နေရချေသည်။ မိုးလင်းသည် နှင့် လူးလဲထကာ စက်ကြီးနားသို့ ေရာက်ရပြန်သည်။ ရိုက်ကြည့်ချင်ပြီ ဘယ်ကစ၍ ဘာလုပ်ရမည်ပင် မသိသေး။ သို့နှင့် စိတ်ကူးတည့်ရာ အပိုပစ္စည်းသေတ္တာကို ဖွင့်ကြည့်ရင်း အတွင်းမှ ပစ္စည်းများကို ဆွဲထုတ်လိုက်ရာ၌ ပလတ်စတစ်အိတ်နှင့် ထည့်ထားသော စာအုပ်များကို ေတွ့ရသည်။

အကယ်၍ မနေ့ကသာ ထိုသေတ်္တာကလေးကို ဖွင့်ရုံသာ မဖွင့်ဘဲ အတွင်းပစ်္စည်းများကိုပါ ထုတ်ကြည့်ခဲ့လျှင် စာအုပ်များပါသည်ကို မနေ့ ကတည်းကပင် ေတွ့ရမည်။ ချက်ချင်းပင် သာဓု ထိုင်ဖတ်သည်။ စာအုပ်မှာ ဂျာမနီမှ ပို့သော်လည်း အင်္ဂလိပ် ဘာသာဖြင့် ရိုက်နှိပ်ထားသော “စက်ကို မည်သို့မည်ပုံ လည်ပတ် အသုံးပြုရမည်” ဟူသည့် ရိုက်နှိပ်နည်း အညွှန်း စာအုပ်။

သုံးကြိမ်တိတိ အသေးစိတ် ြပန်ဖတ်ပြီးသောအခါ သူ့စာ အညွှန်းအတိုင်း လိုအပ်သော ဆီများထည့်ပြီး တပည့်များကို လက်နှင့် အစမ်းလှည့်ခိုင်းကာ စက်အသွားအလာနှင့် ကိရိယာ များ အလုပ်လုပ်ပုံကို ေလ့လာကြည့်၏။ ဓာတ်အားနှင့် လှည့်ရမည် ဖြစ်သော်လည်း မတော်တဆ မှားသွားလျှင် ပျက်စီးကုန်မည်။ သို့နှင့် ညနေ ၃ နာရီလောက်တွင် လက်နှင့်လှည့်၍ စမ်းခြင်း ကိစ်္စများ ေချာမော သွားသဖြင့် ဘလောက်တစ်လုံးဆင် ပုံနှိပ်မင်များ ထည့်ကာ ဓာတ်အားဖြင့် ေမာ်တာကို ြဖည်းဖြည်း လှည့်၍ ရိုက်ကြည့်၏။ ပထမ မဟန်။ ၄ နာရီတွင် အခြေခံရလာ၏။ စိတ်ကမူ ရဲရဲ မရိုက်ဝံ့သေး။ သို့သော် ဇွဲကား မကျသေး။ ၆ နာရီတွင် ထူးခြားလာပြီဖြစ်လျက် တစ်နာရီတွင် ရွက်ရေနှစ်ထောင် ေချာင်ချောင် ကလေး ပြီး၏။ ထိုနှုန်းမှာ စက်စံချိန်တစ်၀က် အရှိမျှသာ ရှိသေးသော်လည်း တစ်နေ့ဆိုလျှင် ရွက်ရေ တစ်သောင်း ခြောက်ထောင် ေအးအေး ပြီးနိုင်သည်။ ထိုနေ့ကသော် စက်လည်း လည်ပတ် ရိုက်နှိပ်နိုင်ပြီ ြဖစ်၍ တစ်ကြောင်း၊ ေမာလည်း ေမာလှသဖြင့် ေစာစောပင် ၀င်အိပ်ကာ ေနာက်တစ်နေ့ ေစာစော ထပြန်ပြီး စက်ကြီးကိုကြည့်၍ ကြည်နှုးနေမိ၏။ ေတာ်ကြရှာပါပေသည်။ ဟိုခလုပ်နှိပ်၊ ဒီ ေမာင်းတံကလေးဆွဲ၊ အနှီဘုကလေးဖိ၊ ထိရုံတို့ရုံမျှဖြင့် သာဓု တို့ ဆယ်ရက်မျှ လုပ်ရသည့် အလုပ် တစ်ရက်နှင့် ပြီးအောင် ေမာင်မင်းကြီးသားများ ထွင်တတ်ကြသည်။ လူတွေလည်း သက်သာလှသည်။ ေချွးဆိုသည်မှာ ေယာင်၍မျှ တစ်စက်ပင် မထွက်။

သာဓု

Comments

Post a Comment