Tablet တစ်လုံးရှိခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးများ အပိုင်း၂
ဒီတစ်ခါမှာတော့ အရင်တစ်ရက်က ရေးထားခဲ့တဲ့ tablet တစ်လုံး ရှိခြင်းရဲ့ ကောင်းကျိုးဆိုးကျိုး part (1) ရဲ့အဆက် part(2) ကို ဖတ်ရှုရမှာဖြစ်ပါတယ်။နှစ်ပုဒ်စာခွဲရေးလိုက်ရတာကို စိတ်မခုကြဖို့လည်း မျှော်လင့်ပါတယ်။
ကောင်းကျိုးများမဖတ်ရသေးရင်အောက်က link မှာအရင်ဖတ်လိုက်ပါ။
၁။ Keyboard နဲ့ mouse မပါခြင်း
Tablet အတွက် keyboard နဲ့ mouse ပါလိမ့်လာမှာ မဟုတ်ပါဘူး။ဒီကိစ္စအတွက် သင့်အနေနဲ့ အရမ်းစိတ်ပူစရာတော့ မလိုပါဘူး။ အပိုပစ္စည်းအဖြစ် accessories ဆိုင်တွေမှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်။တကယ်လို့ သင်ဟာ document အကြီးကြီးပမာဏမျှရှိတဲ့စာလုံးရေ မြောက်မြားစွာရိုက်ဖို့မဟုတ်ဘဲ ပေါပေါ့ပါးပါးလေးစာရိုက်ချင်တယ်ဆိုရင်တော့ သိပ်ပြီးစိတ်ပူစရာမရှိပါဘူး။Keyboard အသစ်တစ်ခုဝယ်သုံးတာက ပိုပြီးစာရိုက်ရလွယ်ကူစေမှာပါ။စျေးနှုန်းအနေနဲ့လည်း tablet တစ်ခုလုံးစျေးတန်ဖိုးနဲ့ယှဥ်လိုက်လျှင် အနည်းငယ်မျှသော ပမာဏသာဖြစ်မှာပါ။
၂။ နှေးကွေးသော processor များပါရှိခြင်းကြောင့် အလုပ်လုပ်ရာတွင် အဆင်မပြေဖြစ်တတ်ခြင်း
Tablets တွေဟာ presentation လုပ်ဖို့အတွက် အလွန်အထောက်အကူပြုတယ်ဆိုသော်ငြားလည်း laptops တွေနဲ့ မတူညီသော အချက်တစ်ချက် ရှိပါတယ်။ထိုအရာကတော့
လုပ်ဆောင်နှုန်း နှေးကွေးခြင်း (သို့မဟုတ်) လုပ်ဆောင်နိုင်စွမ်း အကန့်အသတ်ရှိနေတာပဲ ဖြစ်ပါတယ်။ ဓါတ်ပုံတွေ video တွေ ပြင်ဆင်တည်းဖြတ်တာ ရှုပ်ထွေးလှတဲ့ စာရင်းဇယားတွေ အသုံးပြုတာ အစရှိတဲ့ ကြီးမားလှတဲ့လုပ်ငန်းတွေကို Tablet ဖြင့် မလိုက်ဖက်တာကြောင့် တတ်နိုင်သမျှ မလုပ်ဆောင်တာတော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။အခုတစ်လော နာမည်ကြီးနေတဲ့ iPad Air နဲ့ iPad Pro တို့မှာတော့ အတော်လေး အထင်ကြီးဖို့ကောင်းလောက်အောင် မြန်တဲ့ processor တွေထည့်ထားပါတယ်။ iPad Air 4 ဆိုရင်
iPhone 12 မှာပါတဲ့ A14 processor ပါတာဖြစ်ပြီး iPad Pro 11-inch ရော12-inch မှာပါ ပါဝင်တာကတော့ အသစ်ထွက်တဲ့ Macs series မှာထည့်သုံးထားသော Apple ရဲ့ M1 processor ပဲဖြစ်ပါတယ်။
၃။ Tablets တွေမှာ port သိပ်မပါရှိခြင်း
