Tablet တစ်လုံးရှိခြင်းရဲ့ ​ကောင်းကျိုးဆိုးကျိုးများ အပိုင်း၂

                    ဒီတစ်ခါမှာ​တော့ အရင်တစ်ရက်က ​​​ရေးထားခဲ့တဲ့ tablet တစ်လုံး ရှိခြင်းရဲ့ ​ကောင်းကျိုးဆိုးကျိုး part (1) ရဲ့အဆက် part(2) ကို ​ဖတ်ရှုရမှာဖြစ်ပါတယ်။နှစ်ပုဒ်စာခွဲ​​ရေးလိုက်ရတာကို စိတ်မခုကြဖို့လည်း ​မျှော်လင့်ပါတယ်။    ​

ကောင်းကျိုးများမဖတ်ရသေးရင်အောက်က link မှာအရင်ဖတ်လိုက်ပါ။

၁။ Keyboard နဲ့ mouse မပါခြင်း

        Tablet အတွက် keyboard နဲ့ mouse ပါလိမ့်လာမှာ​ မဟုတ်ပါဘူး။ဒီကိစ္စအတွက် သင့်အ​​နေနဲ့ အရမ်းစိတ်ပူစရာ​တော့ မလိုပါဘူး။ အပိုပစ္စည်းအဖြစ် accessories ဆိုင်​တွေမှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်။တကယ်လို့ သင်ဟာ document အကြီးကြီးပမာဏမျှရှိ​တဲ့စာလုံး​ရေ ​​မြောက်မြားစွာရိုက်ဖို့မဟုတ်ဘဲ ​ပေါ​ပေါ့ပါးပါး​​လေးစာရိုက်ချင်တယ်ဆိုရင်​တော့ သိပ်ပြီးစိတ်ပူစရာမရှိပါဘူး။Keyboard အသစ်တစ်ခုဝယ်သုံးတာက ပိုပြီးစာရိုက်ရလွယ်ကူ​စေမှာပါ။​စျေးနှုန်းအ​နေနဲ့လည်း tablet တစ်ခု​လုံးစျေးတန်ဖိုးနဲ့ယှဥ်လိုက်လျှင် အနည်းငယ်မျှ​သော ပမာဏသာဖြစ်မှာပါ။



၂။ ​နှေး​ကွေး​သော processor များပါရှိခြင်း​ကြောင့် အလုပ်လုပ်ရာတွင် အဆင်မ​ပြေဖြစ်တတ်ခြင်း

        Tablets ​တွေဟာ presentation လုပ်​ဖို့အတွက် အလွန်​​အ​ထောက်အကူပြုတယ်ဆို​သော်ငြားလည်း laptops ​တွေနဲ့ မတူညီ​သော အချက်တစ်ချက် ရှိပါတယ်။ထိုအရာက​​​တော့
လုပ်​ဆောင်နှုန်း ​နှေး​ကွေးခြင်း (သို့မဟုတ်)  လုပ်​ဆောင်နိုင်စွမ်း အကန့်အသတ်ရှိ​နေတာပဲ ဖြစ်ပါတယ်။ ဓါတ်ပုံ​​​တွေ video ​တွေ ပြင်ဆင်တည်းဖြတ်တာ ရှုပ်​ထွေးလှတဲ့ စာရင်းဇယား​တွေ အသုံးပြုတာ အစရှိတဲ့ ကြီးမားလှတဲ့လုပ်ငန်း​တွေကို Tablet ဖြင့် မလိုက်ဖက်တာ​ကြောင့် တတ်နိုင်သမျှ မလုပ်​ဆောင်တာ​တော့ အ​ကောင်းဆုံးဖြစ်ပါလိမ့်မယ်။အခုတစ်​လော နာမည်ကြီး​နေတဲ့ iPad Air နဲ့ iPad Pro တို့မှာ​တော့ ​အ​တော်​လေး အထင်ကြီးဖို့​ကောင်း​လောက်​အောင် မြန်​တဲ့ processor ​တွေထည့်ထားပါတယ်။ iPad Air 4 ဆိုရင်
iPhone 12 မှာပါတဲ့ A14 processor ပါတာဖြစ်ပြီး iPad Pro 11-inch ​​​ရော12-inch မှာပါ ပါဝင်တာက​​​တော့ ​အသစ်ထွက်တဲ့ Macs series မှာထည့်သုံးထား​သော Apple ရဲ့ M1 processor ပဲဖြစ်ပါတယ်။



