Goli and Miya ( အပိုင်း ၈)


အခန်း ၁ ဖတ်ရန်- https://bit.ly/3k4mEpU
အခန်း ၂ ဖတ်ရန်- https://bit.ly/3meK1jo
အခန်း ၃ ဖတ်ရန်_ https://bit.ly/3z0lPVx
အခန်း ၄ ဖတ်ရန်- https://bit.ly/389xFRi
အခန်း ၅ ဖတ်ရန်_ https://bit.ly/3DpCYdW
အခန်း ၆ ဖတ်ရန်- https://bit.ly/3zz6Yla
အခန်း ၇ ဖတ်ရန်- https://bit.ly/3mN7t7v



 အခန်း(၈)

အပြင်မှ လှမ်းကြည့်လိုက်လျှင် မီးပူဇော်ပွဲဟု အမှတ်မှားရလောက်အောင် ပြင်းထန်တောက်လောင်နေသော မီးတောက်များစွာမြင်ရနိုင်လေသည်။သို့သော်အထဲမှာကား ဖိုဘေနှင့် လိုဘယ်တို့ တိုက်ခိုက်နေကြခြင်းဖြစ်၏။

ဖိုဘေကား ကျောင်းတော်တွင် သင်ကြားခဲ့ရသမျှ တိုက်ကွက်ပုံစံအမျိုးမျိုးကို ပုံဖော်တိုက်ခိုက်နေလင့်ကစား ထိုမိစ္ဆာမ လိုဘယ်ကိုကား တစ်ချက်ပင် ထိအောင် မတိုက်နိုင်ပေ။

ဖိုဘေက မီးတောက်ဖြင့် တည့်တည့်ပစ်လျှင်က ခပ်လှမ်းလှမ်းလောက်ရှောင်သည်။မီးလက်သီးဖြင့် အနီးကပ်ထိုးလျှင်လည်း အသာလေးရှောင်ရင်း ခပ်ဝေးဝေးသို့ရောက်အောင်ပြန်ကန်ထည့်လိုက်လေရာ ဖိုဘေကသာ အရှုံးကြီးဖြစ်နေ၏၊

အချိန်ကြာလာသောအခါ ဖိုဘေလည်း အနည်းငယ် လက်ပန်းကျလာ၏။လိုဘယ်ကား ထိုကဲ့သို့ လက်ပန်းကျအားနည်းချိန်ကျမှ တိုက်ခိုက်ရန်ကြံစည်ထားပုံရသည်။တစ်လျှောက်လုံး နည်းအမျိုးမျိုးဖြင့်သာ ရှောင်တိမ်းနေ၏။

“မီးနတ်ဘုရား ကကွက်”
ပါးစပ်မှရွှတ်ဆိုရင်း သူတတ်ကျွမ်းခဲ့ရာ တိုက်ကွက်များကိုသုံးရင်း အပြင်းအထန်တိုက်ခိုက်လေသည်။ဤတစ်ကြိမ်၌မူ လိုဘယ်၏ လက်များကို မီးစွဲသွားစေလေသောကြောင့် လိုဘယ်က ရယ်မောကာ
“နတ်သူငယ်တစ်ပါးလေးက ဒီလောက်တောင် စွမ်းစွမ်းတမံတိုက်နိုင်တာ အံ့ဩဖို့ကောင်းလိုက်တာ ငါရဲ့ညစာအဖြစ်စားရမှာတောင် အရမ်းတွေ စိတ်လှုပ်ရှားနေပြီ။ဟီးဟီးဟီးဟီး...ဟီး…..ဟီးဟီးဟီးဟီး….။”

“မီးလှံ သိုင်းကစားကွက်။”
ပါးစပ်ရေရွှတ်လိုက်ရင်း လက်မှမီးတောက်များကို လှံရှည်ကြီးအဖြစ် စီမံရင်း ချိန်ရွယ်ကာ အားကုန်ပစ်လိုက်လေသည်။သို့သော်လည်း လိုဘယ်ကား လှံကို ခုန်ကာရှောင်လိုက်သည်။သို့သော် မီး၏အစအနများ လာဟပ်လေရာ အနည်းငယ်တော့ ထိခိုက်သွားလေတော့သည်။

ဖိုဘေ စိတ်ထဲတွင် ကြံရာမရဖြစ်လာသည်။ဤမျှလောက်အထိ အပြင်းအထန်တိုက်နေတာတောင်မှ  ဤမျှလောက်လေးသာ ထိခိုက်သည်၊ဤအတိုင်းဆို ဒီတိုက်ပွဲရှုံးတော့မည် သူအကြံထုတ်ရတော့မည်။ထိုစဉ်လိုဘယ်က ရုတ်တရက်
“ကဲကဲ ကစားနေတာတော်လောက်ပြီ။မင်း လူသားတွေ လေစိမ်းတိုက်တယ်ပြောတာကြားဖူးလား နတ်သူငယ်လေး။”

ပြော၍အပြီးမှာပင် လေပြင်းပြင်းတိုးသွားသလို ခံစားလိုက်ရကာ မကြာခင်ပင် လဲကျသွားလေတော့သည်။ဖိုဘေ အံ့ဩသလို နာလည်းနာကျင်လှသည်။
“သူ...သူ...ဘာလုပ်လိုက်တာလားဟ။”

