ကံစီမံရာ



ကံစီမံရာတဲ့
ငါ့ကံကြမ္မာကို ငါကိုယ်တိုင်စီမံလိုက်တယ် 
အဖြေကတော့ 
မိဘစကားကို ဆန့်ကျင်ခဲ့တဲ့ သားမိုက် 
တော်လှန်ရေးသမားတဲ့ 
မိဘ ရင်ခွင်ကိုတောင် စွန့်ခွာခဲ့တာမို့ 
ငါလျှောက်ခဲ့တဲ့ လမ်းဟာ နောင်တ ကင်းမဲ့တယ် 
ရွေးချယ်စရာဟာ သေပေးရမယ်ဆိုလည်း 
အချိန်နေရာမရွေး သေပေးလိုက်မယ် 
ငါ့အနာဂတ်ကို ငါကိုယ်တိုင် ထုစစ်တာမို့ 
ငါ့အတွက် ဆုလာဒ်ဟာ 
တော်လှန်ရေးမှာ တာဝန်ကျေဖို့ပဲ 
ငါတို့နိုင်ငံ ၊ ငါတို့ ပြည်သူ တွေအတွက်ဆို 
ငါဟာ အတ္တသိပ်ကြီးတယ် 
အဓ္ဓမ အနိုင်ကျင့်ခံနေရတာကို မကြည့်ရက်လို့ 
ငါ့မိဘကိုတောင် တော်လှန်ခဲ့သေးတာ 
အာဏာရှင်ကို တော်လှန်ရတာဟာ 
ငါ့အတွက် အသေးအမွှားပါ 
ပြန်လမ်းမသေချာတာပဲရှိတယ် 
နောက်ကြောင်းပြန်လှည့်တာတော့ ဖြစ်လာမှာမဟုတ်ဘူး 
သားမိုက်တစ်ယောက် အာမခံနိုင်တာတော့ 
သွေးကြွေးဆပ်ရန် ချီတက်ခဲ့တာမို့ 
ကြေအောင်ပြန်ယူပြီးမှ 
အမေ့ရင်ခွင်ကို ကလေးတစ်ယောက်လို 
ပြန်တိုးဝှေ့လဲ့မယ် 
မသေခဲ့ရင်ပေါ့ အမေရယ်


#နန္ဒ 

Comments

  1. အမေ့ရင်ခွင်ဆီ ဘေးကင်းစွာပြန်ရောက်ပါစေ...⁠♡

    ReplyDelete
  2. မိဘရင်ခွင်ပြန်လည်တိုးဝှေ့နိုင်ပါစေ။ ဖိုက်တင်းပါ ညိုကီတို့ 💪💪💪💪

    ReplyDelete
  3. အရာရာအောင်မြင်ပါစေ

    ReplyDelete
  4. ခိုင်မာတဲ့စိတ်ဓာတ်လေးတွေကို လေးစားပါတယ် ဘေးကင်းစွာနဲ့ တော်လှန်အောင်မြင်တဲ့တနေ့ မိဘရင်ခွင်ဆီ အရောက်ပြန်နိုင်ကြပါစေ🙏💖

    ReplyDelete
  5. ဘေးအန္တရာယ် ကင်းကင်းနဲ့ အမေ့ရင်ခွင်ပြန်ခိုလုံခွင့်ရပါစေ🤎

    ReplyDelete
  6. ဘေးကင်းကြပြီး တိုက်ပွဲအလီလီအောင်မြင်ကြပါစေ ညီတို့ ညီမတို့ရယ်

    ReplyDelete

Post a Comment