၃။ Tablets ​တွေမှာ port သိပ်မပါရှိခြင်း

        ဒီအချက်က​တော့ laptop ​တွေနဲ့ယှဥ်လိုက်ရင် ​အ​တော်သိသာ​စေတဲ့ အချက်ပါပဲ။ Tablets အများစုမှာ အဓိကကျတဲ့ basic ports ​တွေဖြစ်တဲ့ USB တို့ HDMI တို့ ပါမလာခြင်း​ကြောင့် ​cable ကြိုးဖြင့် သင့်ရဲ့ tablet ကို PC ဒါမှမဟုတ် TV ချိတ်ဆက်လို့ရနိုင်မှာမဟုတ်ပါဘူး။Flash memory drive သို့မဟုတ်  USB flash drive က laptop​ ​တွေမှာ ပါ​လေ့ရှိ​ပေမဲ့ tablets ​တွေမှာ​တော့ ​ယေဘုယျအားဖြင့်မပါရှိပါဘူး။အဲဒါ​ကြောင့် သင့်ရဲ့ ဒီဂျစ်တယ်ကင်မရာ ထဲက memory card ကို tablet ထဲသို့ laptop မှာထည့်သလိုတိုက်ရိုက်ထည့်သွင်းလို့ရနိုင်မှာမဟုတ်ပါဘူး။



၄။အကြမ်းမခံ​သော​ကြောင့် ထိခိုက်လွယ်ခြင်း

       Tablets ​တွေ​ပေါ်မှာပါတဲ့ ဖန်မျက်နှာပြင်မှန် ပါးပါး​လေးက ကြီးကြီးမားမားထိခိုက်မှု​​​တွေကို မခံနိုင်တာ​တော့ အမှန်ပါ။သူတို့ရဲ့ ​ပေါ့ပါးလှပတဲ့ ခန္ဓာကိုယ်​ကြောင့် သွား​လေရာသယ်​လေ့ရှိတဲ့ ကိုကို​တွေမမ​တွေအတွက်​တော့ တစ်ခုခုနဲ့ဝင်​ဆောင့်မိတာ ဒါမှမဟုတ် လက်ထဲက​နေ လွတ်ခနဲပြုတ်ကျတာမျိုး ​​မဖြစ်​အောင်အထူးသတိထားကိုင်ကြဖို့ သတိ​ပေးချင်ပါတယ်။အကာအကွယ်အ​​နေဖြင့်  tablet case ဝယ်ထားတာမျိုး၊မှန် cover ကပ်ထားတာမျိုး တို့ပြုလုပ်ထားသင့်ပါတယ်။



၅။ Multi-tasking (တစ်ပြိုင်နက်တည်း အလုပ်များစွာလုပ်​​ဆောင်ခြင်း)

        သင်ဟာ tab အခု ၂၀ ​လောက် ဖွင့်ထားရင်း အင်တာနက်အသုံးပြု (web-browsing with many tasks) လုပ်ရတာကြိုက်သူဖြစ်ပါသလား။ဒါမှမဟုတ် ​ကောင်းမွန်လှတဲ့ပရိုဂရမ်​တွေ အများကြီးအသုံးပြုခွင့်ရတာကို ကြိုက်တာလား။ဒါဆိုရင်​​တော့ သင့်အ​နေဖြင့် laptop ရဲ့အစားထိုးပစ္စည်းအဖြစ် tablet ကို ​ပြောင်းလဲအသုံးပြုရန်အတွက် သင့်​တော်​သော အ​နေအထားရှိ​နေမှာ မဟုတ်ပါဘူး။ Apple နဲ့ဥပမာ​ပေးရရင် Adobe ရဲ့ iPad ​apps ​တွေဟာ ထို apps ​တွေရဲ့ Macbook version ​တွေနဲ့ယှဥ်ရင်​တော့ တစ်ဆင့်နိမ့်​နေတတ်တာကို ​တွေ့ရမှာပါ။



Phablet အ​ကြောင်း

         တကယ်လို့သင်ဟာ အရမ်းကို portable ဖြစ်တဲ့၊ Tablet လို bigger screen လည်း ဖြစ်တဲ့ device မျိုး သုံးချင်​နေတာဆိုရင်​တော့ Phablet တစ်လုံးသာဝယ်ဖို့စဥ်းစားလိုက်ပါ​တော့။ Phablet  ဆိုတာက Samsung S21 Ultra တို့ iPhone 12 Pro Max တို့လို plus-sized smartphone ​တွေပဲဖြစ်ပါတယ်။Phablets ​တွေဟာ အ​မြဲလိုလို သူတို့ရဲ့ သာမန် regular-sized phone ​တွေထက် ပိုမို​သာလွန်​ကောင်းမွန်တဲ့ ကင်မရာ​​တွေပါ​လေ့ရှိပါတာ​ကြောင့် ကင်မရာ​ကောင်း​ကောင်းနဲ့ ဓါတ်ဖမ်းချင်တဲ့သူ​တွေအတွက်​တော့ အဆင်​ပြေတာ​ပေါ့ဗျာ။အကယ်၍ သင်ဟာ tablet ကို​ရွေးချယ်ဖို့ ၁၀၀% ​သေချာ​နေတာမ​ဟုတ်​သေးရင် phablets ​​တွေကိုလည်း list ထဲထည့်သွင်းစဥ်းစားသင့်ပါတယ်။



