ကံစီမံရာ
ကံစီမံရာတဲ့
ငါ့ကံကြမ္မာကို ငါကိုယ်တိုင်စီမံလိုက်တယ်
အဖြေကတော့
မိဘစကားကို ဆန့်ကျင်ခဲ့တဲ့ သားမိုက်
တော်လှန်ရေးသမားတဲ့
မိဘ ရင်ခွင်ကိုတောင် စွန့်ခွာခဲ့တာမို့
ငါလျှောက်ခဲ့တဲ့ လမ်းဟာ နောင်တ ကင်းမဲ့တယ်
ရွေးချယ်စရာဟာ သေပေးရမယ်ဆိုလည်း
အချိန်နေရာမရွေး သေပေးလိုက်မယ်
ငါ့အနာဂတ်ကို ငါကိုယ်တိုင် ထုစစ်တာမို့
ငါ့အတွက် ဆုလာဒ်ဟာ
တော်လှန်ရေးမှာ တာဝန်ကျေဖို့ပဲ
ငါတို့နိုင်ငံ ၊ ငါတို့ ပြည်သူ တွေအတွက်ဆို
ငါဟာ အတ္တသိပ်ကြီးတယ်
အဓ္ဓမ အနိုင်ကျင့်ခံနေရတာကို မကြည့်ရက်လို့
ငါ့မိဘကိုတောင် တော်လှန်ခဲ့သေးတာ
အာဏာရှင်ကို တော်လှန်ရတာဟာ
ငါ့အတွက် အသေးအမွှားပါ
ပြန်လမ်းမသေချာတာပဲရှိတယ်
နောက်ကြောင်းပြန်လှည့်တာတော့ ဖြစ်လာမှာမဟုတ်ဘူး
သားမိုက်တစ်ယောက် အာမခံနိုင်တာတော့
သွေးကြွေးဆပ်ရန် ချီတက်ခဲ့တာမို့
ကြေအောင်ပြန်ယူပြီးမှ
အမေ့ရင်ခွင်ကို ကလေးတစ်ယောက်လို
ပြန်တိုးဝှေ့လဲ့မယ်
မသေခဲ့ရင်ပေါ့ အမေရယ်
#နန္ဒ
အမေ့ရင်ခွင်ဆီ ဘေးကင်းစွာပြန်ရောက်ပါစေ...♡
ReplyDeleteမိဘရင်ခွင်ပြန်လည်တိုးဝှေ့နိုင်ပါစေ။ ဖိုက်တင်းပါ ညိုကီတို့ 💪💪💪💪
ReplyDeleteအရာရာအောင်မြင်ပါစေ
ReplyDeleteDone 🍀
ReplyDeleteခိုင်မာတဲ့စိတ်ဓာတ်လေးတွေကို လေးစားပါတယ် ဘေးကင်းစွာနဲ့ တော်လှန်အောင်မြင်တဲ့တနေ့ မိဘရင်ခွင်ဆီ အရောက်ပြန်နိုင်ကြပါစေ🙏💖
ReplyDeleteWheel...........dope.🏹🏹🏹
ReplyDeleteDone
ReplyDeleteဘေးအန္တရာယ် ကင်းကင်းနဲ့ အမေ့ရင်ခွင်ပြန်ခိုလုံခွင့်ရပါစေ🤎
ReplyDeletewe must win 💙
ReplyDeleteDone 💪
ReplyDeleteဘေးကင်းကြပြီး တိုက်ပွဲအလီလီအောင်မြင်ကြပါစေ ညီတို့ ညီမတို့ရယ်
ReplyDelete💪🌟💪
ReplyDeleteDone
ReplyDeleteDone
ReplyDeleteDone 🌵
ReplyDeleteDone
ReplyDelete