ထိုအခိုက် ဂျီတက ဖိုဘေအနားကို တရွှတ်တိုက်ရင်း ဖြေးဖြေးချင်းရောက်လာသည်။လိုဘယ်က ထိုမြင်ကွင်းကို ကြည့်ရင်း
“အောင်မလေးဟယ် ချစ်ဖို့ကောင်းလိုက်တဲ့ နတ်သူငယ်လေးတွေ စိတ်မပူနဲ့နော် နှစ်ယောက်လုံးကို ပြိုင်တူ ဇီဝိန်ချွေပေးမယ် သိလား။”

တစ်ခဏအကြာတွင် အောက်ထပ်လိုလိုထင်ရသောနေရာမှ လျှောက်လာသံတစ်ခုကိုကြားလိုက်ရသည်။ထို့နောက်တွင်မူ လှေကားမှတက်လာသော ထူးထူးဆန်းဆန်း ဝတ်စုံဝတ်ထားသည့် လူသတ်သမားပုံပေါ်နေသည့် လူကောင်ကြီးကြီး သတ္တဝါကြီး တစ်ကောင်တက်လာလေသည်။လိုဘယ်က သူ့တပည့်ဖြစ်ပုံရသည့် ထိုသတ္တဝါကြီးအား
“နှစ်ယောက်လုံးကို ခေါ်သွား။ဟိုနတ်သူငယ်လေးနဲ့အတူတူချုပ်ထားလိုက်။”

အင်မတန်မှောင်မိုက်နေသော နေရာထဲတွင် ဖိုဘေနှင့် ဂျီတတို့ ပြန်သတိရလာခဲ့ကြသည်။ဖိုဘေက သူ့လက်တွင် မီးတောက်ကို ထုတ်ဖို့ကြိုးစားပါသေးသော်လည်း အားအင်များကုန်ခမ်းပြီး လက်ကျန်အားများကိုပါစုပ်ယူသွားကြသည်ဟု ခံစားနေရလေရာ မီးတောက်မှာ ထွက်မလာတော့ပေ။

တစ်ခဏအကြာတွင် တဒုံးဒုံးလျှောက်လာသော ခြေသံကိုကြားရလေရာ အစောက သတ္တဝါကြီးဖြစ်မည်ဟု ခံစားရလေသည်။

အမှောင်ထဲရောက်နေသောကြောင့်၎င်းတို့ကိုယ်ရောင်ကိုယ်ဝါလေးကသာ အလင်းရောင်အဖြစ်ရှိတော့သည်။ဂျီတ ဖိုဘေကို တိုးတိုးလေးခေါ်လိုက်၏၊သူတို့ကား တစ်လှောင်အိမ်ထဲ ထည်ထားခံရခြင်းဖြစ်လေရာ အချင်းချင်း တီးတိုးတိုင်ပင်နိုင်လေသည်။

“ဖိုဘေ ငါ့ သွေးအစွမ်းကို သုံးလိုက်ရင် ငါတို့ လွတ်အောင်ပြေးနိုင်မှာပါ ငါဘေးဘက်ကို မြင်ရသလောက်ကြည့်ပြီးပြီ။ဂျုဒီက ဘေးတင်ရှိတယ်။”

“ဒါပေမယ့် မင်းက သွေးတွေအများကြီးထွက်ထားတာ တိုက်ကွက်သုံးလိုက်ရင် မင်းသေမှာပေါ့။”

“မင်းဆီကနေ သွေးနည်းနည်းယူလိုက်ရင်ရပါပြီ။မင်းက မီးတောက်ဖန်ဆင်းနိုင်အောင်သာ လုပ်ထား၊အခွင့်အရေးရတာနဲ့ ဒီနေရာကို မီးမြိုက်ချလိုက်။”

ဖိုဘေကနားမလည်နိုင်စွာဖြင့်
“မီးမြိုက်ဖို့မပြောနဲ့ မီးတောင်မတောက်လာတော့ဘူးလေ။ပြီးတော့ ထတောင်မထနိုင်တော့ဘူး အခုဆို။”

ဂျီတက
“မင်းစိတ်ခွန်အားတွေကို စုပြီး ဆရာကြီးသင်ခဲ့သလို အစီအမံလုပ်လိုက်ပါလား။”

ဤသို့ဖြင့် ဖိုဘေလည်း အစီအစဉ်အတိုင်း စိတ်ကိုစုစည်းကာ ဆရာကြီးသင်ခဲ့သော အစီအမံကို ပြန်စဉ်းစား၏။

“ဘယ်လိုအစီအမံမျိုးကို မဆို စိတ်မှာခွန်အားပြည့်ဝနေသ၍ ကိုယ်မှာ အားမရှိတော့လည်း ဖန်ဆင်းလို့ရတယ်။စိတ်ကအားနည်းနေရင် ကိုယ်က ဘယ်လောက် သန်မာနေပါစေ။ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။”

ထို့နောက် မှောက်ရက်အနေအထားနေလိုက်၏။ဂျီတက ဖိုဘေ၏လက်မောင်းနားကိုကိုင်ထားရင်း
“ဖိုဘေ ငါစပြီနော်။”

