Couvade Syndrome အကြောင်း

 Image result for couvade syndrome

Couvade Syndromeအကြောင်း

 Couvade Syndrome ဆိုတာ ကိုယ်ဝန်ဆောင်ဇနီးသည်ရှိတဲ့ အမျိုးသားတွေမှာ ကိုယ်ဝန်ဆောင်လက္ခဏာများ ဖြစ်ပေါ်တဲ့ အခြေအနေဖြစ်ပါတယ်။ Couvade Syndrome ကို "Sympathetic Pregnancy"လိုလည်း ခေါ်ကြပါတယ်။ Couvade Syndrome ဆိုတဲ့ စကားလုံးဟာ "ပေါက်ဖွားခြင်း"လို အဓိပ်ပါယျရတဲ့ ပြင်သစ်စာလုံး "Couvee"မှ ဆင်းသက်လာတာဖြစ်ပါတယ်။ Couvade Syndrome ကို ၁၈၆၅ခုနှစ်မှာ မနုဿဗေဒပညာရှင် Edward Burnett Tylor က ပထမဦးဆုံး တွေ့ရှိမှတ်တမ်းတင်ခဲ့တာပဲ ဖြစ်ပါတယ်။

 Image result for couvade syndrome

Couvade Syndrome လက္ခဏာများ

Couvade Syndrome  လက္ခဏာများဟာ ကိုယ်ဝန်ဆောင်မိခင်များ ခံစားရတဲ့ လက္ခဏာများနှင့် ဆင်တူတာကြောင့် စိတ်ပိုင်းဆိုင်ရာလက္ခဏာများနှင့် ရုပ်ပိုင်းဆိုင်ရာလက္ခဏာများဟု နှစ်မျိုးခွဲခြားနိုင်ပါတယ်။ Couvade Syndrome ဖြစ်နေတဲ့လူတစ်ယောက်နှင့် တစ်ယောက်ဟာ ဖြစ်ပေါ်တဲ့ လက္ခဏာများ မတူကွဲပြားလေ့ရှိပြီး စိတ်ဖိစီးမှုပိုများလေ လက္ခဏာများ ပိုပြင်းထန်လေ ဖြစ်ပါတယ်။

 စိတ်ပိုင်းဆိုင်ရာ လက္ခဏာများကတော့ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစီးခြင်း၊ အိပ်မပျော်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

 ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများကတော့ အော့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ရင်ပြည့်ရင်ကန်ဖြစ်ခြင်း၊ ဝမ်းဗိုက်နား နာကျင်ခြင်း၊ ချဥ်ခြင်းတက်ခြင်း၊ ခြေထောက် ကြွက်တက်ခြင်း၊ ကျောဘက် နာကျင်လာခြင်း၊ အလေးချိန်တက်ခြင်း သိုမဟုတ် ကျခြင်း၊ ဝမ်းဗိုက်ပူလာခြင်း၊ သွားနာခြင်း စတာတွေပဲ ဖြစ်ပါတယ်။

 Image result for couvade syndrome

Couvade Syndrome ဖြစ်ရတဲ့ တိကျသော အဓိကအကြောင်းရင်းကို မသိရှိကြသေးပေမယ့် Couvade Syndromeဖြစ်စေနိုင်တဲ့ အကြောင်းရင်းများကတော့

-စိတ်ဖိစီးခြင်း

အမျိုးသားများဟာ ဖခင်ဖြစ်တော့မယ်ဆိုတာကို သိကြတဲ့အခါမှာ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတိုကို ခံစားရသလို စိုးရိမ်မှုနှင့် စိတ်ဖိစီးမှုတိုကိုလည်း တစ်ပြိုင်နက်တည်း ခံစားရတဲ့အချိန်မှာ Couvade Syndromeရဲ့ လက္ခဏာများဖြစ်တဲ့ အားနည်းခြင်း၊ နာကျင်ခြင်း စတာတွေကို ခံစားရတတ်ပါတယ်။

 -ဟော်မုန်းများ ပြောင်းလဲခြင်း

လေ့လာတွေ့ရှိချက်များအရ ကိုယ်ဝန်ဆောင်ဇနီးသည်ရှိတဲ့ အမျိုးသားများဟာ Testosterone လျော့နည်းခြင်း၊ Estradiol တိုးမြင့်ခြင်း စတဲ့ဟော်မုန်းပြောင်းလဲမှုများ ရှိတတ်ကြပါတယ်။ ဒီလို ဟော်မုန်းပြောင်းလဲမှုဟာ Couvade Syndrome ကို ဖြစ်စေနိုင်ပါတယ်။

