A Sweven Elegy from Nature - Chapter (23)

 Unicode


အခန်း (၂၃)


Quနောက်ကိုရုတ်တရက်လှည့်ကြည့်မိလိုက်သည်။Quအားထိုစကားကိုပြောလိုက်သည့်အရာကြီးဟာညောင်ပင်ကြီး၏အနောက်ဘက်တစ်နေရာကနေထွက်လို့လာနေသည့်ဒရယ်ဖြူကြီးတစ်ကောင်ဖြစ်လို့နေသည်။ဖြူဖွေးပြီးတောက်ပြောင်ကာရှင်းသန့်ချောမွေ့နေသောအသားအရည်နှင့် ခန့်ညားကာကြီးမားလှသောဦးချိုကြီးနှစ်ခုရှိသည့်ဒရယ်ဖြူကြီး။


Quဆီသို့ဖြေးညင်းစွာလျှောက်လှမ်းလာသည်မှာလဲတည်ငြိမ်စွာ။မျက်တောင်တဖြတ်ဖြတ်ခတ်ကာကြည့်နေသောQuကိုထိုဒရယ်ဖြူကြီးကအနီးနားရောက်တော့ပြုံးကာပြလေသည်။အသက်ဝင်လှသောအပြုံးမှာညင်သာကာနူးညံ့ဟန်ကိုဆောင်သည်။Quဘာလုပ်ရမည်မသိ။


ဒရယ်ဖြူကြီးကQuရပ်နေသောနေရာသို့ရောက်လာကာQuနှင့်ယှဉ်ကာရပ်ရင်း Quခုနကကြည့်နေသောဤအဆုံးမဲ့သစ်တောကြီး၏အလှအားဒရယ်ကြီးကမျက်လုံးရွှင်ရွှင်များဖြင့်ကြည့်လေသည်။Quမိမိဘေးနားသို့လာရပ်သောဒရယ်ကြီးကြောင့်နောက်သို့လှည့်ထားသောခန္ဓာကိုယ်ကိုပြန်ကာတည့်မတ်လိုက်သည်။ထို့နောက် ဒရယ်ဖြူကြီးကိုတစ်ချက်ကြည့်လိုက်ပြီးသူသည်လဲမြင်ကွင်းကိုဆက်လက်ရှုစားနေသည်။


"လှတယ်မဟုတ်လား"


ဒရယ်ကြီးကစတင်ကာစကားဆိုလာသည်။Quဘေးသို့တစ်ချက်လှည့်ကြည့်လိုက်ပြီးအတော်ကြာစဉ်းစားချင့်ချိန်နေပြီးမှခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။


"ဒါပေမဲ့ မင်းလောက်မလှပါဘူး"


Quထိုစကားကိုနှစ်ခါပြန်ကြားရတော့အနည်းငယ်တော့နေရခက်ကာသွားသည်ဆိုရမည်။ဘာကိုဆိုလိုသည်မှန်းတော့သိပေမဲ့အနည်းငယ်မသင့်တော်သလိုခံစားရသည်။နှိုင်းယှဉ်သည့်အရာနှစ်ခုမှာတစ်ခုနှင့်တစ်ခုမအပ်စပ်သလိုမျိုး။


Quအနည်းငယ်ပြုံးပြလိုက်ပြီးရှေ့သို့သာဆက်ကြည့်နေလိုက်သည်။ထိုအခါဒရယ်ကြီးကနောက်သို့ဖြည်းညှင်းစွာသူ၏ကိုယ်လုံးကြီးအားလှည့်လိုက်ပြီး ညောင်ပင်ကြီးကိုမော်ကာကြည့်ရှုနေပြန်သည်။Quလဲဒရယ်ဖြူကြီးကြောင့်နောက်သို့လှည့်ကာကြည့်လိုက်ရသည်။


"Qu မင်းသဘာဝရဲ့မိခင်ကြီးကိုမြင်ဖူးလား"


"..??"


"မမြင်ဖူးဘူးထင်ပါ့ ဒါဆိုငါဘယ်သူဆိုတာကိုကောသိလား .. မဟုတ်ပေဘူး မေးခွန်းမှားနေတယ် ငါဘယ်သူလဲဆိုတာကောရိပ်မိရဲ့လား?"


"..."


Quတွေတွေလေးရပ်နေရာမှခေါင်းကိုခါပြသည်။ထိုအခါဒရယ်ကြီးကခပ်ဖျော့ဖျော့ရယ်လေသည်။ထို့နောက်Quကိုစောင်းငဲ့ကြည့်ကာဆိုသည်။


"ငါက Mother Natureရဲ့ spirit animalလေ Motherပြောစေချင်တဲ့စကားဒါမှမဟုတ်အလုပ်တို့ကိုငါကတစ်ဆင့်လုပ်ပေးသလိုငါကနေတစ်ဆင့်Mother Natureကိုသတင်းစကားပါးချင်ရင် ပါးပေးလို့ရတယ်"


Quမျက်တောင်ကိုနှစ်ချက်မျှဆင့်ခတ်မိလိုက်သည်။ထို့နောက်ညောင်ပင်ကြီးကိုတစ်ချက်မော့ကြည့်မိပြီးဒရယ်ကြီးကိုပြန်ကြည့်လိုက်သည်။ဒရယ်ဖြူကြီးကပြုံးနေပါသည်။


"မင်းဘယ်ကလာသလဲ အမြဲသိချင်နေတာမဟုတ်ပေလား အခုပြောပြနေပြီလေ Qu မင်းကိုငါကိုယ်တိုင်Motherဆီကနေအနှီးလေးနဲ့ပိုက်ပေးခဲ့တာ မင်းအဲ့ဒီအချိန်တုန်းကအတိုင်းပဲ သိပ်ကိုလှပနေတုန်းပါပဲလား"


"..."