ပြောပြီးတစ်ပြိုင်နက်ထဲမှာပင် လက်မောင်းကို ကိုက်ချလိုက်၏။ဖိုဘေတစ်ယောက် လက်မောင်းထဲမှ သွေးများ ဂျီတ ပါးစပ်ထဲစီးဆင်းသွားသည်ကို ခံစားမိနေရင်း တစ်ဖက်မှလည်း စိတ်ခွန်အားများကို စုစည်းနေ၏။

ဂျီတတစ်ယောက် တစ်ကိုယ်လုံးက အကြောများ ထောင်ထွက်လာသည့်နှင့် လက်မှ သွေးဖြင့် စီရင်သော သံကြိုးရှည်တပ်ထားသော ဓါးမြှောင်ကို ကိုင်စွဲလိုက်သည်။ဤတစ်ခါတွင်မူ သံကြိုးရှည်တစ်လျှောက်တွင် ဆူးချွန်ကြီးများပါရှိ၏။တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လေ လက်မှသွေးများပိုထွက်လာလေရာ လက်နက်မှာလည်း သွေးများများသောက်ရလေ အားကြီးလာလေလေ ဖြစ်လာလေသည်။ထို့နောက် ဂျီတက
“မင်းအာရုံခံတဲ့ အစွမ်းနဲ့ ဟိုသတ္တဝါရှိတဲ့ နေရာကို ငါ့ကိုပြောပြ။”

ဖိုဘေအာရုံလိုက်သောအခါ ဂျီတ၏ သွေးအစွမ်းလက်နက်နှင့် သွေးရောင်ပြောင်းလာသော ကိုယ်ရောင်ကိုယ်ဝါကို သတိထားမိသွားဟန်တူသော ထိုသတ္တဝါကား ဧရာမဓါးမကြီးကိုင်ကာ လှောင်အိမ်ဘက်ကိုလျှောက်လာလေပြီဖြစ်သည်။

“ညာဘက်ထောင့် ငါးပေလောက်ပဲလိုတော့တယ် လျှောက်လာနေပြီ။”
ဖိုဘေက ပြောပြီးသည်နှင့် သံကြိုးကိုလွှဲလိုက်ရာ ထိုလက်နက်ကြီးက သားကောင်ဆီကို လှောင်အိမ်ပေါက်မှ ထွက်လာပြီး တည့်တည့်ကြီး ပြေးသွားလေသည်။ငါးပေမျှသာကွာလေသောကြောင့် သံကြိုးက သတ္တဝါကြီးလည်ပင်းကို ရစ်ပတ်လေတော့သည်။ထို့နောက်တွင် ဓါးသွားက နဖူးတွင် စိုက်သွားက သွေးသောက်ဓါးဖြစ်လေသည်နှင့်အမျှ ထိုသတ္တဝါကြီး၏ သွေးကို စုပ်ယူလေသည်။

အဆုံး၌ကား ထိုသတ္တဝါ၏ နဖူးမှ လက်ကျန်သွေးများ ပန်းထွက်ရင်း မချိမဆံ့ သေဆုံးသွားလေတော့သည်။ထို့နောက်တွင် လိုဘယ်က အောက်ဆင်းလာပြီးကြည့်ပုံရလေ၏။၎င်း၏ တပည့် သတ္တဝါကြီးကို သတ်လိုက်ခြင်းဖြစ်ကြောင်း သတိထားမိသောအခါ သူမငိုကြွေး၏ လက်နက်ကိုကြည့်ရင်းလည်း အံ့ဩနေ၏။

“နင်သူ့ကိုသတ်လိုက်တာပဲ။သွေး...သွေးမိစ္ဆာတိုက်ကွက်နဲ့။”

ဂျီတ့စိတ်ထဲ အနည်းငယ်တွေဝေသွား၏။သူသုံးသည်မှာ သွေးမိစ္ဆာတိုက်ကွက်ဟုခေါ်သည်လော။မဖြစ်နိုင်ပေ။ဤတိုက်ကွက်ကား သူတို့ကျောင်းတော်မှာပင် သင်ပေးသေးသည်။ကျောင်းတော်ကတော့ မိစ္ဆာတိုက်ကွက်တွေ သင်မည်မဟုတ်လောက်ပါ။

သို့သော် ဤအချိန်တွင် လွတ်ဖို့က အရေးကြီးလှသည်။ထို့ကြောင့် စိတ်ထဲထားမနေတော့ချေ။ဖိုဘေကား လိုဘယ်ရောက်တုန်း အခိုက်တွင် လိုဘယ်ကို မီးပတ်လည်ဝိုင်းလိုက်သည်။၊ထို့နောက် သူ၏စိတ်ကူးထဲတွင် မီးငှက်ကြီးကို ပုံဖော်စိတ်ကူးကာ လက်ကျန်အင်အားဖြင့် အားကုန်ပစ်လွှတ်လိုက်လေ၏။ထိုမီးငှက်ကား လိုဘယ်၏ ကိုယ်ထဲ ဝင်သွားကာ လိုဘယ်ကို မီးမြိုက်ရင်း ပြာချလိုက်လေတော့သည်။လိုဘယ်ကား သေလုဆဲဆဲတွင် ကျိန်စာများ ထပ်ကာထပ်ကာ ရွတ်ဆိုကာ ကျိန်ဆဲသွားလေ၏။

