Couvade Syndrome အကြောင်း
Couvade Syndromeအကြောင်း
Couvade Syndrome၏ လက္ခဏာများ
Couvade Syndrome ၏ လက္ခဏာများဟာ ကိုယ်ဝန်ဆောင်မိခင်များ ခံစားရတဲ့ လက္ခဏာများနှင့် ဆင်တူတာကြောင့် စိတ်ပိုင်းဆိုင်ရာလက္ခဏာများနှင့် ရုပ်ပိုင်းဆိုင်ရာလက္ခဏာများဟု နှစ်မျိုးခွဲခြားနိုင်ပါတယ်။ Couvade Syndrome ဖြစ်နေတဲ့လူတစ်ယောက်နှင့် တစ်ယောက်ဟာ ဖြစ်ပေါ်တဲ့ လက္ခဏာများ မတူကွဲပြားလေ့ရှိပြီး စိတ်ဖိစီးမှုပိုများလေ လက္ခဏာများ ပိုပြင်းထန်လေ ဖြစ်ပါတယ်။
Couvade Syndrome ဖြစ်ရတဲ့ တိကျသော အဓိကအကြောင်းရင်းကို မသိရှိကြသေးပေမယ့် Couvade Syndromeဖြစ်စေနိုင်တဲ့ အကြောင်းရင်းများကတော့
-စိတ်ဖိစီးခြင်း
အမျိုးသားများဟာ ဖခင်ဖြစ်တော့မယ်ဆိုတာကို သိကြတဲ့အခါမှာ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတိုကို ခံစားရသလို စိုးရိမ်မှုနှင့် စိတ်ဖိစီးမှုတိုကိုလည်း တစ်ပြိုင်နက်တည်း ခံစားရတဲ့အချိန်မှာ Couvade Syndromeရဲ့ လက္ခဏာများဖြစ်တဲ့ အားနည်းခြင်း၊ နာကျင်ခြင်း စတာတွေကို ခံစားရတတ်ပါတယ်။
-ဟော်မုန်းများ ပြောင်းလဲခြင်း
လေ့လာတွေ့ရှိချက်များအရ ကိုယ်ဝန်ဆောင်ဇနီးသည်ရှိတဲ့ အမျိုးသားများဟာ Testosterone လျော့နည်းခြင်း၊ Estradiol တိုးမြင့်ခြင်း စတဲ့ဟော်မုန်းပြောင်းလဲမှုများ ရှိတတ်ကြပါတယ်။ ဒီလို ဟော်မုန်းပြောင်းလဲမှုဟာ Couvade Syndrome ကို ဖြစ်စေနိုင်ပါတယ်။
-သံယောဇဥ်
မိမိရဲ့ မွေးလာမယ့်ကလေးအပေါ် သံယောဇဥ်ကြီးတဲ့ ဖခင်လောင်းတွေဟာ Couvade Syndrome ဖြစ်နှုန်း ပိုများပါတယ်။ ကိုယ်ဝန်ဆောင်နှင့် ပတ်သက်သည့်လုပ်ငန်းစဥ်များကို လိုက်လုပ်သော အမျိုးသားများနှင့် ကလေးမွေးဖွားဖိုအတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်တတ်သော အမျိုးသားများမှာ Couvade Syndromeကို ပိုတွေ့ရတတ်ပါတယ်။
-စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
မိမိရဲ့ဇနီးသည်ကသာ ကိုယ်ဝန်ဆောင်နိုင်ပြီး ကလေးမွေးနိုင်တာကို မနာလိုခြင်း၊ မိမိရဲ့ဇနီးသည် ကိုယ်ဝန်ဆောင်ရတာကို မိမိမှာ အပြစ်ရှိတယ်ဟု ခံစားရခြင်း၊ ဖခင်ဖြစ်လိုစိတ်ပြင်းပြနေခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ အချက်အလက်အချိုဟာလည်း Couvade Syndrome ကို ဖြစ်စေနိုင်ပါတယ်။
Couvade Syndrome ဟာ ကိုယ်ဝန်ရဲ့ ပထမသုံးလမှာ လက္ခဏာများ စပေါ်ပါတယ်။ ဒုတိယသုံးလမှာ လက္ခဏာများပေါ်တာဟာ လျော့နည်းသွားပြီး ယေဘုယျအားဖြင့် နေရထိုင်ရတာ အဆင်ပြေလာပါလိမ့်မယ်။ တတိယသုံးလနှင့် ကလေး မွေးဖွားဖို နီးလာချိန်မှာ လက္ခဏာများဟာ ပြန်လည်ပြင်းထန်လာပြီး မွေးဖိုနီးလေ နေရထိုင်ရ သက်သောင့်သက်သာမရှိတော့လေ ဖြစ်လာနိုင်ပါတယ်။ ပုံမှန်အားဖြင့် ကလေးမွေးဖွားပြီးချိန်မှာတော့ လက္ခဏာများဟာ ပျောက်သွားကြပါတယ်။
ကိုယ်တွေနဲ့ မသက်ဆိုင်သောရောဂါ🥴
ReplyDeleteတချို့ကတော့ အမျိုးသားကိုယ့်အမျိုးသမီးရို အရမ်းချစ်ရင်ြဖစ်တယ်ဆိုပြီးပြောကြတယ်😏😁😁😁
ReplyDeletegood.
ReplyDeleteသိခွင့် ဖတ်ခွင့် အတွက် ကျေးဇူးပါ
ReplyDeleteယောင်္ကျားကအရမ်းချစ်မှအဲ့လိုတွေခံစားရတယ်လို့ထင်ခဲ့တာ လက်စသတ်တော့ဒါလည်းရောဂါလက္ခဏာတခုပဲ
ReplyDeleteThanks
ReplyDeleteI have been seeing.
ReplyDelete