Quနားမလည်တော့။ဘာတွေပြောနေသည်လဲ။ဘာကိုအနှီးပိုက်ခဲ့တာလဲ။ဤဒရယ်ဖြူကြီးကသူ့ကိုငယ်ငယ်ကတည်းကသိသည်လား။Motherဆီမှဆိုတော့ဘာတွေလဲ။သူက ဘာလဲ။Quခေါင်းတွေရှုပ်ထွေးလာသည်။ဆက်စပ်ကာစဉ်းစား၍မရတော့။ယခုအချိန်သူစိတ်ထဲကသွေးတွေဆူပွက်နေတာပဲသိသည်။


"ဘာကိုလဲ ကျွန်တော်နားမလည်ဘူး ကျွန်တော်.."


"မင်းလူမဟုတ်မှန်းတော့ရိပ်မိထားတယ်မလား"


Quသူ့အားစကားဖြတ်ပြောလိုက်သောဒရယ်ကြီးရဲ့အမေးစကားအားတုံဏှိဘာဝေဖြစ်နေပြီးမှခေါင်းငြိမ့်ပြလိုက်သည်။


"မင်းကသဘာဝနဲ့ဆက်စပ်နေတယ်ဆိုတာကိုကောသိတယ်မလား"


"အင်း"


"Quမင်းသိလား ဘာလို့Mother Natureကို Mother of Natureလို့ခေါ်လဲဆိုတာ"


"..ဟင့်အင်"


ထိုအခါဒရယ်ကြီးကသူ့ဘက်လှည့်ကြည့်နေရာမှညောင်ပင်ကြီးဆီသို့မျက်နှာမူပြီးဆိုလာသည်။


"ဟိုး..ရှေးရှေးတုန်းကသစ်ပင်၊ပန်းပင်၊နွယ်ပင်စတဲ့သဘာဝတရားကြီးမှာသူတို့ကိုစောင့်ရှောက်ပေးမယ့်သူတစ်ယောက်ရှိသတဲ့ သူမကကမ္ဘာလောကကြီးရဲ့အစောင့်အရှောက်တစ်ယောက်လဲဖြစ်တယ် Quဒီစကြာဝဋ္ဌာကြီးမှာအရာရာဟာသူ့ဘာနှင့်တူ တည်ရှိနေတတ်ကြတယ် လွန်ခဲ့တဲ့နှစ်သန်း၊ကုဋေပေါင်းများစွာက သည်ကမ္ဘာကြီးဖြစ်ပေါ်လာတုန်းက ကမ္ဘာကြီးနှင့်အတူအရာပေါင်းများစွာပေါ်ထွန်းလာခဲ့တယ် နဂါးတွေ၊ရေသူတွေ၊နတ်သူငယ်တွေ၊ဒိုင်နိုတွေ၊တခြား Mythical creaturesတွေစသဖြင့်ပေါ့.."


"..."


"တစ်နေ့တော့ကမ္ဘာကြီးမှာလူဆိုတဲ့သေမျိုးတွေစတင်ပေါ်ပေါက်လာခဲ့တယ် Quရာဇဝင်တွေဟာသူ့အလိုလိုပေါ်ထွန်းခဲ့ကြတာမဟုတ်ဘူး တချို့တွေကဒီကမ္ဘာရှိမနေတတ်တာပဲရှိတယ် သွေးစုတ်ကောင်တွေ၊သမန်းဝံပုလွေတွေကအခုထိကိုကမ္ဘာအနှံ့မှာspiritပြည်ကနေဖောက်ထွက်လာပြီး ကျင်လည်နေကြတုန်းပဲ “လူတွေဟာသူတို့မသိတဲ့အရာတွေကိုကြောက်တတ်ကြတယ် သူတို့ထက်စွမ်းအားကြီးတဲ့အရာတွေကိုပိုပြီးကြောက်တတ်ကြတယ်”..."


"..."


"ဒီလိုနဲ့ပဲ ကမ္ဘာမြေမှာပြည်နယ်အသီးသီးတွေပေါ်ပေါက်လာခဲ့တယ် ဒဏ္ဍာရီတွေကတော့ခေတ်အဆက်ဆက်ကျန်ခဲ့ကြတာပေါ့ "


"...."


Quခေါင်းလေးကိုအသာငြိမ့်ဖြစ်သည်။

သူအရင်တုန်းကထင်ခဲ့တာဒီကမ္ဘာမှာထူးဆန်းနေတာသူတစ်ယောက်ပဲရှိတယ်လို့လေ။အခုတော့..။


"နေပါအုန်း ဒါဆိုအဲ့ဒီmythical creatures တွေကကောအခုဘယ်မှာတုန်း"


"spiritပြည်မှာပေါ့ သူကကမ္ဘာကြီးနဲ့အနီးဆုံးမှာရှိပြီးအဝေးဆုံးနေရာမှာမှမြင်ရတတ်တယ် ကမ္ဘာကြီးကိုပြောင်းပြန်လှန်လိုက်ရင်တွေ့ရတဲ့ပြောင်းပြန်ကမ္ဘာကြီးဟာ spirit worldဆိုတာပဲ"


"အာ....ဟုတ်ပြီ ... ဆိုတော့ ဒိုင်နိုဆောတွေကကောတကယ်ရှိခဲ့တာပေါ့ နဂါးပျံတွေဘာတွေကောလေ"


"ဒါပေါ့ .."