“ဒီ နတ်သူငယ်တွေ မကြာခင်မှာ နတ်ဆိုးများအသွင်များပြောင်းလာကာ ယခုသူတို့ ကျွန်မကို သတ်ခဲ့သလို ပြန်အသတ်ခံရကြပါစေ။”

ထိုကျိန်စာကို ထပ်ကာထပ်ကာရွှတ်ရင်း ပြာကျသွားလေသောအခါမှ လှောင်အိမ်ကိုဖျက်၏။ထို့နောက် ဂျုဒီကို လှောင်အိမ်ထဲမှထုတ်ကြသည်။ဂျုဒီကား အားအင်နည်းနေလေရာ လမ်းပင် မနည်းလျှောက်ရသည်။သွေးအများကြီး စုပ်မိထားသူ ဂျီတကာသာ နှစ်ယောက်စလုံးကို တွဲကာ မနည်းထွက်လာရ၏။ထိုနေရာ၏ အပြင်သို့ရောက်လာသောအခါ သူတို့ကိုယ်ရောင်ကိုယ်ဝါများထွက်လာလေသောကြောင့် မိစ္ဆာများ၊သရဲများစွာထွက်လာကာ ၎င်းတို့သုံးယောက်ကို လိုက်ကြလေသည်။သူတို့က ရွေ့ပြောင်းအစီအမံသုံးပြီးပြေးရန် အနည်းငယ်ကျယ်ပြန့်သော မြေပေါ်သို့သွားကြဖို့လိုလေသည်။

သို့သော် ဤသို့အားနည်းနေကြပုံနှင့်ပြေးမရကြချေ။ထိုစဉ် မျော့မျော့လေးရှိနေရာမှ ဂျုဒီက
‘ငါ့လက်ကို သေချာကိုင်ထားကြ ငါမိုးကြိုးအရှိန်သုံးတတ်တယ်။ဟိုရောက်တာနဲ့ ရွေ့ပြောင်းအစီအမံကိုသုံးကြတော့။”

ဖိုဘေက
‘နင်က အဲ့အစီအမံကို ဘယ်တုန်းက သင်ထားတာလဲ။”

ဂျုဒီက
“လျှာမရှည်နဲ့ ကိုင်မှာသာကိုင်ထားစမ်းပါ။”

ထို့နောက် ဂျုဒီက ပါးစပ်က တစ်ခုခုကိုရေရွှတ်လိုက်ပြီး အတော်ဆိုးဆိုးပြင်းထန်သော မိုးကြိုးပစ်ချသည့်အလား အရှိန်ဖြင့် အရှေ့တည့်တည့်ပြေးသွားလိုက်ကြရာ သူတို့အပေါ်ခုန်အုပ်သော သရဲတစ်ကောင်လက်မှ သီသီလေးသာ လွတ်သွားကြ၏။

အတော်ဝေးဝေးရောက်လေသောအခါ ဂျုဒီမှာ သတိလစ်သွားလေပြီ။မိုးကြိုးအရှိန်ကား ပြေပျောက်သွား၏။ရွေ့ပြောင်းအစွမ်းကို အမြန်ဆုံးစီမံကြသည်။စီမံနေစဉ် ထိုပတ်ဝန်းကျင်မှ မိစ္တာတစ်ကောင်မှာထွက်လာပြီး ၎င်း၏ မိစ္ဆာဓါးဖြင့် လှမ်းခုတ်လေရာ ဂျီတက သူ၏သံဆူးကြိုးဓါးဖြင့် လွဲရင်းကာလိုက်သည်။သို့သော ဖိုဘေက ထိခိုက်မိသွားပြန်ရာ မှောက်သွားလေတော့သည်။

ထိုမိစ္ဆာရောက်လုစဲစဲ အချိန်ကလေးမှာပင် အစီအမံအောင်မြင်ကာ သူတို့ကျောင်းဆောင်စာသင်ခန်းထဲ ရုတ်တရက်ရောက်သွားကြသည်။

အခြားကျောင်းသားကျောင်းသူ နတ်သူငယ်လေးများကတော့မူ ကြည့်ပြီးထူးဆန်းသလိုလို ထင်ကောင်းထင်မည်။သို့သော် သူတို့ကား ဂရုပင်မစိုက်နိုင်ပဲ ပစ်လဲကာ သတိလစ်နေကြပြီဖြစ်လေ၏။