ဒီအချက်ကတော့ laptop တွေနဲ့ယှဥ်လိုက်ရင် အတော်သိသာစေတဲ့ အချက်ပါပဲ။ Tablets အများစုမှာ အဓိကကျတဲ့ basic ports တွေဖြစ်တဲ့ USB တို့ HDMI တို့ ပါမလာခြင်းကြောင့် cable ကြိုးဖြင့် သင့်ရဲ့ tablet ကို PC ဒါမှမဟုတ် TV ချိတ်ဆက်လို့ရနိုင်မှာမဟုတ်ပါဘူး။Flash memory drive သို့မဟုတ် USB flash drive က laptop တွေမှာ ပါလေ့ရှိပေမဲ့ tablets တွေမှာတော့ ယေဘုယျအားဖြင့်မပါရှိပါဘူး။အဲဒါကြောင့် သင့်ရဲ့ ဒီဂျစ်တယ်ကင်မရာ ထဲက memory card ကို tablet ထဲသို့ laptop မှာထည့်သလိုတိုက်ရိုက်ထည့်သွင်းလို့ရနိုင်မှာမဟုတ်ပါဘူး။
၄။အကြမ်းမခံသောကြောင့် ထိခိုက်လွယ်ခြင်း
Tablets တွေပေါ်မှာပါတဲ့ ဖန်မျက်နှာပြင်မှန် ပါးပါးလေးက ကြီးကြီးမားမားထိခိုက်မှုတွေကို မခံနိုင်တာတော့ အမှန်ပါ။သူတို့ရဲ့ ပေါ့ပါးလှပတဲ့ ခန္ဓာကိုယ်ကြောင့် သွားလေရာသယ်လေ့ရှိတဲ့ ကိုကိုတွေမမတွေအတွက်တော့ တစ်ခုခုနဲ့ဝင်ဆောင့်မိတာ ဒါမှမဟုတ် လက်ထဲကနေ လွတ်ခနဲပြုတ်ကျတာမျိုး မဖြစ်အောင်အထူးသတိထားကိုင်ကြဖို့ သတိပေးချင်ပါတယ်။အကာအကွယ်အနေဖြင့် tablet case ဝယ်ထားတာမျိုး၊မှန် cover ကပ်ထားတာမျိုး တို့ပြုလုပ်ထားသင့်ပါတယ်။
၅။ Multi-tasking (တစ်ပြိုင်နက်တည်း အလုပ်များစွာလုပ်ဆောင်ခြင်း)
သင်ဟာ tab အခု ၂၀ လောက် ဖွင့်ထားရင်း အင်တာနက်အသုံးပြု (web-browsing with many tasks) လုပ်ရတာကြိုက်သူဖြစ်ပါသလား။ဒါမှမဟုတ် ကောင်းမွန်လှတဲ့ပရိုဂရမ်တွေ အများကြီးအသုံးပြုခွင့်ရတာကို ကြိုက်တာလား။ဒါဆိုရင်တော့ သင့်အနေဖြင့် laptop ရဲ့အစားထိုးပစ္စည်းအဖြစ် tablet ကို ပြောင်းလဲအသုံးပြုရန်အတွက် သင့်တော်သော အနေအထားရှိနေမှာ မဟုတ်ပါဘူး။ Apple နဲ့ဥပမာပေးရရင် Adobe ရဲ့ iPad apps တွေဟာ ထို apps တွေရဲ့ Macbook version တွေနဲ့ယှဥ်ရင်တော့ တစ်ဆင့်နိမ့်နေတတ်တာကို တွေ့ရမှာပါ။
Phablet အကြောင်း
တကယ်လို့သင်ဟာ အရမ်းကို portable ဖြစ်တဲ့၊ Tablet လို bigger screen လည်း ဖြစ်တဲ့ device မျိုး သုံးချင်နေတာဆိုရင်တော့ Phablet တစ်လုံးသာဝယ်ဖို့စဥ်းစားလိုက်ပါတော့။ Phablet ဆိုတာက Samsung S21 Ultra တို့ iPhone 12 Pro Max တို့လို plus-sized smartphone တွေပဲဖြစ်ပါတယ်။Phablets တွေဟာ အမြဲလိုလို သူတို့ရဲ့ သာမန် regular-sized phone တွေထက် ပိုမိုသာလွန်ကောင်းမွန်တဲ့ ကင်မရာတွေပါလေ့ရှိပါတာကြောင့် ကင်မရာကောင်းကောင်းနဲ့ ဓါတ်ဖမ်းချင်တဲ့သူတွေအတွက်တော့ အဆင်ပြေတာပေါ့ဗျာ။အကယ်၍ သင်ဟာ tablet ကိုရွေးချယ်ဖို့ ၁၀၀% သေချာနေတာမဟုတ်သေးရင် phablets တွေကိုလည်း list ထဲထည့်သွင်းစဥ်းစားသင့်ပါတယ်။