"ဒါဆို ကျွန်တော်ကဘာလို့.."


"Qu ဒီစကြာဝဋ္ဌာကြီးမှာမင်းမသိသေးတဲ့အကြောင်းအရာတွေအများကြီးပဲ တချို့တွေကသိထားဖို့မလိုအပ်ပေဘူး ဒါပေမဲ့ မင်း မင်းကတော့Motherရဲ့Human Formဆိုတော့ ဒါတွေသိထားသင့်တယ်"


"ကျွန်တော်က...ဘာ??"


"မင်း..Qu(ANTIQUE)×(Human Form of Mother Nature),မင်းရဲ့အကြီးမားဆုံးထိုးနှက်ချက်ကသဘာဝနဲ့ဆန့်ကျင်တာလုပ်မိရင် သေတတ်တာပဲ.."


"(shocked)!!!!"


ဒရယ်ဖြူကြီးကပြန်ပြောင်းကာQuအားစိုက်ကြည့်လာသည်။မျက်လုံးချင်းဆုံခိုက် မြင်လိုက်ရတဲ့မြင်ကွင်းအချို့အားQuအတော်ကြာသည်အထိလက်မခံဖြစ်ခဲ့။


ဤသစ်တောအလယ်ဤနေရာတွင်အဖြူရောင်အလင်းတန်းအချို့နှင့်မွေးဖွားလာခဲ့သောသူ၊ဒရယ်ဖြူကြီးကိုယ်တိုင်ဦးချိုနှင့်အနှီးထုတ်ပတ်ပေးခဲ့သောသူ၊သဘာဝတရားကြီးရဲ့စွမ်းအင်ကိုပိုင်ဆိုင်ခဲ့သောသူ၊ထို့နောက်သစ်ပင်ခက်အနွယ်တွေပတ်ရစ်ကာကမ္ဘာမြေကြီးနှင့်ခန္ဓာကိုယ်ဆက်စပ်နေသည့်အစိမ်းရောင်သစ်ပင်ဆံပင်ရှည်တွေနှင့်အမျိုးသမီးတစ်ဦးကသူ့အားကောင်းချီးပေးနေသောသူ။


Quနှလုံးခုန်တွေရပ်တန့်သွားပြီတောင်ထင်လိုက်၏။ရင်ဘတ်ကိုလက်နှင့်ဖိကာအသက်ကိုခပ်ဝဝပြန်ရှုတော့လေထဲကရလိုက်တဲ့စွမ်းအင်တချို့ကြောင့်တစ်ခါလန်းဆန်းလို့သွားရပြန်သည်။


"ကျွန်တော်..ကျွန်တော်..."


‎                          𐮜 𐮜 𐮜


လီယွန်ရုတ်တရက်တောင့်ခနဲဖြစ်လို့သွားသည်။နေသန်ကလီယွန့်အပြုအမူကြောင့် ခုနကQuချောင်းကြည့်နေသည့်နေရာအားခေါင်းထောင်ကာကြည့်လိုက်သည်။သို့သော်သူတွေ့မည်ထင်ရသည့်ခေါင်းပြူးပြူးလေးမရှိသည်ကြောင့်မျက်မှောင်အနည်းငယ်ကုတ်လို့သွားရသည်။


"လီယွန် Quကော??"


ခုထိတွေဝေနေသေးသည့်လီယွန့်အား နေသန်ခပ်ရှုပ်ရှုပ်စိတ်တွေနှင့်မေးခွန်းထုတ်လိုက်သည်။သို့သော်ပြန်မဖြေလာသည့်လီယွန်ကြောင့်နေသန်ထိုင်ခုံကနေထကာQuရှိမည်ထင်သည့်နေရာကိုသွားကာကြည့်လိုက်သည်။Quရှိမနေ။ဧည့်ခန်းထဲသို့လှည့်ကြည့်သည်။မီးဖိုခန်းထဲသို့ဝေ့ကြည့်သည်။မီးဖိုချောင်ဗီရိုတစ်ခုထဲတွင်ခုနကသူပြန်သိမ်းခိုင်းထားသည့်ပစ္စည်းများအောက်သို့ပြုတ်ကျနေတာကိုတွေ့ရတာကလွဲပြီးQu၏အရိပ်အယောင်မမြင်ရ။


နေသန်အကြောတွေကျဉ်တက်လို့သွားသည်။လီယွန့်ကိုလှမ်းကြည့်လိုက်ချိန်နေသန့်အားပြန်ကြည့်လာသည့်လီယွန်နှင့်အကြည့်ချင်းဆုံသွားသည်။ထို့နောက်နှစ်ယောက်သားမျက်လုံးများကမြေအောက်ခန်းရှိရာလမ်းသို့။


‎                            𐮜 𐮜 𐮜


Quမျက်လုံးတွေပြာဝေလို့သွားသည်။

သူကြားလိုက်ရသည့်စကားတွေကနားထဲသို့ထိုးဝင်လို့သွားသည်မှာနာနာကျင်ကျင် နှင့်ဆူးတစ်ချောင်းလိုနစ်ဝင်သွားလို့သွားသည်။