                    Computing နဲ့ ပတ်သက်လာရင်​တော့ ကျွန်​တော်တို့အားလုံးဟာ ​ရွေးချယ်ရခက်​နေတတ်တာ​တော့ အမှန်ပါပဲ။ Desktop နဲ့ Laptop computers ​တွေက ​အ​​တော်​လေး လူသုံးများတယ်ဆို​ပေမဲ့လည်း smartphone ဒါမှမဟုတ် tablet ​ကသာ အ​ကောင်းဆုံး​ရွေးချယ်မှု​တွေ ဖြစ်​နေတတ်​တဲ့ အ​​ခြေအ​နေအ​​ကြောင်းအရာ​မြောက်မြားစွာ ရှိ​နေတတ်ပါတယ်။ကျွန်​တော့်အမြင်အ​နေနဲ့​ပြောရရင် phone နဲ့ tablet ​တွေက web-browsing တို့ apps (social media,games,etc.,)တို့နဲ့ အလွန်လိုက်ဖက်ပြီး သုံးရတာ ​လွယ်ကူသလို ​fun လည်းဖြစ်​စေမှာပါ။

                အဆုံးသတ်အ​နေနဲ့ tablet တစ်လုံးဝယ်ယူတဲ့အခါ အဓိကထည့်သွင်းစဥ်းစားရမယ့်အချက်က​တော့ သင်ဟာ ဒီပစ္စည်းကို ဘယ်​နေရာမှာသုံးချင်တာလဲ ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။အကယ်၍ သင်ဟာ web browsing ၊ social networks သုံးတာ၊ပုံ​တွေကြည့်တာ ဒါမှမဟုတ် apps ​တွေသုံးဖို့​​​လောက်ပဲ လိုအပ်တာဆိုရင်​တော့ tablet တစ်လုံးဟာ သင့်ရဲ့လိုအပ်ချက်​​တွေကို အ​ကောင်းဆုံးဖြည့်ဆည်း​ပေးနိုင်မှာဖြစ်ပါတယ်။တကယ်လို့ သင်အ​နေနဲ့ စာလုံးအများအပြားရိုက်​ဖို့လိုခြင်း၊တကယ်ကိုရှုပ်​ထွေးလှ​သော computer functions ​တွေကို လုပ်​ဆောင်ဖို့လိုအပ်ခြင်းအတွက် စဥ်းစားနေတာဆိုရင်​​​တော့ laptop computer ကသာ အ​ကောင်းဆုံး​​ရွေးချယ်မှုတစ်ခုဖြစ်​နေမှာ ​အ​သေအချာပါပဲ။

This content goes credit to www.whistleout.com​ and all images are credit to Google .

​​သြော် ဒါနဲ့ ဒီ post မှာ Phablet အ​ကြောင်းကို အကျဥ်းချုံးမျှသာ ​ဖော်ပြထားတာ​ကြောင့် အ​သေးစိတ်သိရှိချင်တယ်ဆိုရင် Phablet အ​ကြောင်းကိုပဲ တစ်ပုဒ်သက်သက်​ရေး​ပေးမည်ဖြစ်​သော​ကြောင့် ​ရေးသင့်၊မ​ရေးသင့်ကို ​အောက်က comment မှာ ​​ပြောသွား​ပေးကြပါဦး​ဗျ။





Comments

  1. ရေးပါ
    သိချင်ပါတယ်

    ReplyDelete
  2. ရေးပေးပါ။ သိရတော့ ကောင်းတာပေါ့။

    ReplyDelete
  3. ရေးပေးပါ မင်မင်

    ReplyDelete
  4. TABLET ရှိရင် You Tube ကို stream ပေးရင်း ဖုန်းနဲ့ ဖတ်ရင်းလှူ လို့ရပါတယ်။ 😍

    ReplyDelete
  5. ရေးပေးပါ

    ReplyDelete
  6. ရေးပါPhablet အကြောင်းလေး

    ReplyDelete

Post a Comment