Computing နဲ့ ပတ်သက်လာရင်တော့ ကျွန်တော်တို့အားလုံးဟာ ရွေးချယ်ရခက်နေတတ်တာတော့ အမှန်ပါပဲ။ Desktop နဲ့ Laptop computers တွေက အတော်လေး လူသုံးများတယ်ဆိုပေမဲ့လည်း smartphone ဒါမှမဟုတ် tablet ကသာ အကောင်းဆုံးရွေးချယ်မှုတွေ ဖြစ်နေတတ်တဲ့ အခြေအနေအကြောင်းအရာမြောက်မြားစွာ ရှိနေတတ်ပါတယ်။ကျွန်တော့်အမြင်အနေနဲ့ပြောရရင် phone နဲ့ tablet တွေက web-browsing တို့ apps (social media,games,etc.,)တို့နဲ့ အလွန်လိုက်ဖက်ပြီး သုံးရတာ လွယ်ကူသလို fun လည်းဖြစ်စေမှာပါ။
အဆုံးသတ်အနေနဲ့ tablet တစ်လုံးဝယ်ယူတဲ့အခါ အဓိကထည့်သွင်းစဥ်းစားရမယ့်အချက်ကတော့ သင်ဟာ ဒီပစ္စည်းကို ဘယ်နေရာမှာသုံးချင်တာလဲ ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။အကယ်၍ သင်ဟာ web browsing ၊ social networks သုံးတာ၊ပုံတွေကြည့်တာ ဒါမှမဟုတ် apps တွေသုံးဖို့လောက်ပဲ လိုအပ်တာဆိုရင်တော့ tablet တစ်လုံးဟာ သင့်ရဲ့လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။တကယ်လို့ သင်အနေနဲ့ စာလုံးအများအပြားရိုက်ဖို့လိုခြင်း၊တကယ်ကိုရှုပ်ထွေးလှသော computer functions တွေကို လုပ်ဆောင်ဖို့လိုအပ်ခြင်းအတွက် စဥ်းစားနေတာဆိုရင်တော့ laptop computer ကသာ အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်နေမှာ အသေအချာပါပဲ။
This content goes credit to www.whistleout.com and all images are credit to Google .
သြော် ဒါနဲ့ ဒီ post မှာ Phablet အကြောင်းကို အကျဥ်းချုံးမျှသာ ဖော်ပြထားတာကြောင့် အသေးစိတ်သိရှိချင်တယ်ဆိုရင် Phablet အကြောင်းကိုပဲ တစ်ပုဒ်သက်သက်ရေးပေးမည်ဖြစ်သောကြောင့် ရေးသင့်၊မရေးသင့်ကို အောက်က comment မှာ ပြောသွားပေးကြပါဦးဗျ။

ရေးပါ
ReplyDeleteသိချင်ပါတယ်
ရေးပေးပါ။ သိရတော့ ကောင်းတာပေါ့။
ReplyDeleteရေးပေးပါ မင်မင်
ReplyDeleteTABLET ရှိရင် You Tube ကို stream ပေးရင်း ဖုန်းနဲ့ ဖတ်ရင်းလှူ လို့ရပါတယ်။ 😍
ReplyDeleteရေးပေးပါ
ReplyDeleteရေးပေးပါ
ReplyDeleteေရးေပးပါ
ReplyDeleteI can't afford one .
ReplyDeleteရေးပေးပါ
ReplyDeleteရေးပေးပါ
ReplyDeletegood to write.
ReplyDeleteWrite
ReplyDeleteရေးပါPhablet အကြောင်းလေး
ReplyDelete