"မင်းနေသန်နှင့်အတူဆက်ရှိနေရင်သူသေကိုယ်သေဖြစ်ရလိမ့်မယ် Qu ပထမတော့မင်းကိုပဲside effectပြလိမ့်မယ် နောက်သူ့ကိုပါထိခိုက်လာလိမ့်မယ် ငါတို့လဲဘာမှမတတ်နိုင်ဘူး Quသဘာဝဟာသဘာဝပါပေပဲ"


ထိုစကားလုံးများ။

ထိုစကားလုံးအစုလိုက်က Quနားထဲတွင် ပဲ့တင်ထပ်လို့နေပေပြီ။သူ .. သူ နေသန့်ကိုမဆုံးရှုံးချင်။ဟင့်အင်။သူနေသန့်ကိုပျောပျော်ရွှင်ရွှင်နဲ့ဘဝကိုဖြတ်သန်းစေချင်သည်။ထိုအရာကလဲ သူ မ..ရှိ..မှရမည်တဲ့လား။


"မဟုတ်ဘူး မဟုတ်ဘူး နိတ် .. ငါ ငါ ငါမင်းနဲ့ပဲနေချင်တာ ငါ ငါ..မဟုတ်ဘူး..!!!"


"Qu.."


ဒါ ဒါနေသန့်အသံမဟုတ်လား။

Quဘေးသို့ဝေ့ကြည့်မည်လုပ်လိုက်ချိန် သူရင်ခွင်တစ်ခုအတွင်းသို့တိုးဝင်သွားသည်ကိုသိလိုက်ရသည်။ခဏအကြာတွင်ရရှိလိုက်ရသည့်ကိုယ်သင်းရနံ့ကြောင့်Quဝဲတက်နေသည့်မျက်ရည်တွေအဆက်မပြတ်စီးကျလို့လာလေသည်။


"နိတ်.."


မပီမသအသံလုံးလုံးလေးနှင့်မိမိအားဖက်ကာငိုနေသောမိမိ၏ကလေးလေး။လီယွန်ကဘေး၌ရှိနေသောသမင်လား ဒရယ်လားမသိသည့်အရာကိုအရင်ဦးညွှန့်နေသည်ကိုတွေ့ရသည်။ပြီးမှနေသန်တို့အားကြည့်လာသည်။


"နိတ် နိတ် နိတ် အဟမ်း နိတ် ကျေးဇူးပြုပြီး ငါ့ကိုတင်းတင်းဖက်ထားပေးပါ ငါ့ကို..အဟင့်ငါ့ကိုတင်းတင်းလေးဖက်ထားပေးပါ ဘယ်တော့မှခွဲမသွားပါနဲ့ နော် နော်"


"ကိုယ်မခွဲသွားပါဘူး ဘယ်သူပြောလဲကိုယ်ခွဲသွားမှာလို့ မခွဲဘူး ကလေးအနားမှာဘဲတစ်သက်လုံးနေမှာ ဟုတ်ပြီလား ဪ Quရယ်..."


ဆံပင်တွေကိုပွတ်သပ်ကာပြောနေသည့်နေသန့်အားQuတိုးကာတိုးကာဖက်ထားမိသည်။အနားသို့ရောက်လာသာနေသန်နှင့် သူ့အတွက်ခံစားလာရသောဝေဒနာကြောင့်ထင်၏။Quရင်ဘတ်ထဲကနာကျင်လို့လာသည်။သို့သော်သူနေသန့်အားမလွှတ်ပါ။တင်းတင်းဖက်ထားပါ၏။


သို့သော်ဖြင့်သူ၏မျက်လုံးများကတော့ပိတ်ကာသွားပြီ။အဆမတန်နာကျင်နေရသည့်နှလုံးနေရာကပေါက်ကွဲထွက်တော့မည်ထင်ပါ၏။သို့သော်သူမမှုပါ။သူအမှန်တကယ်ကိုမမှုအားသေးပါပေ။


အနာဂတ် နေသန်ထလင်းနော့တ်ဆီမှ . .


'Hello it's Thia .. Cynthia Jonas Mog ok you can ask now'


'...(a satff questions)'


'Am I alright ?? oh my!it's that what you want me to answer huh!ok then yes I'm fine I'm totally fine .. I'm fine you m*****f******.'


'CUT!!!!!'


END.




Zawgyi


အခန္း (၂၃)


Quေနာက္ကို႐ုတ္တရက္လွည့္ၾကည့္မိလိုက္သည္။Quအားထိုစကားကိုေျပာလိုက္သည့္အရာႀကီးဟာေညာင္ပင္ႀကီး၏အေနာက္ဘက္တစ္ေနရာကေနထြက္လို႔လာေနသည့္ဒရယ္ျဖဴႀကီးတစ္ေကာင္ျဖစ္လို႔ေနသည္။ျဖဴေဖြးၿပီးေတာက္ေျပာင္ကာရွင္းသန႔္ေခ်ာေမြ႕ေနေသာအသားအရည္ႏွင့္ ခန႔္ညားကာႀကီးမားလွေသာဦးခ်ိဳႀကီးႏွစ္ခုရွိသည့္ဒရယ္ျဖဴႀကီး။