(zawgyi)
အခန္း(၈) အျပင္မွ လွမ္းၾကည့္လိုက္လၽွင္ မီးပူေဇာ္ပြဲဟု အမွတ္မွားရေလာက္ေအာင္ ျပင္းထန္ေတာက္ေလာင္ေနေသာ မီးေတာက္မ်ားစြာျမင္ရနိုင္ေလသည္။သို႔ေသာ္အထဲမွာကား ဖိုေဘႏွင့္ လိုဘယ္တို႔ တိုက္ခိုက္ေနၾကျခင္းျဖစ္၏။ ဖိုေဘကား ေက်ာင္းေတာ္တြင္ သင္ၾကားခဲ့ရသမၽွ တိုက္ကြက္ပုံစံအမ်ိဳးမ်ိဳးကို ပုံေဖာ္တိုက္ခိုက္ေနလင့္ကစား ထိုမိစၧာမ လိုဘယ္ကိုကား တစ္ခ်က္ပင္ ထိေအာင္ မတိုက္နိုင္ေပ။ ဖိုေဘက မီးေတာက္ျဖင့္ တည့္တည့္ပစ္လၽွင္က ခပ္လွမ္းလွမ္းေလာက္ေရွာင္သည္။မီးလက္သီးျဖင့္ အနီးကပ္ထိုးလၽွင္လည္း အသာေလးေရွာင္ရင္း ခပ္ေဝးေဝးသို႔ေရာက္ေအာင္ျပန္ကန္ထည့္လိုက္ေလရာ ဖိုေဘကသာ အရႈံးႀကီးျဖစ္ေန၏၊ အခ်ိန္ၾကာလာေသာအခါ ဖိုေဘလည္း အနည္းငယ္ လက္ပန္းက်လာ၏။လိုဘယ္ကား ထိုကဲ့သို႔ လက္ပန္းက်အားနည္းခ်ိန္က်မွ တိုက္ခိုက္ရန္ႀကံစည္ထားပုံရသည္။တစ္ေလၽွာက္လုံး နည္းအမ်ိဳးမ်ိဳးျဖင့္သာ ေရွာင္တိမ္းေန၏။ “မီးနတ္ဘုရား ကကြက္” ပါးစပ္မွရႊတ္ဆိုရင္း သူတတ္ကၽြမ္းခဲ့ရာ တိုက္ကြက္မ်ားကိုသုံးရင္း အျပင္းအထန္တိုက္ခိုက္ေလသည္။ဤတစ္ႀကိမ္၌မူ လိုဘယ္၏ လက္မ်ားကို မီးစြဲသြားေစေလေသာေၾကာင့္ လိုဘယ္က ရယ္ေမာကာ “နတ္သူငယ္တစ္ပါးေလးက ဒီေလာက္ေတာင္ စြမ္းစြမ္းတမံတိုက္နိုင္တာ အံ့ဩဖို႔ေကာင္းလိုက္တာ ငါရဲ့ညစာအျဖစ္စားရမွာေတာင္ အရမ္းေတြ စိတ္လႈပ္ရွားေနၿပီ။ဟီးဟီးဟီးဟီး...ဟီး…..ဟီးဟီးဟီးဟီး….။” “မီးလွံ သိုင္းကစားကြက္။” ပါးစပ္ေရရႊတ္လိုက္ရင္း လက္မွမီးေတာက္မ်ားကို လွံရွည္ႀကီးအျဖစ္ စီမံရင္း ခ်ိန္ရြယ္ကာ အားကုန္ပစ္လိုက္ေလသည္။သို႔ေသာ္လည္း လိုဘယ္ကား လွံကို ခုန္ကာေရွာင္လိုက္သည္။သို႔ေသာ္ မီး၏အစအနမ်ား လာဟပ္ေလရာ အနည္းငယ္ေတာ့ ထိခိုက္သြားေလေတာ့သည္။ ဖိုေဘ စိတ္ထဲတြင္ ႀကံရာမရျဖစ္လာသည္။ဤမၽွေလာက္အထိ အျပင္းအထန္တိုက္ေနတာေတာင္မွ ဤမၽွေလာက္ေလးသာ ထိခိုက္သည္၊ဤအတိုင္းဆို ဒီတိုက္ပြဲရႈံးေတာ့မည္ သူအႀကံထုတ္ရေတာ့မည္။ထိုစဥ္လိုဘယ္က ႐ုတ္တရက္ “ကဲကဲ ကစားေနတာေတာ္ေလာက္ၿပီ။မင္း လူသားေတြ ေလစိမ္းတိုက္တယ္ေျပာတာၾကားဖူးလား နတ္သူငယ္ေလး။” ေျပာ၍အၿပီးမွာပင္ ေလျပင္းျပင္းတိုးသြားသလို ခံစားလိုက္ရကာ မၾကာခင္ပင္ လဲက်သြားေလေတာ့သည္။ဖိုေဘ အံ့ဩသလို နာလည္းနာက်င္လွသည္။ “သူ...သူ...