 -သံယောဇဥ်

မိမိရဲ့ မွေးလာမယ့်ကလေးအပေါ် သံယောဇဥ်ကြီးတဲ့ ဖခင်လောင်းတွေဟာ Couvade Syndrome ဖြစ်နှုန်း ပိုများပါတယ်။ ကိုယ်ဝန်ဆောင်နှင့် ပတ်သက်သည့်လုပ်ငန်းစဥ်များကို လိုက်လုပ်သော အမျိုးသားများနှင့် ကလေးမွေးဖွားဖိုအတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်တတ်သော အမျိုးသားများမှာ Couvade Syndromeကို ပိုတွေ့ရတတ်ပါတယ်။

 -စိတ်ပိုင်းဆိုင်ရာ ပြဿနာများ

မိမိရဲ့ဇနီးသည်ကသာ ကိုယ်ဝန်ဆောင်နိုင်ပြီး ကလေးမွေးနိုင်တာကို မနာလိုခြင်း၊ မိမိရဲ့ဇနီးသည် ကိုယ်ဝန်ဆောင်ရတာကို မိမိမှာ အပြစ်ရှိတယ်ဟု ခံစားရခြင်း၊ ဖခင်ဖြစ်လိုစိတ်ပြင်းပြနေခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ အချက်အလက်အချိုဟာလည်း Couvade Syndrome ကို ဖြစ်စေနိုင်ပါတယ်။

 Couvade Syndrome ဟာ လူကို အန္တရာယ်မဖြစ်စေတဲ့အတွက်ကြောင့် သူ့အတွက် သီးသန့်ကုသနည်း မရှိပါဘူး။ ကိုယ်ဝန်ဆောင်နေစဥ်အတောအတွင်း Couvade Syndrome ဖြစ်နေတဲ့ အမျိုးသားရော ဇနီးသည်ပါ ပုံမှန်ထပ်ပိုအနားယူခြင်း၊ အာဟာရမျှတစွာ စားသုံးခြင်း၊ အရက်နှင့် မူးယစ်ဆေးဝါးများ ရှောင်ကြဥ်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းနှင့် စိတ်ဖိစီးမှုသက်သာစေရန်အတွက် တရားထိုင်ခြင်း၊ yoga လုပ်ခြင်းတိုကို ပြုလုပ်သင့်ပါတယ်။

 Image result for couvade syndrome

Couvade Syndrome ဟာ ကိုယ်ဝန်ရဲ့ ပထမသုံးလမှာ လက္ခဏာများ စပေါ်ပါတယ်။ ဒုတိယသုံးလမှာ လက္ခဏာများပေါ်တာဟာ လျော့နည်းသွားပြီး ယေဘုယျအားဖြင့် နေရထိုင်ရတာ အဆင်ပြေလာပါလိမ့်မယ်။ တတိယသုံးလနှင့် ကလေး မွေးဖွားဖို နီးလာချိန်မှာ လက္ခဏာများဟာ ပြန်လည်ပြင်းထန်လာပြီး မွေးဖိုနီးလေ နေရထိုင်ရ သက်သောင့်သက်သာမရှိတော့လေ ဖြစ်လာနိုင်ပါတယ်။ ပုံမှန်အားဖြင့် ကလေးမွေးဖွားပြီးချိန်မှာတော့ လက္ခဏာများဟာ ပျောက်သွားကြပါတယ်။

 Couvade Syndrome ဖြစ်နှုန်းဟာ ယဥ်ကျေးမှုဓလေ့နှင့် ပထဝီဝင်တည်နေရာအပေါ် မူတည်ပြီး ကွဲပြားသွားကြပါတယ်။ Australia မှာဆို Couvade Syndrome ဖြစ်နှုန်း ၃၁ရာခိုင်နှုန်း၊ United Kingdom မှာဆို ၂၅ရာခိုင်နှုန်း၊ Poland မှာဆို ၇၂ရာခိုင်နှုန်း စသဖြင့် သိသိသာသာ ကွဲပြားသွားကြပါတယ်။

Comments

  1. ကိုယ်တွေနဲ့ မသက်ဆိုင်သောရောဂါ🥴

    ReplyDelete
  2. တချို့ကတော့ အမျိုးသား​ကိုယ့်အမျိုးသမီးရို အရမ်းချစ်ရင်ြဖစ်တယ်ဆိုပြီးပြောကြတယ်😏😁😁😁

    ReplyDelete
  3. သိခွင့် ဖတ်ခွင့် အတွက် ကျေးဇူးပါ

    ReplyDelete
  4. ယောင်္ကျားကအရမ်းချစ်မှအဲ့လိုတွေခံစားရတယ်လို့ထင်ခဲ့တာ လက်စသတ်တော့ဒါလည်းရောဂါလက္ခဏာတခုပဲ

    ReplyDelete

Post a Comment