Quဆီသို႔ေျဖးညင္းစြာေလွ်ာက္လွမ္းလာသည္မွာလဲတည္ၿငိမ္စြာ။မ်က္ေတာင္တျဖတ္ျဖတ္ခတ္ကာၾကည့္ေနေသာQuကိုထိုဒရယ္ျဖဴႀကီးကအနီးနားေရာက္ေတာ့ၿပဳံးကာျပေလသည္။အသက္ဝင္လွေသာအၿပဳံးမွာညင္သာကာႏူးညံ့ဟန္ကိုေဆာင္သည္။Quဘာလုပ္ရမည္မသိ။


ဒရယ္ျဖဴႀကီးကQuရပ္ေနေသာေနရာသို႔ေရာက္လာကာQuႏွင့္ယွဥ္ကာရပ္ရင္း Quခုနကၾကည့္ေနေသာဤအဆုံးမဲ့သစ္ေတာႀကီး၏အလွအားဒရယ္ႀကီးကမ်က္လုံး႐ႊင္႐ႊင္မ်ားျဖင့္ၾကည့္ေလသည္။Quမိမိေဘးနားသို႔လာရပ္ေသာဒရယ္ႀကီးေၾကာင့္ေနာက္သို႔လွည့္ထားေသာခႏၶာကိုယ္ကိုျပန္ကာတည့္မတ္လိုက္သည္။ထို႔ေနာက္ ဒရယ္ျဖဴႀကီးကိုတစ္ခ်က္ၾကည့္လိုက္ၿပီးသူသည္လဲျမင္ကြင္းကိုဆက္လက္ရႈစားေနသည္။


"လွတယ္မဟုတ္လား"


ဒရယ္ႀကီးကစတင္ကာစကားဆိုလာသည္။Quေဘးသို႔တစ္ခ်က္လွည့္ၾကည့္လိုက္ၿပီးအေတာ္ၾကာစဥ္းစားခ်င့္ခ်ိန္ေနၿပီးမွေခါင္းတစ္ခ်က္ၿငိမ့္ျပလိုက္သည္။


"ဒါေပမဲ့ မင္းေလာက္မလွပါဘူး"


Quထိုစကားကိုႏွစ္ခါျပန္ၾကားရေတာ့အနည္းငယ္ေတာ့ေနရခက္ကာသြားသည္ဆိုရမည္။ဘာကိုဆိုလိုသည္မွန္းေတာ့သိေပမဲ့အနည္းငယ္မသင့္ေတာ္သလိုခံစားရသည္။ႏႈိင္းယွဥ္သည့္အရာႏွစ္ခုမွာတစ္ခုႏွင့္တစ္ခုမအပ္စပ္သလိုမ်ိဳး။


Quအနည္းငယ္ၿပဳံးျပလိုက္ၿပီးေရွ႕သို႔သာဆက္ၾကည့္ေနလိုက္သည္။ထိုအခါဒရယ္ႀကီးကေနာက္သို႔ျဖည္းညႇင္းစြာသူ၏ကိုယ္လုံးႀကီးအားလွည့္လိုက္ၿပီး ေညာင္ပင္ႀကီးကိုေမာ္ကာၾကည့္ရႈေနျပန္သည္။Quလဲဒရယ္ျဖဴႀကီးေၾကာင့္ေနာက္သို႔လွည့္ကာၾကည့္လိုက္ရသည္။


"Qu မင္းသဘာဝရဲ႕မိခင္ႀကီးကိုျမင္ဖူးလား"


"..??"


"မျမင္ဖူးဘူးထင္ပါ့ ဒါဆိုငါဘယ္သူဆိုတာကိုေကာသိလား .. မဟုတ္ေပဘူး ေမးခြန္းမွားေနတယ္ ငါဘယ္သူလဲဆိုတာေကာရိပ္မိရဲ႕လား?"


"..."


Quေတြေတြေလးရပ္ေနရာမွေခါင္းကိုခါျပသည္။ထိုအခါဒရယ္ႀကီးကခပ္ေဖ်ာ့ေဖ်ာ့ရယ္ေလသည္။ထို႔ေနာက္Quကိုေစာင္းငဲ့ၾကည့္ကာဆိုသည္။


"ငါက Mother Natureရဲ႕ spirit animalေလ Motherေျပာေစခ်င္တဲ့စကားဒါမွမဟုတ္အလုပ္တို႔ကိုငါကတစ္ဆင့္လုပ္ေပးသလိုငါကေနတစ္ဆင့္Mother Natureကိုသတင္းစကားပါးခ်င္ရင္ ပါးေပးလို႔ရတယ္"


Quမ်က္ေတာင္ကိုႏွစ္ခ်က္မွ်ဆင့္ခတ္မိလိုက္သည္။ထို႔ေနာက္ေညာင္ပင္ႀကီးကိုတစ္ခ်က္ေမာ့ၾကည့္မိၿပီးဒရယ္ႀကီးကိုျပန္ၾကည့္လိုက္သည္။ဒရယ္ျဖဴႀကီးကၿပဳံးေနပါသည္။


"မင္းဘယ္ကလာသလဲ အၿမဲသိခ်င္ေနတာမဟုတ္ေပလား အခုေျပာျပေနၿပီေလ Qu မင္းကိုငါကိုယ္တိုင္Motherဆီကေနအႏွီးေလးနဲ႔ပိုက္ေပးခဲ့တာ မင္းအဲ့ဒီအခ်ိန္တုန္းကအတိုင္းပဲ သိပ္ကိုလွပေနတုန္းပါပဲလား"


"..."