ဘာလုပ္လိုက္တာလားဟ။” ထိုအခိုက္ ဂ်ီတက ဖိုေဘအနားကို တရႊတ္တိုက္ရင္း ေျဖးေျဖးခ်င္းေရာက္လာသည္။လိုဘယ္က ထိုျမင္ကြင္းကို ၾကည့္ရင္း “ေအာင္မေလးဟယ္ ခ်စ္ဖို႔ေကာင္းလိုက္တဲ့ နတ္သူငယ္ေလးေတြ စိတ္မပူနဲ႔ေနာ္ ႏွစ္ေယာက္လုံးကို ၿပိဳင္တူ ဇီဝိန္ေခၽြေပးမယ္ သိလား။” တစ္ခဏအၾကာတြင္ ေအာက္ထပ္လိုလိုထင္ရေသာေနရာမွ ေလၽွာက္လာသံတစ္ခုကိုၾကားလိုက္ရသည္။ထို႔ေနာက္တြင္မူ ေလွကားမွတက္လာေသာ ထူးထူးဆန္းဆန္း ဝတ္စုံဝတ္ထားသည့္ လူသတ္သမားပုံေပၚေနသည့္ လူေကာင္ႀကီးႀကီး သတၱဝါႀကီး တစ္ေကာင္တက္လာေလသည္။လိုဘယ္က သူ႔တပည့္ျဖစ္ပုံရသည့္ ထိုသတၱဝါႀကီးအား “ႏွစ္ေယာက္လုံးကို ေခၚသြား။ဟိုနတ္သူငယ္ေလးနဲ႔အတူတူခ်ဳပ္ထားလိုက္။” အင္မတန္ေမွာင္မိုက္ေနေသာ ေနရာထဲတြင္ ဖိုေဘႏွင့္ ဂ်ီတတို႔ ျပန္သတိရလာခဲ့ၾကသည္။ဖိုေဘက သူ႔လက္တြင္ မီးေတာက္ကို ထုတ္ဖို႔ႀကိဳးစားပါေသးေသာ္လည္း အားအင္မ်ားကုန္ခမ္းၿပီး လက္က်န္အားမ်ားကိုပါစုပ္ယူသြားၾကသည္ဟု ခံစားေနရေလရာ မီးေတာက္မွာ ထြက္မလာေတာ့ေပ။ တစ္ခဏအၾကာတြင္ တဒုံးဒုံးေလၽွာက္လာေသာ ေျခသံကိုၾကားရေလရာ အေစာက သတၱဝါႀကီးျဖစ္မည္ဟု ခံစားရေလသည္။ အေမွာင္ထဲေရာက္ေနေသာေၾကာင့္၎တို႔ကိုယ္ေရာင္ကိုယ္ဝါေလးကသာ အလင္းေရာင္အျဖစ္ရွိေတာ့သည္။ဂ်ီတ ဖိုေဘကို တိုးတိုးေလးေခၚလိုက္၏၊သူတို႔ကား တစ္ေလွာင္အိမ္ထဲ ထည္ထားခံရျခင္းျဖစ္ေလရာ အခ်င္းခ်င္း တီးတိုးတိုင္ပင္နိုင္ေလသည္။ “ဖိုေဘ ငါ့ ေသြးအစြမ္းကို သုံးလိုက္ရင္ ငါတို႔ လြတ္ေအာင္ေျပးနိုင္မွာပါ ငါေဘးဘက္ကို ျမင္ရသေလာက္ၾကည့္ၿပီးၿပီ။ဂ်ဳဒီက ေဘးတင္ရွိတယ္။” “ဒါေပမယ့္ မင္းက ေသြးေတြအမ်ားႀကီးထြက္ထားတာ တိုက္ကြက္သုံးလိုက္ရင္ မင္းေသမွာေပါ့။” “မင္းဆီကေန ေသြးနည္းနည္းယူလိုက္ရင္ရပါၿပီ။မင္းက မီးေတာက္ဖန္ဆင္းနိုင္ေအာင္သာ လုပ္ထား၊အခြင့္အေရးရတာနဲ႔ ဒီေနရာကို မီးၿမိဳက္ခ်လိုက္။” ဖိုေဘကနားမလည္နိုင္စြာျဖင့္ “မီးၿမိဳက္ဖို႔မေျပာနဲ႔ မီးေတာင္မေတာက္လာေတာ့ဘူးေလ။ၿပီးေတာ့ ထေတာင္မထနိုင္ေတာ့ဘူး အခုဆို။” ဂ်ီတက “မင္းစိတ္ခြန္အားေတြကို စုၿပီး ဆရာႀကီးသင္ခဲ့သလို အစီအမံလုပ္လိုက္ပါလား။” ဤသို႔ျဖင့္ ဖိုေဘလည္း အစီအစဥ္အတိုင္း စိတ္ကိုစုစည္းကာ ဆရာႀကီးသင္ခဲ့ေသာ အစီအမံကို ျပန္စဥ္းစား၏။ “ဘယ္လိုအစီအမံမ်ိဳးကို မဆို စိတ္မွာခြန္အားျပည့္ဝေနသ၍ ကိုယ္မွာ အားမရွိေတာ့လည္း ဖန္ဆင္းလို႔ရတယ္။စိတ္ကအားနည္းေနရင္ ကိုယ္က ဘယ္ေလာက္ သန္မာေနပါေစ။ဘာမွလုပ္နိုင္မွာမဟုတ္ဘူး။” ထို႔ေနာက္ ေမွာက္ရက္အေနအထားေနလိုက္၏။ဂ်ီတက ဖိုေဘ၏လက္ေမာင္းနားကိုကိုင္ထားရင္း “ဖိုေဘ ငါစၿပီေနာ္။” ေျပာၿပီးတစ္ၿပိဳင္နက္ထဲမွာပင္ လက္ေမာင္းကို ကိုက္ခ်လိုက္၏။ဖိုေဘတစ္ေယာက္ လက္ေမာင္းထဲမွ ေသြးမ်ား ဂ်ီတ ပါးစပ္ထဲစီးဆင္းသြားသည္ကို ခံစားမိေနရင္း တစ္ဖက္မွလည္း စိတ္ခြန္အားမ်ားကို စုစည္းေန၏။ ဂ်ီတတစ္ေယာက္ တစ္ကိုယ္လုံးက အေၾကာမ်ား ေထာင္ထြက္လာသည့္ႏွင့္ လက္မွ ေသြးျဖင့္ စီရင္ေသာ သံႀကိဳးရွည္တပ္ထားေသာ ဓါးေျမႇာင္ကို ကိုင္စြဲလိုက္သည္။ဤတစ္ခါတြင္မူ သံႀကိဳးရွည္တစ္ေလၽွာက္တြင္ ဆူးခၽြန္ႀကီးမ်ားပါရွိ၏။တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ေလ လက္မွေသြးမ်ားပိုထြက္လာေလရာ လက္နက္မွာလည္း ေသြးမ်ားမ်ားေသာက္ရေလ အားႀကီးလာေလေလ ျဖစ္လာေလသည္။ထို႔ေနာက္ ဂ်ီတက “မင္းအာ႐ုံခံတဲ့ အစြမ္းနဲ႔ ဟိုသတၱဝါရွိတဲ့ ေနရာကို ငါ့ကိုေျပာျပ။” ဖိုေဘအာ႐ုံလိုက္ေသာအခါ ဂ်ီတ၏ ေသြးအစြမ္းလက္နက္ႏွင့္ ေသြးေရာင္ေျပာင္းလာေသာ ကိုယ္ေရာင္ကိုယ္ဝါကို သတိထားမိသြားဟန္တူေသာ ထိုသတၱဝါကား ဧရာမဓါးမႀကီးကိုင္ကာ ေလွာင္အိမ္ဘက္ကိုေလၽွာက္လာေလၿပီျဖစ္သည္။ “ညာဘက္ေထာင့္ ငါးေပေလာက္ပဲလိုေတာ့တယ္ ေလၽွာက္လာေနၿပီ။” ဖိုေဘက ေျပာၿပီးသည္ႏွင့္ သံႀကိဳးကိုလႊဲလိုက္ရာ ထိုလက္နက္ႀကီးက သားေကာင္ဆီကို ေလွာင္အိမ္ေပါက္မွ ထြက္လာၿပီး တည့္တည့္ႀကီး ေျပးသြားေလသည္။ငါးေပမၽွသာကြာေလေသာေၾကာင့္ သံႀကိဳးက သတၱဝါႀကီးလည္ပင္းကို ရစ္ပတ္ေလေတာ့သည္။ထို႔ေနာက္တြင္ ဓါးသြားက နဖူးတြင္ စိုက္သြားက ေသြးေသာက္ဓါးျဖစ္ေလသည္ႏွင့္အမၽွ ထိုသတၱဝါႀကီး၏ ေသြးကို စုပ္ယူေလသည္။ အဆုံး၌ကား ထိုသတၱဝါ၏ နဖူးမွ လက္က်န္ေသြးမ်ား ပန္းထြက္ရင္း မခ်ိမဆံ့ ေသဆုံးသြားေလေတာ့သည္။ထို႔ေနာက္တြင္ လိုဘယ္က ေအာက္ဆင္းလာၿပီးၾကည့္ပုံရေလ၏။၎၏ တပည့္ သတၱဝါႀကီးကို သတ္လိုက္ျခင္းျဖစ္ေၾကာင္း သတိထားမိေသာအခါ သူမငိုေႂကြး၏ လက္နက္ကိုၾကည့္ရင္းလည္း အံ့ဩေန၏။ “နင္သူ႔ကိုသတ္လိုက္တာပဲ။ေသြး...ေသြးမိစၧာတိုက္ကြက္နဲ႔။” ဂ်ီတ့စိတ္ထဲ အနည္းငယ္ေတြေဝသြား၏။သူသုံးသည္မွာ ေသြးမိစၧာတိုက္ကြက္ဟုေခၚသည္ေလာ။မျဖစ္နိုင္ေပ။ဤတိုက္ကြက္ကား သူတို႔ေက်ာင္းေတာ္မွာပင္ သင္ေပးေသးသည္။ေက်ာင္းေတာ္ကေတာ့ မိစၧာတိုက္ကြက္ေတြ သင္မည္မဟုတ္ေလာက္ပါ။ သို႔ေသာ္ ဤအခ်ိန္တြင္ လြတ္ဖို႔က အေရးႀကီးလွသည္။ထို႔ေၾကာင့္ စိတ္ထဲထားမေနေတာ့ေခ်။ဖိုေဘကား လိုဘယ္ေရာက္တုန္း အခိုက္တြင္ လိုဘယ္ကို မီးပတ္လည္ဝိုင္းလိုက္သည္။၊ထို႔ေနာက္ သူ၏စိတ္ကူးထဲတြင္ မီးငွက္ႀကီးကို ပုံေဖာ္စိတ္ကူးကာ လက္က်န္အင္အားျဖင့္ အားကုန္ပစ္လႊတ္လိုက္ေလ၏။ထိုမီးငွက္ကား လိုဘယ္၏ ကိုယ္ထဲ ဝင္သြားကာ လိုဘယ္ကို မီးၿမိဳက္ရင္း ျပာခ်လိုက္ေလေတာ့သည္။လိုဘယ္ကား ေသလုဆဲဆဲတြင္ က်ိန္စာမ်ား ထပ္ကာထပ္ကာ ရြတ္ဆိုကာ က်ိန္ဆဲသြားေလ၏။ “ဒီ နတ္သူငယ္ေတြ မၾကာခင္မွာ နတ္ဆိုးမ်ားအသြင္မ်ားေျပာင္းလာကာ ယခုသူတို႔ ကၽြန္မကို သတ္ခဲ့သလို ျပန္အသတ္ခံရၾကပါေစ။” ထိုက်ိန္စာကို ထပ္ကာထပ္ကာရႊတ္ရင္း ျပာက်သြားေလေသာအခါမွ ေလွာင္အိမ္ကိုဖ်က္၏။ထို႔ေနာက္ ဂ်ဳဒီကို ေလွာင္အိမ္ထဲမွထုတ္ၾကသည္။ဂ်ဳဒီကား အားအင္နည္းေနေလရာ လမ္းပင္ မနည္းေလၽွာက္ရသည္။ေသြးအမ်ားႀကီး စုပ္မိထားသူ ဂ်ီတကာသာ ႏွစ္ေယာက္စလုံးကို တြဲကာ မနည္းထြက္လာရ၏။ထိုေနရာ၏ အျပင္သို႔ေရာက္လာေသာအခါ သူတို႔ကိုယ္ေရာင္ကိုယ္ဝါမ်ားထြက္လာေလေသာေၾကာင့္ မိစၧာမ်ား၊သရဲမ်ားစြာထြက္လာကာ ၎တို႔သုံးေယာက္ကို လိုက္ၾကေလသည္။သူတို႔က ေရြ႕ေျပာင္းအစီအမံသုံးၿပီးေျပးရန္ အနည္းငယ္က်ယ္ျပန႔္ေသာ ေျမေပၚသို႔သြားၾကဖို႔လိုေလသည္။ သို႔ေသာ္ ဤသို႔အားနည္းေနၾကပုံႏွင့္ေျပးမရၾကေခ်။ထိုစဥ္ ေမ်ာ့ေမ်ာ့ေလးရွိေနရာမွ ဂ်ဳဒီက ‘ငါ့လက္ကို ေသခ်ာကိုင္ထားၾက ငါမိုးႀကိဳးအရွိန္သုံးတတ္တယ္။ဟိုေရာက္တာနဲ႔ ေရြ႕ေျပာင္းအစီအမံကိုသုံးၾကေတာ့။” ဖိုေဘက ‘နင္က အဲ့အစီအမံကို ဘယ္တုန္းက သင္ထားတာလဲ။” ဂ်ဳဒီက “လၽွာမရွည္နဲ႔ ကိုင္မွာသာကိုင္ထားစမ္းပါ။” ထို႔ေနာက္ ဂ်ဳဒီက ပါးစပ္က တစ္ခုခုကိုေရရႊတ္လိုက္ၿပီး အေတာ္ဆိုးဆိုးျပင္းထန္ေသာ မိုးႀကိဳးပစ္ခ်သည့္အလား အရွိန္ျဖင့္ အေရွ႕တည့္တည့္ေျပးသြားလိုက္ၾကရာ သူတို႔အေပၚခုန္အုပ္ေသာ သရဲတစ္ေကာင္လက္မွ သီသီေလးသာ လြတ္သြားၾက၏။ အေတာ္ေဝးေဝးေရာက္ေလေသာအခါ ဂ်ဳဒီမွာ သတိလစ္သြားေလၿပီ။မိုးႀကိဳးအရွိန္ကား ေျပေပ်ာက္သြား၏။ေရြ႕ေျပာင္းအစြမ္းကို အျမန္ဆုံးစီမံၾကသည္။စီမံေနစဥ္ ထိုပတ္ဝန္းက်င္မွ မိစၲာတစ္ေကာင္မွာထြက္လာၿပီး ၎၏ မိစၧာဓါးျဖင့္ လွမ္းခုတ္ေလရာ ဂ်ီတက သူ၏သံဆူးႀကိဳးဓါးျဖင့္ လြဲရင္းကာလိုက္သည္။သို႔ေသာ ဖိုေဘက ထိခိုက္မိသြားျပန္ရာ ေမွာက္သြားေလေတာ့သည္။ ထိုမိစၧာေရာက္လုစဲစဲ အခ်ိန္ကေလးမွာပင္ အစီအမံေအာင္ျမင္ကာ သူတို႔ေက်ာင္းေဆာင္စာသင္ခန္းထဲ ႐ုတ္တရက္ေရာက္သြားၾကသည္။ အျခားေက်ာင္းသားေက်ာင္းသူ နတ္သူငယ္ေလးမ်ားကေတာ့မူ ၾကည့္ၿပီးထူးဆန္းသလိုလို ထင္ေကာင္းထင္မည္။သို႔ေသာ္ သူတို႔ကား ဂ႐ုပင္မစိုက္နိုင္ပဲ ပစ္လဲကာ သတိလစ္ေနၾကၿပီျဖစ္ေလ၏။

Comments

Post a Comment