A Sweven Elegy from Nature - Chapter (29)
Unicode အခန်း (၂၉) တံခါးကိုဒုန်းခနဲနေအောင်ဆောင့်ဖွင့်လိုက်တဲ့နေသန့်ကိုမည်သူမှမတားကြ။လီယွန်ကဖျာလေးကိုပါးစပ်လေးနဲ့ကိုက်ကာနေသန့်ရှေ့သို့ဆွဲယူလာပေးပြီးစင်သီယာကအထဲသို့အမြန်ဝင်ကာခေါင်းအုံးတချို့ကိုယူလာပေးသည်။ထို့နောက်ထင်းတွေကိုအလျှင်စလိုထည့်ကာမီးဖိုထဲတွင်ရေနွေးတည်လိုက်ပြီးတဘက်တစ်ထည်လဲပြေးကာယူရသည်။ Qu Churchကျောင်းတွင်အခြေအနေမဟန်တော့၍တိတ်တိတ်လေးခိုးကာစင်သီယာ့အိမ်သို့ခေါ်လာရခြင်း။မည်သူမှမနှုတ်ဆက်ခဲ့ရပဲပြာယာပြာယာဖြင့်လဲထွက်လာခဲ့ရသည်။ထလင်းနော့တ်အမျိုးသမီးတွေကလဲဂုဏ်ပြုနေသည်ကိုသဘောကျနေဟန်ဒီနေ့တော့ပျော်ပါးလို့နေသည်။ပြောပြောဆိုဆိုမရှိသောဤသုံးယောက်ပေမို့လူအများအနားစုကာစကားအပိုတွေပြောကြသည်။ "Qu Quအားတင်းထား ကိုယ်ရှိတယ် ကိုယ်ရှိတယ်..." အပေါ်ထပ်ကုတ်အင်္ကျီကိုအလုအယက်ချွတ်ပြီးQuအပေါ်သို့ထပ်ပေးတော့Quကပြုံးသည်။နေသန်ဘာလဲဟုမမေးမိ။ဒီတိုင်းလုပ်စရာရှိတာတွေကိုလုပ်ပေးနေမိသည်။သို့သော်ရေဘက်တိုက်တော့မည်အချိန်တွင်Quကခုနအပြုံးအကြောင်းစကားစလာပါသည်။ "မင်း .. သတို့သား ဝတ်စုံနဲ့အရမ်း..လိုက်..တာပဲ" နေသန်မနေနိုင်တော့တဲ့အဆုံးQuအားဆွဲကာမလိုက်ပြီးမလွှတ်တမ်းဖက်ထားမိသည်။စင်သီယာကရေဘက်တိုက်ရန်တောင်းဆိုသော်လည်းQ