Quနားမလည္ေတာ့။ဘာေတြေျပာေနသည္လဲ။ဘာကိုအႏွီးပိုက္ခဲ့တာလဲ။ဤဒရယ္ျဖဴႀကီးကသူ႔ကိုငယ္ငယ္ကတည္းကသိသည္လား။Motherဆီမွဆိုေတာ့ဘာေတြလဲ။သူက ဘာလဲ။Quေခါင္းေတြရႈပ္ေထြးလာသည္။ဆက္စပ္ကာစဥ္းစား၍မရေတာ့။ယခုအခ်ိန္သူစိတ္ထဲကေသြးေတြဆူပြက္ေနတာပဲသိသည္။


"ဘာကိုလဲ ကြၽန္ေတာ္နားမလည္ဘူး ကြၽန္ေတာ္.."


"မင္းလူမဟုတ္မွန္းေတာ့ရိပ္မိထားတယ္မလား"


Quသူ႔အားစကားျဖတ္ေျပာလိုက္ေသာဒရယ္ႀကီးရဲ႕အေမးစကားအားတုံဏွိဘာေဝျဖစ္ေနၿပီးမွေခါင္းၿငိမ့္ျပလိုက္သည္။


"မင္းကသဘာဝနဲ႔ဆက္စပ္ေနတယ္ဆိုတာကိုေကာသိတယ္မလား"


"အင္း"


"Quမင္းသိလား ဘာလို႔Mother Natureကို Mother of Natureလို႔ေခၚလဲဆိုတာ"


"..ဟင့္အင္"


ထိုအခါဒရယ္ႀကီးကသူ႔ဘက္လွည့္ၾကည့္ေနရာမွေညာင္ပင္ႀကီးဆီသို႔မ်က္ႏွာမူၿပီးဆိုလာသည္။


"ဟိုး..ေရွးေရွးတုန္းကသစ္ပင္၊ပန္းပင္၊ႏြယ္ပင္စတဲ့သဘာဝတရားႀကီးမွာသူတို႔ကိုေစာင့္ေရွာက္ေပးမယ့္သူတစ္ေယာက္ရွိသတဲ့ သူမကကမာၻေလာကႀကီးရဲ႕အေစာင့္အေရွာက္တစ္ေယာက္လဲျဖစ္တယ္ Quဒီစၾကာဝ႒ာႀကီးမွာအရာရာဟာသူ႔ဘာႏွင့္တူ တည္ရွိေနတတ္ၾကတယ္ လြန္ခဲ့တဲ့ႏွစ္သန္း၊ကုေဋေပါင္းမ်ားစြာက သည္ကမာၻႀကီးျဖစ္ေပၚလာတုန္းက ကမာၻႀကီးႏွင့္အတူအရာေပါင္းမ်ားစြာေပၚထြန္းလာခဲ့တယ္ နဂါးေတြ၊ေရသူေတြ၊နတ္သူငယ္ေတြ၊ဒိုင္ႏိုေတြ၊တျခား Mythical creaturesေတြစသျဖင့္ေပါ့.."


"..."


"တစ္ေန႔ေတာ့ကမာၻႀကီးမွာလူဆိုတဲ့ေသမ်ိဳးေတြစတင္ေပၚေပါက္လာခဲ့တယ္ Quရာဇဝင္ေတြဟာသူ႔အလိုလိုေပၚထြန္းခဲ့ၾကတာမဟုတ္ဘူး တခ်ိဳ႕ေတြကဒီကမာၻရွိမေနတတ္တာပဲရွိတယ္ ေသြးစုတ္ေကာင္ေတြ၊သမန္းဝံပုေလြေတြကအခုထိကိုကမာၻအႏွံ႔မွာspiritျပည္ကေနေဖာက္ထြက္လာၿပီး က်င္လည္ေနၾကတုန္းပဲ “လူေတြဟာသူတို႔မသိတဲ့အရာေတြကိုေၾကာက္တတ္ၾကတယ္ သူတို႔ထက္စြမ္းအားႀကီးတဲ့အရာေတြကိုပိုၿပီးေၾကာက္တတ္ၾကတယ္”..."


"..."


"ဒီလိုနဲ႔ပဲ ကမာၻေျမမွာျပည္နယ္အသီးသီးေတြေပၚေပါက္လာခဲ့တယ္ ဒ႑ာရီေတြကေတာ့ေခတ္အဆက္ဆက္က်န္ခဲ့ၾကတာေပါ့ "


"...."


Quေခါင္းေလးကိုအသာၿငိမ့္ျဖစ္သည္။

သူအရင္တုန္းကထင္ခဲ့တာဒီကမာၻမွာထူးဆန္းေနတာသူတစ္ေယာက္ပဲရွိတယ္လို႔ေလ။အခုေတာ့..။


"ေနပါအုန္း ဒါဆိုအဲ့ဒီmythical creatures ေတြကေကာအခုဘယ္မွာတုန္း"


"spiritျပည္မွာေပါ့ သူကကမာၻႀကီးနဲ႔အနီးဆုံးမွာရွိၿပီးအေဝးဆုံးေနရာမွာမွျမင္ရတတ္တယ္ ကမာၻႀကီးကိုေျပာင္းျပန္လွန္လိုက္ရင္ေတြ႕ရတဲ့ေျပာင္းျပန္ကမာၻႀကီးဟာ spirit worldဆိုတာပဲ"


"အာ....ဟုတ္ၿပီ ... ဆိုေတာ့ ဒိုင္ႏိုေဆာေတြကေကာတကယ္ရွိခဲ့တာေပါ့ နဂါးပ်ံေတြဘာေတြေကာေလ"


"ဒါေပါ့ .."


"ဒါဆို ကြၽန္ေတာ္ကဘာလို႔.."


"Qu ဒီစၾကာဝ႒ာႀကီးမွာမင္းမသိေသးတဲ့အေၾကာင္းအရာေတြအမ်ားႀကီးပဲ တခ်ိဳ႕ေတြကသိထားဖို႔မလိုအပ္ေပဘူး ဒါေပမဲ့ မင္း မင္းကေတာ့Motherရဲ႕Human Formဆိုေတာ့ ဒါေတြသိထားသင့္တယ္"


"ကြၽန္ေတာ္က...ဘာ??"


"မင္း..Qu(ANTIQUE)×(Human Form of Mother Nature),မင္းရဲ႕အႀကီးမားဆုံးထိုးႏွက္ခ်က္ကသဘာဝနဲ႔ဆန႔္က်င္တာလုပ္မိရင္ ေသတတ္တာပဲ.."


"(shocked)!!!!"


ဒရယ္ျဖဴႀကီးကျပန္ေျပာင္းကာQuအားစိုက္ၾကည့္လာသည္။မ်က္လုံးခ်င္းဆုံခိုက္ ျမင္လိုက္ရတဲ့ျမင္ကြင္းအခ်ိဳ႕အားQuအေတာ္ၾကာသည္အထိလက္မခံျဖစ္ခဲ့။


ဤသစ္ေတာအလယ္ဤေနရာတြင္အျဖဴေရာင္အလင္းတန္းအခ်ိဳ႕ႏွင့္ေမြးဖြားလာခဲ့ေသာသူ၊ဒရယ္ျဖဴႀကီးကိုယ္တိုင္ဦးခ်ိဳႏွင့္အႏွီးထုတ္ပတ္ေပးခဲ့ေသာသူ၊သဘာဝတရားႀကီးရဲ႕စြမ္းအင္ကိုပိုင္ဆိုင္ခဲ့ေသာသူ၊ထို႔ေနာက္သစ္ပင္ခက္အႏြယ္ေတြပတ္ရစ္ကာကမာၻေျမႀကီးႏွင့္ခႏၶာကိုယ္ဆက္စပ္ေနသည့္အစိမ္းေရာင္သစ္ပင္ဆံပင္ရွည္ေတြႏွင့္အမ်ိဳးသမီးတစ္ဦးကသူ႔အားေကာင္းခ်ီးေပးေနေသာသူ။


Quႏွလုံးခုန္ေတြရပ္တန႔္သြားၿပီေတာင္ထင္လိုက္၏။ရင္ဘတ္ကိုလက္ႏွင့္ဖိကာအသက္ကိုခပ္ဝဝျပန္ရႈေတာ့ေလထဲကရလိုက္တဲ့စြမ္းအင္တခ်ိဳ႕ေၾကာင့္တစ္ခါလန္းဆန္းလို႔သြားရျပန္သည္။


"ကြၽန္ေတာ္..ကြၽန္ေတာ္..."


‎                          𐮜 𐮜 𐮜


လီယြန္႐ုတ္တရက္ေတာင့္ခနဲျဖစ္လို႔သြားသည္။ေနသန္ကလီယြန႔္အျပဳအမူေၾကာင့္ ခုနကQuေခ်ာင္းၾကည့္ေနသည့္ေနရာအားေခါင္းေထာင္ကာၾကည့္လိုက္သည္။သို႔ေသာ္သူေတြ႕မည္ထင္ရသည့္ေခါင္းျပဴးျပဴးေလးမရွိသည္ေၾကာင့္မ်က္ေမွာင္အနည္းငယ္ကုတ္လို႔သြားရသည္။


"လီယြန္ Quေကာ??"


ခုထိေတြေဝေနေသးသည့္လီယြန႔္အား ေနသန္ခပ္ရႈပ္ရႈပ္စိတ္ေတြႏွင့္ေမးခြန္းထုတ္လိုက္သည္။သို႔ေသာ္ျပန္မေျဖလာသည့္လီယြန္ေၾကာင့္ေနသန္ထိုင္ခုံကေနထကာQuရွိမည္ထင္သည့္ေနရာကိုသြားကာၾကည့္လိုက္သည္။Quရွိမေန။ဧည့္ခန္းထဲသို႔လွည့္ၾကည့္သည္။မီးဖိုခန္းထဲသို႔ေဝ့ၾကည့္သည္။မီးဖိုေခ်ာင္ဗီ႐ိုတစ္ခုထဲတြင္ခုနကသူျပန္သိမ္းခိုင္းထားသည့္ပစၥည္းမ်ားေအာက္သို႔ျပဳတ္က်ေနတာကိုေတြ႕ရတာကလြဲၿပီးQu၏အရိပ္အေယာင္မျမင္ရ။


ေနသန္အေၾကာေတြက်ဥ္တက္လို႔သြားသည္။လီယြန႔္ကိုလွမ္းၾကည့္လိုက္ခ်ိန္ေနသန႔္အားျပန္ၾကည့္လာသည့္လီယြန္ႏွင့္အၾကည့္ခ်င္းဆုံသြားသည္။ထို႔ေနာက္ႏွစ္ေယာက္သားမ်က္လုံးမ်ားကေျမေအာက္ခန္းရွိရာလမ္းသို႔။


‎                            𐮜 𐮜 𐮜


Quမ်က္လုံးေတြျပာေဝလို႔သြားသည္။

သူၾကားလိုက္ရသည့္စကားေတြကနားထဲသို႔ထိုးဝင္လို႔သြားသည္မွာနာနာက်င္က်င္ ႏွင့္ဆူးတစ္ေခ်ာင္းလိုနစ္ဝင္သြားလို႔သြားသည္။


"မင္းေနသန္ႏွင့္အတူဆက္ရွိေနရင္သူေသကိုယ္ေသျဖစ္ရလိမ့္မယ္ Qu ပထမေတာ့မင္းကိုပဲside effectျပလိမ့္မယ္ ေနာက္သူ႔ကိုပါထိခိုက္လာလိမ့္မယ္ ငါတို႔လဲဘာမွမတတ္ႏိုင္ဘူး Quသဘာဝဟာသဘာဝပါေပပဲ"


ထိုစကားလုံးမ်ား။

ထိုစကားလုံးအစုလိုက္က Quနားထဲတြင္ ပဲ့တင္ထပ္လို႔ေနေပၿပီ။သူ .. သူ ေနသန႔္ကိုမဆုံးရႈံးခ်င္။ဟင့္အင္။သူေနသန႔္ကိုေပ်ာေပ်ာ္႐ႊင္႐ႊင္နဲ႔ဘဝကိုျဖတ္သန္းေစခ်င္သည္။ထိုအရာကလဲ သူ မ..ရွိ..မွရမည္တဲ့လား။


"မဟုတ္ဘူး မဟုတ္ဘူး နိတ္ .. ငါ ငါ ငါမင္းနဲ႔ပဲေနခ်င္တာ ငါ ငါ..မဟုတ္ဘူး..!!!"


"Qu.."


ဒါ ဒါေနသန႔္အသံမဟုတ္လား။

Quေဘးသို႔ေဝ့ၾကည့္မည္လုပ္လိုက္ခ်ိန္ သူရင္ခြင္တစ္ခုအတြင္းသို႔တိုးဝင္သြားသည္ကိုသိလိုက္ရသည္။ခဏအၾကာတြင္ရရွိလိုက္ရသည့္ကိုယ္သင္းရနံ႔ေၾကာင့္Quဝဲတက္ေနသည့္မ်က္ရည္ေတြအဆက္မျပတ္စီးက်လို႔လာေလသည္။


"နိတ္.."


မပီမသအသံလုံးလုံးေလးႏွင့္မိမိအားဖက္ကာငိုေနေသာမိမိ၏ကေလးေလး။လီယြန္ကေဘး၌ရွိေနေသာသမင္လား ဒရယ္လားမသိသည့္အရာကိုအရင္ဦးၫႊန႔္ေနသည္ကိုေတြ႕ရသည္။ၿပီးမွေနသန္တို႔အားၾကည့္လာသည္။


"နိတ္ နိတ္ နိတ္ အဟမ္း နိတ္ ေက်းဇူးျပဳၿပီး ငါ့ကိုတင္းတင္းဖက္ထားေပးပါ ငါ့ကို..အဟင့္ငါ့ကိုတင္းတင္းေလးဖက္ထားေပးပါ ဘယ္ေတာ့မွခြဲမသြားပါနဲ႔ ေနာ္ ေနာ္"


"ကိုယ္မခြဲသြားပါဘူး ဘယ္သူေျပာလဲကိုယ္ခြဲသြားမွာလို႔ မခြဲဘူး ကေလးအနားမွာဘဲတစ္သက္လုံးေနမွာ ဟုတ္ၿပီလား ဪ Quရယ္..."


ဆံပင္ေတြကိုပြတ္သပ္ကာေျပာေနသည့္ေနသန႔္အားQuတိုးကာတိုးကာဖက္ထားမိသည္။အနားသို႔ေရာက္လာသာေနသန္ႏွင့္ သူ႔အတြက္ခံစားလာရေသာေဝဒနာေၾကာင့္ထင္၏။Quရင္ဘတ္ထဲကနာက်င္လို႔လာသည္။သို႔ေသာ္သူေနသန႔္အားမလႊတ္ပါ။တင္းတင္းဖက္ထားပါ၏။


သို႔ေသာ္ျဖင့္သူ၏မ်က္လုံးမ်ားကေတာ့ပိတ္ကာသြားၿပီ။အဆမတန္နာက်င္ေနရသည့္ႏွလုံးေနရာကေပါက္ကြဲထြက္ေတာ့မည္ထင္ပါ၏။သို႔ေသာ္သူမမႈပါ။သူအမွန္တကယ္ကိုမမႈအားေသးပါေပ။


အနာဂတ္ ေနသန္ထလင္းေနာ့တ္ဆီမွ . .


'Hello it's Thia .. Cynthia Jonas Mog ok you can ask now'


'...(a satff questions)'


'Am I alright ?? oh my!it's that what you want me to answer huh!ok then yes I'm fine I'm totally fine .. I'm fine you m*****f******.'


'CUT!!!!!'


END.

Comments

Post a Comment